နုနုရည်(အင်းဝ) - အားလုံးငြိမ်ပါ မီးစုံဖွင့်မယ် / အပိုင်း (၁) /စာဖတ်သူ - မင်းလွင် / Min Lwin

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • နုနုရည်(အင်းဝ) - အားလုံးငြိမ်ပါ မီးစုံဖွင့်မယ် / အပိုင်း (၁) /စာဖတ်သူ - မင်းလွင် / Min Lwin
    📖 ဆရာမ နုနုရည်(အင်းဝ) ရဲ့ စာအုပ်တွေနဲ့ ဝေးနေတာကြာပါပြီ။ အခုတော့ အားလုံးငြိမ်ပါ မီးစုံဖွင့်မယ် ဆိုတဲ့ စာအုပ်လေးထွက်လာတော့ အဆင်သင့်စွာပဲ ဖတ်ရပါတော့တယ်။ဒီစာအုပ်ဟာ ဒုတိယအကြိမ်ဖြန့်ချိတာဖြစ်ပြီး ပထမအကြိမ်ဖြန့်ချိစဉ်က စာပေစိစစ်ရေးကြောင့် " မင်းသားသုံးသိန်း၊ မင်းသမီးတစ်သိန်း၊ လူကြမ်းတစ်ရာ " ဆိုတဲ့နာမည်နဲ့ ထုတ်ဝေခဲ့ရတယ်လို ဆရာမအမှာစကားမှာဖတ်ရပါတယ်။ အခုတော့ ဆရာမပေးချင်ခဲ့သော နာမည်လေးနဲ့ ပရိသတ်လက်ထဲ အပ်နှံနိုင်ခဲ့ပြီ။
    📖 ဇာတ်လမ်းကတော့ ကျနော်နဲ့အလှမ်းဝေးတဲ့
    နယ်ပယ်တခုကို ဇာတ်အိမ်တည်ထားတာမို ဖတ်ရတာ ပိုပြီး စိတ်ဝင်စားဖိုကောင်းတာအမှန်ပါပဲ။ရုပ်ရှင်ဖလင်တွေပြတ်တောက်ချိန်မှာ ဗီဒီယိုစျေးကွက်တခုပေါ်ပေါက်လာပြီး အဲ့ဗီဒီယိုလောကကိုအခြေပြုရေးဖွဲထားတာပါ။စကားစပ်လိုပြောရရင် ဗီဒီယိုခေတ်ကို ကျနော်တိုကောင်းကောင်းမှီတယ်ပြောရပါမယ်။ရပ်ကွက်ထဲက ဗီဒီယိုရုံမှာသွားကြည့်ရတာပါ။ ကျနော်တိုခေတ်က မင်းသားမင်းသမီးကတော့ ရဲကိုကိုနဲ့လင်းဇာနည်ဇော်ပေါ့ဗျာ။( ဒါက ခြွင်းချက်)
    📖 ဒီဝတ္တုဟာ ဇာတ်လမ်းဆိုတာထက် ဗီဒီယိုရိုက်ကွင်းပေါ်က ဘဝတွေအကြောင်းလိုပြောရင်တောင် ပိုမှန်ပါလိမ့်မယ်။ ရှုတင်မန်နေဂျာ ကိုစိုး ၊ ဗီဒီယ်ိမင်းသမီး ဒေဝီ ၊ ဒေဝီရဲ့ မိတ်ကပ်ဆရာ ချယ်၊ စူပါမင်းသား တင်ရဲနောင် ၊ ကင်မရာမင်း ဖြိုးဝေ ၊ လူကြမ်း စံဗိုလ်ကြီး တိုရဲ့ ဘဝတွေကို အချိတ်ဆတ်မိမိနဲ့ တင်ပြထားတာ ဖတ်ရပါတယ်။
    📖 အဲ့ဒီအပြင် ကင်မရာအယူအဆတွေ၊ မီးထိုးမှန်ထိုး အလင်းအမှောင်အယူအဆတွေ၊ ဗီဒီယိုကားတကားကို ဘယ်လိုပုံစံရိုက်ကူးရလဲဆိုတာတွေကို အသေးစိတ်ဖော်ပြထားလို ဗီဒီယိုရိုက်ကွင်းတခုကို သွားပြီး လေ့လာကြည့်ရှုရသလိုပါပဲ။
    📖 ဆရာမနုနုရည်(အင်းဝ) ဟာ လူ့ဘဝ။ လူ့ပတ်ဝန်းကျင်အကြောင်းတွေကို ရေးတဲ့အခါ ထဲထဲဝင်ဝင်လေ့လာပြီးရေးတယ်ဆိုတာ သူ့စာအုပ်ဖတ်ဖူးသူတိုင်း သိကြပါတယ် ။ ဒီဝတ္တုဆိုရင်လည်း ဗီဒီယိုလောက၊ဗီဒီယိုရိုက်ကွင်းတွေကို သေချာကွင်းဆင်းလေ့လာပြီး ရေးထားတာပဲ ဖြစ်နိုင်တာမို အပေါ်မှာပြောခဲ့သလို စာဖတ်ရင်း ရိုက်ကွင်းထဲရောက်နေရသလို ခံစားရပါတယ်။
    စိတ်ဝင်စားဖွယ်ရေးသားထားလို့
    သုတရော ရသပါ ပေးစွမ်းတဲ့ စာများပါပဲ။
    အားပေးနားဆင်ကြည့်ကြပါဦး ။
    ကြိုက်နှစ်သတ်တယ်ဆို Like Share Comment လေးတွေနဲ့ အားပေးသွားပါအုံး
    အသစ်တင်တိုင်းသိရအောင် SUBSCRIBE လေးကိုနှိပ်ပြီး ဘေးကခေါင်းလောင်းလေးကိုပါ နှိပ်ပေးခဲ့ပါ ကျေးဇူးအထူးပင်တင်ရှိပါတယ်...
    #နုနုရည်(အင်းဝ)
    #အားလုံးငြိမ်ပါမီးစုံဖွင့်မယ်
    #မင်းလွင် #minlwin
    #တောဝတ္ထုတိုများ
    #အညာဓလေ့
    #မငးလွင်
    #minlwin
    #စာကောင်းပေမွန်များ
    #burmeseaudiobook
    #myanmarnovel
    #myanmar_audiobook
    Audio Books
    Books into Voice ( စာပေဗဟုသုတ ပြည့်စုံကြပါစေ )

ความคิดเห็น • 2

  • @MayMay-pg4vn
    @MayMay-pg4vn 10 หลายเดือนก่อน +1

    Thanks

    • @minlwinab
      @minlwinab  10 หลายเดือนก่อน +1

      😍😍😍