ကျိုက်ထိုတွင် စစ်ကောင်စီစစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်

แชร์
ฝัง
  • เผยแพร่เมื่อ 18 พ.ค. 2024
  • YT(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်နှင့် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF ခရမ်း) ရဲဘော်တဦးထံက သိရသည်။
    ယမန်နေ့(မေလ ၁၈ ရက်)နံနက် ၁၀ နာရီကျော်က ဆီအုန်းခြံလမ်းအတိုင်း အထက်အင်္ဂဘိုရွာဘက်သို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တပ်မဟာ(၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (KNLA)၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေးတပ်ဖွဲ့ (၁)၊ (၂)၊ ရန်ကုန်တိုင်းဒရုန်း တပ်ဖွဲ့တို့က ပြင်းအားမြှင့်ဗုံးသီးသုံးလုံး ဒရုန်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
    “စစ်ကြောင်းထိုးလာတဲ့ အင်အားက ၅၀ နဲ့ ၁၀၀ ကြားပါ။ တိုက်ခိုက်ခံရပြီးတော့ ကစဉ့်ကလျားနဲ့ ထွက်ခွာ သွားပါတယ်၊ ဘယ်ကိုထွက်ခွာသလဲဆိုတာတော့ ပြောရခက်နေပါသေးတယ်” ဟု PDF ခရမ်းမှ ရဲဘော်က ပြောသည်။
    အလားတူ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ဒရုန်းဖြင့် ပြင်းအားမြှင့်ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးငယ်များဖြင့် ပတ်ဝန်း ကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း မြေပြင်ရဲဘော်နှင့် ဒေသခံတဦးထံက သိရသည်။
    ယခုတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်၊ ပျက်စီးမှုများကို မသိရသေးပေ။ KNLA ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။
    ကျိုက်ထိုမြို့နယ်သည် KNU ၏ နယ်မြေသတ်မှတ်ချက်အရ KNU တပ်မဟာ(၁)၊ တပ်ရင်း(၃)နယ်မြေ အတွင်း တည်ရှိသည်။
    စာတည်း။ ။စောဖေ
    #မွန်ပြည်နယ်
    #ကျိုက်ထိုမြို့နယ်
    #KNLA
    #PDFခရမ်း
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

ความคิดเห็น • 22

  • @Chanaye-qk2ju
    @Chanaye-qk2ju 13 วันที่ผ่านมา +4

    ဘေးကင်းကြပါစေ❤သူရဲကောင်းတို့

  • @golf-kn2lw
    @golf-kn2lw 13 วันที่ผ่านมา +4

    ဘေးကင်းအောင်မြင်ကြပါစေသားတို့

  • @siskhwaykiller23
    @siskhwaykiller23 13 วันที่ผ่านมา +4

    ညောင်ခါးရှည်ကိုလဲ မီးလောင်ပြင်ဖြစ်အောင် လုပ်ပေးပါအုံး

  • @phyuphyuwin653
    @phyuphyuwin653 13 วันที่ผ่านมา +1

    👏👏👏👏👏❤

  • @user-ji7ym4dq4b
    @user-ji7ym4dq4b 10 วันที่ผ่านมา +1

    ညောင်ခါးရှည် ဂိတ်ကို တီးပေးအုန်း ဒရုန်းနဲ့

  • @AyeAye-nx3db
    @AyeAye-nx3db 13 วันที่ผ่านมา

    ဟုတ်လား? ခဗျားတို့ကဖင်ယားပြီးထိုင်ကြည့်နေတော့သိတာပေါ့
    ကျုပ်ကတော့ဖင်ယားလို့တောင်ထုံးမတို့အားတော့မသိဘူး

  • @moekhing576
    @moekhing576 13 วันที่ผ่านมา +1

    ❤❤❤❤❤❤👍👍👍👍👍👍

  • @user-tl8ck6er6m
    @user-tl8ck6er6m 13 วันที่ผ่านมา

    မယုံပါ မင်းအောင်လှိုင်းဖမ်းပြ

  • @GbbGhb-tz7gp
    @GbbGhb-tz7gp 13 วันที่ผ่านมา

    ❤❤

  • @dawnmyatmyint4885
    @dawnmyatmyint4885 13 วันที่ผ่านมา

    👍👍👍👍👍🎉🎉🎉🎉🎉❤❤❤❤❤

  • @user-wr3eg5yn8u
    @user-wr3eg5yn8u 13 วันที่ผ่านมา

    ❤❤❤❤❤😊😊😊😊😊

  • @user-wr3jf1pw1y
    @user-wr3jf1pw1y 9 วันที่ผ่านมา

    စစ်ခွေးရဲခွေးတွေယူနီးဖေါင်းမဝတ်ရဲတော့ဘူးသေမှာကြောကနေခွေးသူတောင်းစားတွေ

  • @user-mz2tr8ck3r
    @user-mz2tr8ck3r 13 วันที่ผ่านมา

    မင်းအောင်လိုင်း မယားပါသား စခတွေ သေမှာတော့ကြောက်သာ

  • @uyelay1303
    @uyelay1303 12 วันที่ผ่านมา

    မုပ္ပလင်စစ်ဆေးရေးဂိတ်ကိုမင်းတို့ကပ်လို့တောင်မရဘူး

  • @AyeAye-nx3db
    @AyeAye-nx3db 13 วันที่ผ่านมา

    နင်တို့စကစလဲငါမသိဘူး ဒရုန်းလဲနားမလည်ဘူး fbပေါ်ဖင်တက်မယားတော့ ဘာမှမသိဘူး

  • @user-dc6ue3sf7e
    @user-dc6ue3sf7e 9 วันที่ผ่านมา

    တော်လှန်ရေးအတွက်အနုပာာရှင်တွေရဲ့ပေးဆပ်မှူ

  • @Aye-vr4rm
    @Aye-vr4rm 13 วันที่ผ่านมา

    လေးစာလျှက်ပါ

  • @user-nq8wq4vx9p
    @user-nq8wq4vx9p 13 วันที่ผ่านมา

    🫡🫡