အဆိုတော် ကိုကိုးလီ ကွယ်လွန်မှုနောက်ကွယ်က အမှန်တရားများ - Coco Lee - Scandal Saturday

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • ကမ္ဘာသိ အဆိုတော် တစ်ဦးဖြစ်တဲ့ ကိုကိုးလီဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီသတင်းကြောင့် ကမ္ဘာတစ်ဝှမ်းက သူ့ကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေ ဝမ်းနည်းကြရသလို ကွယ်လွန်မှုအကြောင်းတရားကို သိကြရတဲ့အခါမှာလည်း ပိုပြီး ဝမ်းနည်း တသ ဖြစ်ခဲ့ကြရပါတယ်။ ဒါတင်မကဘဲ ကွယ်လွန်မှုနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ တခြား ဆက်စပ်သတင်းတွေက တရုတ်နိုင်ငံရဲ့ Sing China The Voice China အစီအစဉ်ကိုလည်း ပြဿနာတွေ တက်စေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရှိုးကို လူတွေ ဝိုင်းပြီး boycott လုပ်ကြတဲ့အတွက် အဲ့ရှိုးကို စပွန်ဆာ ပေးနေတဲ့ ကုမ္ပဏီတွေကလည်း နှုတ်ထွက်ခဲ့သလို ကုမ္ပဏီရဲ့ share တန်ဖိုးတွေလည်း အကြီးအကျယ် ကျဆင်းကုန်ပါတယ်။
    ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ်ပဲ ရှိသေးတာ ဖြစ်ပြီးတော့ သူ့ရဲ့ ကွယ်လွန်မှုကြောင့် တရုတ်နိုင်ငံသာမက ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ဂီတပရိသတ်တွေကပါ ဝမ်းနည်းတသဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ကိုကိုးလီဟာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့လည်း မစိမ်းတဲ့ အဆိုတော်တစ်ဦးလို့ ပြောလို့ရမယ်ထင်ပါတယ်။ သူ့နာမည်ကို မသိဘူးဆိုရင်တောင် သူ့သီချင်းတွေနဲ့ သူ့အသံကိုတော့ ကြားဖူးလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ Disney Mulan ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ Reflection သီချင်းကို သူဆိုခဲ့သေးတာ ဖြစ်ပါတယ်။ နောက် Before I fall in Love တို့လိုမျိုး လူသိများခဲ့တဲ့ သီချင်းတွေကိုလည်း ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတော့ သူ့အသံကို အနည်းနဲ့ အများတော့ တနေရာမဟုတ် တနေရာမှာတော့ ကြားခဲ့ဖူးမှာ သေချာပါတယ်။
    ဒီအတိုင်း ပုံမှန်ဆိုရင်တော့ သူ့ရဲ့ ကွယ်လွန်မှုက လူပြောလောက်စရာ မရှိဘူးလို့ ထင်ရပေမယ့် သူကွယ်လွန်ပြီး နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ ကျန်းမာရေး၊ အိမ်ထောင်ရေးနဲ့ အထူးသဖြင့် The Voice China နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက လူတွေကို စိတ်ဝင်တစား ဖြစ်စေခဲ့သလို နှမျောတသ ဝမ်းနည်းစေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီအကြောင်းအရာတွေကို ဒီကနေ့ ကျွန်တော်တို့ရဲ့ Scandal Saturday အစီအစဉ်ကနေ ပြောပြ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
    အိုခေ။ ကျွန်တော်တို့ ပထမဆုံး ကိုကိုးလီရဲ့ ဘဝဇာတ်ကြောင်းနောက်ခံကို ပြောပြဖို့ရာ လိုအပ်ပါတယ်။ ကိုကိုးလီကို ဇန်နဝါရီလ ၁၇ ရက်၊ ၁၉၇၅ ခုနှစ်မှာ ဟောင်ကောင်မှာ မွေးဖွားခဲ့တယ်လို့ အများက ဆိုကြပါတယ်။ ဒါပေမယ့် နောက်ပိုင်း ထွက်ပေါ်လာတဲ့ အကြောင်းအချက်တွေအရ သူ့ကို တရုတ်ပြည်မကြီး ဝူဟန်ဒေသမှာ မွေးဖွားခဲ့တယ်လို့လည်း ဆိုကြပြန်ပါတယ်။ ကိုကိုးလီ ပိစိညှောက်တောက် လသားလေးအရွယ်မှာ ဝူဟန်ကနေပြီးတော့ ဟောင်ကောင်ကို မိသားစုလိုက် ပြောင်းရွှေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကိုကိုးလီမမွေးခင်မှာပဲ သူ့ဖခင်က ကွယ်လွန်သွားခဲ့တာ ဖြစ်တဲ့အတွက် အမေဖြစ်သူကပဲ သူ့ကို ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ မွေးချင်းသုံးယောက်ရှိပြီးတော့ သူက အငယ်ဆုံးသမီးဖြစ်ပါတယ်။ သူ့မှာ Carol နဲ့ Nancy လို့ ခေါ်တဲ့ အစ်မ နှစ်ယောက်ရှိပါတယ်။
    ကိုကိုးလီရဲ့ ငယ်ဘဝကို ဟောင်ကောင်မှာပဲ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့အသက် ဆယ်နှစ်သမီးလောက်မှာတော့ အမေရိကန်နိုင်ငံက San Francisco ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းဆက်တက်ခဲ့တယ်ပေါ့။ Coco Lee က စာတော်တဲ့ ထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။
    အထက်တန်းကျောင်းပြီးတော့ သူ့အသက် ၁၈ နှစ် တက္ကသိုလ် တက်ချိန် ရောက်တော့ University of California, Irvine မှာ ဆေးကျောင်းတက်ဖို့အတွက် ကျောင်းအကြိုတက်ပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ အာရှ မိသားစုတွေအတွက် သိပ်ပြီး ထူးဆန်းတဲ့ ကျောင်းရွေးချယ်မှုလို့တော့ ပြောလို့ရမယ် မထင်ဘူး။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဒါမှမဟုတ် ရှေ့နေကျောင်းတက်ဖို့ပဲ ဖိအားပေးကြတာများတယ်လေ။ ဒါပေမယ့် အဲ့လိုပြောလို့ ဆေးကျောင်းတက်ဖို့ ကိစ္စက သူ့မိဘက ဖိအားပေးလို့ ဆိုတာမျိုး မဟုတ်ဘဲ သူကိုယ်တိုင်ကလည်း စိတ်ဆန္ဒ ရှိတယ်တဲ့။ သူ့အမေက အောင်မြင်တဲ့ ဆရာဝန်တစ်ယောက်လို့လည်း သိရပါတယ်။ အဲ့ဒီတော့ အမေ့ကို ကြည့်ပြီး အမေ့လိုမျိုး ကိုကိုးလီကိုယ်တိုင်ကလည်း ခွဲစိတ်ဆရာဝန် ဖြစ်ချင်တဲ့ ဆန္ဒက ငယ်ငယ်ကလေးထဲက ရှိတယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် Coco Lee တစ်ယောက် ဒီဆေးကျောင်းဆက်တက်ဖို့ထက် အနုပညာလောကထဲကိုပဲ ရောက်ဖို့ရာ လမ်းကြောင်းတွေ အကြောင်းတွေကလည်း ဖန်လာခဲ့ပါတယ်။
    ပထမအချက်တစ်ခုက သူ့အသက် ၁၆ နှစ်အရွယ်၊ အထက်တန်းကျောင်း တက်နေတုန်းအရွယ်မှာ San Francisco တရုတ်တန်းမှာ လုပ်တဲ့ အလှမယ်ရွေးပွဲ၊ Miss Teen Chinatown San Francisco ကို ဝင်ပြိုင်ခဲ့တာမှာ မယ်ဘွဲ့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်းကတည်းက သူ့ရုပ်ရည်က ချောမောပြီးတော့ တမူထူးခြားတဲ့ပုံစံ ကွဲထွက်နေခဲ့တာ။ ကိုကိုးရဲ့ ပင်ကိုသဘာဝပုံစံက ရှက်တတ်တယ်။ အနေအေးတယ်။ အဲ့ဒီတော့ အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ဆိုတာ စိတ်ကူးထဲမှာတောင် မရှိခဲ့တဲ့အရာလို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သူက အတန်းခေါင်းဆောင်တဲ့။ စာတော်ပြီး လိမ္မာတဲ့ ကိုကိုးကို သူတို့ကျောင်းက ဆရာက အတန်းခေါင်းဆောင် ခန့်ထားလိုက်တာ။ အဲ့လို ခန့်ထားတဲ့အခါမှာ အတန်းထဲက လူတွေနဲ့ ကျောင်းကလူတွေကလည်း သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျတယ်တဲ့။ ကိုကိုးက ရုပ်ရည်သွင်ပြင်အရလည်း နှစ်လိုဖွယ်ရှိသလို အပြောအဆိုလည်း လူသဘောကျအောင် ပြောတတ်ဆိုတတ်တယ်ပေါ့။ အဲ့ဒီမှာ ကျောင်းအုပ်ကြီးက သူ့ကို သူတို့ကျောင်းကိုယ်စားပြုပြီး ဒီမယ်ရွေးပွဲ ဝင်ပြိုင်ဖို့ စာရင်းသွင်းပေးလိုက်တာနဲ့ ဝင်ပြိုင်ဖြစ်သွားခဲ့တာ။ ပြိုင်တော့လည်း မယ်ဘွဲ့ရသွားတယ်ဆိုတော့ တရုတ်တန်းမှာ သူက လူသိများတဲ့ အပျိုမလေး ဖြစ်သွားတာပေါ့။
    အနုပညာလောကထဲ ဝင်ဖို့ စိတ်ကူးမရှိတဲ့ အမေ့လို ဆရာဝန်လုပ်ပြီး အောင်မြင်တဲ့ ခွဲစိတ်ဆရာဝန် ဖြစ်ချင်တဲ့ ကိုကိုးအတွက် အနုပညာလောကထဲ ဝင်ဖို့ရာ အကြောင်းတွေက အလိုလို ရောက်လာခဲ့ပါတယ်။
    #storybears #storybearsmm #scandalsaturday #myanmar

ความคิดเห็น • 146

  • @StoryBearsMM
    @StoryBearsMM  4 หลายเดือนก่อน +20

    Coco Lee - Tragic
    th-cam.com/video/2fBXMyuJzM0/w-d-xo.htmlsi=jAyXx4OZp7MJK57Y
    Coco Lee - Battle Song
    th-cam.com/video/DWm14Asb0Y0/w-d-xo.htmlsi=JuJPIGk9-chnpoB0

    • @jinjin7938
      @jinjin7938 4 หลายเดือนก่อน +2

      သူ့သီချင်းပြန်နားထောင်ရင်တောင်အရမ်းကောင်းလို့ကြက်သီးတောင်ထတယ်၊သူများရဲ့အားနည်းချက်ကိုခုတုန်းလုပ်ပြီးအရှက်ခွဲချင်တဲ့လူမဆန်တဲ့လုပ်ရက်တွေကိုကြားရတော့ခံပြင်းဒေါဒထွက်စိတ်မကောင်းဖြစ်ရပါတယ်၊အဲ့လိုလုပ်လိုက်နိုင်တာကိုယ့်အတွက်ဘာကောင်းကျိုးရှိသွားလို့လည်းခံလိုက်ရတဲ့သူတော့အသက်တစ်ချောင်းတောင်ပေးလိုက်ရတာနော်၊😭

  • @sansola3819
    @sansola3819 4 หลายเดือนก่อน +5

    ကိုယ်အနေနဲ့ပြောရရင်
    ကျမ်းမာရေးထက်
    အောင်မြင်မှူ့ကို
    ပိုပြီးမက်မောခဲ့လို့ထင်တယ်
    ရွေးချယ်မှူ့တွေအများကြီးမှားခဲ့တယ်ထင်ပါတယ်
    ကိုယ်သာ
    သူ့လိုမသန်းစွမ်ခဲ့ရင် ဆရာဝန်ဘဝကိုဘဲရွေးချယ်ခဲ့မိမှာ
    ဒါပေးမဲ့သူက
    အောင်မြင်မြင်မှူ့ကိုပိုမက်မောတယ်
    နောက်ပြီ
    အိမ်ထောင်ရေး
    ရွေးချယ်မှူ့လဲမှားခဲ့တယ်

  • @leanerlwin6757
    @leanerlwin6757 4 หลายเดือนก่อน +5

    အခု video ကြည့်မှ သူမကို သိခဲ့ရပေမယ့် CoCo တစ်ယောက် နောင်ဘဝတွေမှာ သူအဖြစ်ချင်ဆုံး မိခင်တစ်ယောက်ဖြစ်ခွင့်ရပြီး သာယာပျော်ရွှင်ရတဲ့မိသားစုဘဝကိုသာပိုင်ဆိုင်ပါစေဆုတောင်းပါတယ်

  • @hdsgrace8840
    @hdsgrace8840 4 หลายเดือนก่อน

    It's so tragic . She's got woeful happenings in that situation and she died so young.💔 Missing you 💙COCO LEE 💙✨✨🌟✨✨❤️💜💙🕊️🙏

  • @Trixie65
    @Trixie65 4 หลายเดือนก่อน +1

    Co Co Lee အရမ်းကြိုက်

  • @TracyAwng
    @TracyAwng 3 หลายเดือนก่อน

    စိတ်တော့ဝင်စားတယ် ဒါပေမဲ့လိုတိုရှင်းမပြောလိုရင်းမရောက်ဘူး သူများအတင်းပြောတာဘဲ နာရီဝက် ၄၅မိနစ်ကြာအောင်ပြောနိုင်တာ နားထောင်ချင်ပေမဲ့အချိန်အဲ့လောက်မပေးနိုင်လို့နားမထောင်တော့ဘူး😁

  • @userwij2bo9vh3nlln
    @userwij2bo9vh3nlln 2 หลายเดือนก่อน

    ❤နားထောင်လို့ကောင်းလိုက်တာ❤

  • @minkabar
    @minkabar 4 หลายเดือนก่อน

    di da di❤သချင်းကြိုက်တယ်

  • @VivoYs-em8ep
    @VivoYs-em8ep 4 หลายเดือนก่อน

    သဘောကျအားပေးလျက်ပါ🎉
    အတုယူစရာ အများကြီးရခဲ့ပါတယ်..
    သေဆုံးသွားတော့ ဝမ်းနည်းရပါတယ်

  • @aprillulu4870
    @aprillulu4870 4 หลายเดือนก่อน

    Sad story.............

  • @htitchone6037
    @htitchone6037 4 หลายเดือนก่อน

    ❤🎉thank you so much bro....❤🎉

  • @nangayekham5445
    @nangayekham5445 4 หลายเดือนก่อน +1

    လိုရင်းပြောပါ

  • @foethar748
    @foethar748 4 หลายเดือนก่อน

    ကောင်းတယ်ဗျ

  • @thidarayethidaraye8306
    @thidarayethidaraye8306 3 หลายเดือนก่อน

    teresa tang​ တန်လီဂျင်း အ​ကြောင်လည်း​ပြောပြ​ပေးပါ​နော်
    ​ကျေးဇူးတင်ပါတယ်ရှင်

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน

      ဟုတ်ကဲ့ခင်ဗျ။

  • @SkyLine-b1x
    @SkyLine-b1x 4 หลายเดือนก่อน

    နားထောင်ကောင်း ချက်အေ

  • @MaKhaing-r6y
    @MaKhaing-r6y 4 หลายเดือนก่อน

    ❤❤❤

  • @jeffery-r1l
    @jeffery-r1l 2 หลายเดือนก่อน

    Covid 19 ကလဲ Co Co ကိုထိခိုက်နိုင်သည်မဟုတ်လား။ Covid ကဘယ်ငူကထွင်သည်က အမေရီကန် Maryland lab ကဖြစ်သည်

  • @jinjin7938
    @jinjin7938 4 หลายเดือนก่อน

    Co Co Liအရမ်းကြိုက်တဲ့အဆိုတော်ပါ

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      တူတူပဲ။

  • @thunaysoe9168
    @thunaysoe9168 4 หลายเดือนก่อน

    ဘုရားသ္ခင်က အပြစ်ဒဏ်ချမှတ်လိုသည့်အခါ _ ဘဝကိုအကောင်းဆုံးတွေပေးခဲ့လေသတဲ့•••

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      🥲🥲🥲

  • @soethiha-1985
    @soethiha-1985 4 หลายเดือนก่อน

    😢😢😢

  • @mghar1019
    @mghar1019 4 หลายเดือนก่อน

    ကျေနပ်မိပါတယ်

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @mgsawhtoot.g.i
    @mgsawhtoot.g.i 4 หลายเดือนก่อน

    🙋...Hello brother 🔥

  • @nan88-wz2mn
    @nan88-wz2mn 4 หลายเดือนก่อน +1

    တရုတ်ဆို kokolee မြန်မာကတော့ အမ ဖြူဖြုကျော်သိန်းပေါ့ ဒါမဲ့ ငါတို့အမက ဘုရင်မဘဲ အသားမဲမေမဲ နှလုံးဖြူစွပ်နေတာ ဘောမတွေတောင် ဒူးတုန်ရတယ်

  • @winelay-hb1vb
    @winelay-hb1vb 4 หลายเดือนก่อน +1

    အ့ဒါဘာလုပ်ပေးရမလဲဟင်..😊
    ဘာသံဝေဂယူစရာရှိလို့လဲဟင်😊
    အဲ့သတင်းတွေထက် လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုယ့်နိုင်ငံ သတင်းတွေသာ အချိန်နဲ့တပြေးညီတင်ပေးရင်..ဝမ်းသာမိမှာ ..
    အကို့ရဲ့လေ့လာမူ့အားကလည်း
    သူများHistoryကြီးတွေ တကူးတက မြေလှန်ရှာရတဲ့ တန်ဖိုးကြီးသမိုင်းဝင် အကြောင်းတရားတွေပေါ့နော်..😊
    မှတ်သားလောက်ပီး ဗဟုသုတတွေလည်းရပါတယ်..ပြောရင်လည်း...ဘလိန်းတယ်..စောက်ကြီးစောက်ကျယ်တွေပြောတယ် လို့...ပြောခံရဦးမယ်...အားမပေး..လက ်မခံရင်
    မကြည့်ပါနဲ့ညီမတို့...နင်ကဘာကောင်မမို်လို့လဲတို့...ခပ်တုံးတုံး
    အကို့Fanတွေက ေပြာတာခံရဦးမယ်...အဓိကကတော့...ပြောချငိတာက....ဘာမှအရေးမပါတာကိုဒေတာအကုန်ခံ အချိန်ကုန်ခံတငိပြပီး လူသိခံချင်မ​ေနပါနဲ့...သမိုင်းဝင် Hero ladyလဲမဟု..
    သူ့အကြောင်းပြောပြရတဲ့ရည်ရွယ်ချက်က ဘာလဲ🙄
    ဘာကိုသိစေချငိတာလည်း
    ဘာ ရသ ရစေချင်
    ဘာဗဟုသုတ ရစေချင်
    ဘာသံဝေဂ ယူစေချင်တာလည်း
    Somethingတော့Somethingပဲ😂😂😂

    • @SaungPyaePyaeSan
      @SaungPyaePyaeSan 4 หลายเดือนก่อน +4

      ဒီလိုအရာတွေပဲပြောတဲ့သူကို ဒါပြောလို့ ဝေဖန်ရင်တော့ ရူးနေလို့ပဲပေါ့ မကြည့်ချငိမကြည့်လို့ရတယ်လေ ဘာတွေ ဂေါက်ထ

    • @winelay-hb1vb
      @winelay-hb1vb 4 หลายเดือนก่อน

      @@SaungPyaePyaeSan ငါပြောတာ နင်လည်းနားမလည်ရင် လာမဝေဖန်တဲ့လေနော်....နင့်လည်းမပြောဘဲ ကြားညှပ်ဝင်အူနေထဲက ငါကဂေါက်တာလား နင်က ၉၉ပြားလားပဲ စောက်brainကမရှိ သူများဘာကိုဆိုလိုချင်မှန်းမသိဘဲ...
      ဘာတွေလာပြော pro ဂေါက်ပလပ် ရေ...😂😂😂

    • @kyimaw9204
      @kyimaw9204 4 หลายเดือนก่อน

      ​@@winelay-hb1vb နင်တို့မလဲ ဘယ်သူဘာလုပ်လို့မှ စောက်ပြစ်က မလွတ်ဘူး လူတိုင်းက ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာ အလကားနေ နင်တို့စိတ်ကြိုက်ဖြစ်အောင်ဘဲ လုပ်ပြနေရမှာလား မယောင်ရာဆီလူးတွေ ကိုယ်ရေးတဲ့စာ ကိုယ့်ဟာကိုယ် ပြန်ဖတ်ကြည့်အုန်း ဂေါက်တာထက်ကို ပိုနေပြီ

  • @yeaung6116
    @yeaung6116 4 หลายเดือนก่อน

    Bro ကတရုတ်လူမျိုးလားခင်ဗျ။😊

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      ကျွန်တော်က ပိုလာဝက်ဝံမျိုးပါခင်ဗျာ။ 😊

  • @stupidninja1099
    @stupidninja1099 4 หลายเดือนก่อน

    သူနဲ့ နီနီခင်ဇော် နဲ့ ဘယ်သူပိုကြမ်းမလဲ

    • @twoz8107
      @twoz8107 4 หลายเดือนก่อน

      တခြားစီပါကွယ်

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +3

      မယှဉ်သင့်တာတွေကို။ ကိုကိုးနာမည်မေးလိုက်ရင် တရုတ်ပြည် တစ်ပြည်လုံးသိ၊ ဟောင်ကောင်ထိုင်ဝမ် မလေးရှား စင်္ကာပူ ဒါက အာရှပဲ ရှိသေးတယ်။ အနောက်နိုင်ငံတွေကိုတောင် ထိုးဖောက်နိုင်ခဲ့တဲ့ အဆိုတော်ကို။

  • @sandertint6620
    @sandertint6620 4 หลายเดือนก่อน

    သူမဘဝကသနားစရာသံဝေကရစရာဘဲနော်

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      ဟုတ်ပါတယ်ခင်ဗျာ။

  • @kaykhaingsu-p9o
    @kaykhaingsu-p9o 4 หลายเดือนก่อน +1

    ရှည်တာ ဟယ်

  • @sweswemyint9174
    @sweswemyint9174 4 หลายเดือนก่อน +4

    တ ရုပ် လေ တ ရုပ် သိပ် ယုတ် မာ တယ်

  • @shweyihtun7572
    @shweyihtun7572 4 หลายเดือนก่อน +15

    ပီအိုက် အမြဲအားပေးနေတယ်နော် ကျနော်တို့ရှမ်းမျိုးရှမ်းနွယ်တွေအတွက်အမြဲဂုဏ်ယူနေပါတယ်ဗျာ။ ကြိုးစားပေးပါနော် ပီအိုက်ရေ❤❤🎉🎉

  • @twoz8107
    @twoz8107 4 หลายเดือนก่อน +3

    ကြိုက်ပါတယ်cocoကိုကြည်ဘူးတယ်performလည်းကောင်းတယ်စိတ်မကောင်းဖြစ်ရပါတယ်

  • @pokkymon-l5b
    @pokkymon-l5b 4 หลายเดือนก่อน +3

    တယုတ်ကသူ့လူမျိုးချင်းတောင်ယုတ်မာကောက်ကျစ်တာ..ဘမာပြည်ဆိုစဥ်းစားကြည့်

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      😢😢

    • @jinifferlorashakenniferlorasha
      @jinifferlorashakenniferlorasha 2 หลายเดือนก่อน

      အစစ်ပေါ့ခုလက်ရှိက္ဘာသိမ်းသတ်နေတာသာကြည်အနောက်အုပ်စုက်ုအသေသတ်အိုကြအးစီးနေတာသမတထရမ့်တောင်သူတု့ု်ကံခိုင်းတာကြည့်လေသမတထရမ့်မသာနေလို့သူ့မူးယစ်နယ်ရုပ်သမတမဲမနိုင်မှာကြောက်တာမို့လေ ခုကိုကိုလဌကလည်းသူတို့တယုတ်အစိုးရအမိန့်ကိုအာခံလို့သတ်ပြစ်တာလေကမ္ာလူသားတွေမပြောနဲ့သူတို့တယုတ်မိျုးချင်းတောင်သူတို့မူးယစ်အစိုးရရဲ့China One policy mission အမိန့်ကိုလွန်ဆန်အာခံရင်ဂျမာလိုသူဌေးတောင်အကျယ်ချုပ်ထားသေတာသူတို့တယုတ်မူးယစ်အစိုးရယုတ်မာနေတာက္ဘာသိအောင်ဖွင့်ချမစိုးလို့နုတ်ပိတ်ခံရတဲ့သူတို့တယုတ်မှန်သမျှအကုန်တယောက်မကျန်သတ်ပြီးရင်ကမ္ဘာ့ပြည်သူကိုသူတို့မီဒီတွေနဲ့လိမ်ခိုင်းနေကျလေခိခီ😂😂😂😂😂😂😂😂

  • @ChoThae-n2s
    @ChoThae-n2s 2 หลายเดือนก่อน

    ကျွန်မ ထင်တာပေါ့နော် ရှင်က အလွန်ဆုံး ရှိလှ ၃၀ ပေါ့လို့ ထင်မိတာ😂

  • @nainglinn3064
    @nainglinn3064 หลายเดือนก่อน

    ကမ္ဘာပေါ်မှာ စိတ်ပုတ်စိတ်ယုတ်ဆုံးက တရုတ်လူမျိုးပါ 😡😡😡😡

  • @christmoowah
    @christmoowah 4 หลายเดือนก่อน +1

    singchina တရော်ကုတ်တွေက စီးပွားရေးဆန်တဲ့ပြိုင်ပွဲပါ အောက်တန်းကျ

  • @nilarlinn
    @nilarlinn 4 หลายเดือนก่อน +1

    အမြဲအားပေးးလျှက်ပါ။ သေသေချာချာရှင်းပြပေးတဲ့အတွက်ကျေးဇူးပါ🎉🎉🎉😊

  • @OoLay-kl3tb
    @OoLay-kl3tb 3 หลายเดือนก่อน

    နားထောင်ကောင်းအောင်ပြောတတ်တယ်အားပေးနေပါတယ်

  • @SaungPyaePyaeSan
    @SaungPyaePyaeSan 4 หลายเดือนก่อน +2

    အကိုရေ ကျပ်မပြည့်တဲ့သူတွေရဲ့ မန့်တွေကို မဖတ်နဲ့နော် ❤

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +3

      အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်။ အဲ့လို comment တွေက ကျွန်တော့်အတွက်တော့ ရယ်စရာတွေလိုပါပဲ။

  • @yawai3744
    @yawai3744 4 หลายเดือนก่อน +3

    တရုတ်တွေအကျင့်ဘဲလေ။ကောက်ကျစ်တတ်တာ။

  • @ThiriAung-xu8up
    @ThiriAung-xu8up 4 หลายเดือนก่อน +5

    ကောင်းပါတယ်
    အချိန်ကျူံ့လိုက်ပါ
    ရှည်ကြာလွန်းတယ်

  • @morrisbrian8528
    @morrisbrian8528 4 หลายเดือนก่อน +4

    ခေတ်ပျက်ချိန် ခွေးတိုးပေါက်က ဝင်ဘို့ ကြိုးစားနေတဲ့ ဝင်နေပြီးသားဖြစ်ကြတဲ့ ဖက်ခွက်စား အနုပညာရှင် Cele တွေနဲ့ ဘောမ အနုပညာရှင်တွေ အကြောင်းကိုမတင်ဆက်ရင် Support လုပ်မယ်။

  • @TanTanMyanmarOfficial
    @TanTanMyanmarOfficial 4 หลายเดือนก่อน

    ငယ်ငယ်က သူသီချင်းတွေနဲ့ ကြီးပျင်းခဲတာ အရမ်းလှ အရမ်းအဆိုကောင်း သော th-cam.com/video/H1oVbZpB-ds/w-d-xo.htmlsi=UkP097miZIcOHpmp

  • @marylyn4310
    @marylyn4310 4 หลายเดือนก่อน

    Coco ကို စသိတာ the voice of China မှာ Lionel Richieနဲ့ endless love သီချင်းကို စုံတွဲဆိုတာကနေ စသိခဲ့တာပါ အသံအရမ်းကောင်းပါတယ်

  • @nangkhaung1072
    @nangkhaung1072 3 หลายเดือนก่อน

    ခေါင်းတွေ ခန္တာတွေ ပြုတ်ကြကုန်မယ် ခများတင်ဆက်တာ ကြည့်ပြီး မူးပြီးပြစ်လဲ သွားတယ် ငြိမ်ငြိမ်လေးနဲ့ တင်ဆက်လို့ မရဘူးလား

  • @nyanwinnsann5831
    @nyanwinnsann5831 3 หลายเดือนก่อน

    ယုတ်မာတဲ့နေရာမှာကမ္ဘာ့အဆင့်(၁)တရုတ်ကိုလူယုတ်မာဂင်းနစ်မှတ်တမ်းသာရှိရင်တရုတ်လူမျိုးတွေပဲအမြဲရမှာကိုယ်ချင်းစာစိတ်မရှိတဲ့နေရာမှာလဲအဆင့်(၁)ပဲ

  • @MgTun-pz4ti
    @MgTun-pz4ti 4 หลายเดือนก่อน

    တရုတ်တွေက သူများနိုင်ငံတွေအပေါ်မှာတင် ကောက်ကျစ်တယ်လို့ထင်နေတာ အခုတော့ တရုတ်အချင်းချင်းလည်း ကောက်ကျစ်တာပဲဆိုတာ သိလိုက်ရတ့ဲအတွက် ကျေးဇူးတင်ပါတယ် နောင်ကို ဘယ်တော့မှ စောက်တရုတ်တွေန့ဲ အရောတဝင်မလုပ်နော့ဘူး အစ်ကိုရေ

  • @ZauLaiLasaw
    @ZauLaiLasaw 4 หลายเดือนก่อน

    ကျေးဇူးပါတင်ဆက်ပေးတဲ့အတွက်နောက်ပြီးပညာရှင်ကြီးဂျက်မာအကြောင်းလည်းတင်ပြပေးစေလိုပါတယ် ဆရာနဲ့စပ်ဆိုင်သူအားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေ

  • @thidalin8419
    @thidalin8419 4 หลายเดือนก่อน +1

    နေရာတိုင်းမှာ လူယုတ်မာတွေရှိတယ်နော်။သနားပါတယ်😢😢😢

  • @NweNweKhing-kh5bw
    @NweNweKhing-kh5bw 4 หลายเดือนก่อน

    Wherever you go ဆိုတဲ့သီချင်းနဲ့ coco lee ကိုသိခဲ့တာ ၁၈ နှစ်လောက်ရှိခဲ့ပြီ ဝမ်းနည်းပါတယ်ဗျာ

  • @yezaw1502
    @yezaw1502 4 หลายเดือนก่อน

    Coco ဆိုတဲ့တစ်ယောက်ကရော ဒီလောက်ယုတ်နေတာကို ဘာကိစ္စဆက်လုပ်နေသေးလဲ ကလေးတွေကို ကြည့်တယ်ဆိုရင်လဲ တခြားနည်းတွေ မရှိနေလို့လား...

  • @junejuly-fg9yd
    @junejuly-fg9yd 3 หลายเดือนก่อน

    လောကအကြောင်းသိဖို့လိုအပ်ခဲ့တာ လူငယ် လူအို လူနာ လူသေ ရဟန်ပေါ့ သူမသိခဲ့တာ

  • @Kylie344
    @Kylie344 2 หลายเดือนก่อน

    အာရှသား​တွေရဲ့အကျင့်😢 ယုတ်မာ လာဘ်ယူ အနုပညာကို​ရောင်းစား

  • @khatartun4564
    @khatartun4564 3 หลายเดือนก่อน

    လိုရင်းကိုထိထိမိမိလေးပြောပေးရင်ပိုကောင်းမယ်ထင်ပါတယ် နားထောင်လို့အရမ်းကောင်းပါတယ် ကျေးဇူးပါ😊

  • @monywarfoolish6739
    @monywarfoolish6739 4 หลายเดือนก่อน +1

    ဟိုတုန်းက နာမည်မှာ တက္ကသိုလ် အဆောင်နာမည်ပါတဲ့ နာမည်ကြီး စာရေးဆရာမကြီးလဲ အဲ့လိုဖြစ်တာနေမယ် ။ အဲ့ခေတ်က it က မဖွံ့ဖြိုးတော့ ဒိတိုင်းပီးသွားရတာဖြစ်မှာ ။

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +1

      ဟုတ်မယ်ထင်တယ်နော်။ အဲ့ဒီစာရေးဆရာမအကြောင်း ပြောတာဆိုတာတွေ မကြားဖူးဘူးရယ်။ ဒီတိုင်းရိုးရိုးတန်းတန်းကွယ်လွန်သွားခဲ့တယ်ပဲထင်နေတာ။

    • @monywarfoolish6739
      @monywarfoolish6739 4 หลายเดือนก่อน

      @@StoryBearsMM မေမေတို့ပြောတာ သူ့အမျိုးသားဖောက်ပြန်တာ ဆရာမကြီးက နှလုင်္းဆေးလား အိပ်ဆေးလား အလွန်အကျွံသောက်လိုက်တယ်ပြောတယ်။ နှလုံးရောဂါအခံလဲ ရှိတယ်တဲ့။ နှလုံးရောဂါနဲ့ဆုံးတယ် နာမည်တပ်လို့ရသွားတာပေါ့ ။ ဆုံးတော့ ၄၈ လောက်ပဲလားမသိဘူး အရွယ်ကောင်းတုန်း ။ဆရာမကြီးစာတွေ အရမ်းကြိုက်တာ ။ depressionက လူတွေကို သတ်နိုင်တာနော်

    • @monywarfoolish6739
      @monywarfoolish6739 4 หลายเดือนก่อน

      @@StoryBearsMM မေမေတို့ပြောပြလို့သိရတာ အဲ့တုန်းကITမထွန်းကားတာလဲပါမယ် ၊ စာပေဆုတွေရပီးခါမှ အရွယ်ကောင်းတုန်း ခု ဒီအဆိုတော်အရွယ်လောက်ပဲ ၊ ဆရာမက နှလုံးရောဂါအခံလဲ ရှိတော့ နှလုံးရောဂါလိုလို လုပ်လိုက်ကြတယ်ပြောတယ်၊

    • @kyimaw9204
      @kyimaw9204 4 หลายเดือนก่อน

      ​@@monywarfoolish6739 ဘယ်ဆရာမလဲ ပြောပြပါအုန်း

  • @khinmarlar2900
    @khinmarlar2900 4 หลายเดือนก่อน

    အေးတရုတ်တွေရုတ်တာမင်းပြောဒို့မပြောဘူးကိုးကိုးကမြန်မာမလေးလိုပဲလှတယ်နော်ကြိုက်တယ် အားပေးတယ်

  • @army-z4b6r
    @army-z4b6r 4 หลายเดือนก่อน

    channel စဖွင့်ကတည်ကခုထိတင်တိုင်မလွတ်ဘူး ရှင်ပြတာ အရမ်းနာလည်ရတယ်

  • @UPhay-x2x
    @UPhay-x2x 3 หลายเดือนก่อน

    အသက်လည်းထွက်သွားအုံးမယ် မင်းအစားမောလိုက်တာ..။

  • @stst1516
    @stst1516 4 หลายเดือนก่อน +1

    အားပေးနေပါတယ်❤❤❤

  • @hlyanpyaeaung3429
    @hlyanpyaeaung3429 4 หลายเดือนก่อน

    kurt cobain အကြောင်းလေးပြောပေးပါဗျာ

  • @sophiamaymoe8291
    @sophiamaymoe8291 4 หลายเดือนก่อน +1

    သူ့သီချင်းဖွင့်ပြပေးပါလား

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      သီချင်းကို ဗီဒီယိုထဲမှာတော့ ဖွင့်ပြပေးလို့ မရပါဘူးခင်ဗျာ။ မူပိုင်ခွင့်နဲ့ ငြိနေတဲ့အတွက်ပါခင်ဗျာ။

  • @MinLu-k3d
    @MinLu-k3d 9 วันที่ผ่านมา

    😢😥😭

  • @interintet5380
    @interintet5380 4 หลายเดือนก่อน

    ဘာမှမဆိုင်ဘူးလေ ဆရာဝန်ကပြန်မသွားနဲ့ပြောတာတောင်သူကခေါင်းမာပီးပြန်သွားတယ်သူ့တန်ဖိုးကိုသူကိုယ်တိုင်ချနင်းလိုက်တာဘဲလေ ဒီလိုယုတ်မာနေတာကိုသိနေရက်နဲ့သူ့ကျော်ကြားမှုကိုသုံးပီးတစ်နိုင်ငံလုံးသိအောင်ဖော်ထုတ်ရမယ်သူကစေတနာရှင်ကြီးဖစ်ချင်တာရယ်ခေါင်းမာတာရယ်ကြောင့်သူ့အပြစ်သူခံရတာဘဲ ခေါင်းမမာသင့်တဲ့အချိန်မှာခေါင်းမာတယ်အမှန်ကိုဖော်ထုတ်ရမဲ့အစားအမှားကိုအားပေးသလိုလုပ်ခဲ့လို့လူယုတ်မာတွေအနိုင်ရပီးပညာပေးတာခံရတာဘဲလေသူကယုတ်မာတဲ့ပြိုင်ပွဲဆိုတာသိသိကြီးနဲ့စေတနာဆိုတဲ့ခေါင်းစဉ်တတ်ပီးလူယုတ်မာတွေကြီးစိုးနိုင်အောင်အမှားတွေကိုအားပေးသလိုလုပ်လိုက်တယ် သူ့အပြစ်သူခံရတာဘဲထိုက်တန်ပါတယ် တရားသောယှဉ်ပြိုင်မှုဖစ်အောင်သူအောင်မြင်မှုကိုအသုံးချပီးလူယုတ်မာတွေကိုဖော်ထုပ်ပီးအမှားတွေဖော်ထုတ်ပီးတရားသောယှဉ်ပြိုင်မှုဖစ်အောင်လုပ်ခဲ့သင့်တယ်သူလုပ်နိုင်ပါတယ် ဒါပေမယ့် သူ့ဆုံးဖြတ်ချက်မှားပီးမလုပ်သင့်တာလုပ်ခဲ့တယ်

  • @လူမိုက်-စ၃ဘ
    @လူမိုက်-စ၃ဘ 20 วันที่ผ่านมา

    😊

  • @mawar9392
    @mawar9392 4 หลายเดือนก่อน

    Coco ကအရမ်းချောတယ်။❤

  • @julianweaye9671
    @julianweaye9671 4 หลายเดือนก่อน

    တကယ်တော့ Cocoကို sing china က ဟာတွေက မနာလိုလဲဖြစ် အာနာလဲပြချင် အကျင့်တွေကလဲမကောင်း အာ့လိုဖိတာ

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +1

      အဲ့လိုဖြစ်မယ်နော်။ တော်တော်ဆိုးတဲ့လူတွေ။

  • @nlssoe
    @nlssoe 4 หลายเดือนก่อน +1

    thank you

  • @KyalZin-d8f
    @KyalZin-d8f 4 หลายเดือนก่อน

    အမြဲအားပေးနေပါတယ်နော် ဦး❤

  • @thuzarwin6687
    @thuzarwin6687 4 หลายเดือนก่อน

    အမြဲစောင့်အားပေးပါတယ်

  • @MinKhant-7824
    @MinKhant-7824 4 หลายเดือนก่อน

    ငိုးမသောက်တရုတ်တွေ အရမ်းယုတ်မာတာ😢😢

  • @UChitTun-i3i
    @UChitTun-i3i 4 หลายเดือนก่อน

    အားပေးနေမယ်

  • @yoursminthiha4418
    @yoursminthiha4418 4 หลายเดือนก่อน

    ကိုးကိုးလီဆိုတော့ ရှစ်ဆယ့်တစ်ပေါ့နော်

  • @dawoo5228
    @dawoo5228 4 หลายเดือนก่อน

    ကြိုက်တယ်အားပေးမယ်

  • @zxyus1850
    @zxyus1850 4 หลายเดือนก่อน

    ကိုးကိုးလီ ၈၁😁

  • @zarni6228
    @zarni6228 4 หลายเดือนก่อน

    အားပေးနေတယ်နော်❤

  • @interintet5380
    @interintet5380 4 หลายเดือนก่อน

    အားပေးနေပါတယ်ဗျာ❤

  • @kayphyo1044
    @kayphyo1044 4 หลายเดือนก่อน

    မဂျလာပါS.B😊

  • @YuzanaWaiAung
    @YuzanaWaiAung 4 หลายเดือนก่อน

    အားပေးလျက်ပါ 👍👍

  • @ThianPu
    @ThianPu 4 หลายเดือนก่อน

    ၉၉၄၈၁

  • @oakgeeten7635
    @oakgeeten7635 4 หลายเดือนก่อน

    လိုတိုရှင်းပြောရင်ပိုကောင်းမယ်

  • @YanNaing-le7cy
    @YanNaing-le7cy 4 หลายเดือนก่อน

    ဟာ first

  • @shwethiri4992
    @shwethiri4992 4 หลายเดือนก่อน

    ကောက်ကျစ် ယုတ်မာတဲ့ လူမျိုး😤

  • @kayphyo1044
    @kayphyo1044 4 หลายเดือนก่อน

    အချို့တွေရဲ့ပေးဆပ်ရမူ့ကလဲ💔😢😢

  • @chitsuwailin7733
    @chitsuwailin7733 4 หลายเดือนก่อน

    Bro, Thanks for your effort to get perfect video. Keep it up and don't care about any negative comments.

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +1

      So nice of you. Thanks for the encouragement and your comment.
      I pay them no mind. Those comments are basically jokes for me to laugh at. 😁😁😁

  • @paingphyo7217
    @paingphyo7217 4 หลายเดือนก่อน

    အစ်ကိုက လိင်တူချစ်သူလားခင်ဗျာ

    • @thihakyawhtinnnoryathar
      @thihakyawhtinnnoryathar 4 หลายเดือนก่อน +1

      တဏှာရူးချက်ကလည်းမြင်မကောင်း
      ယိုသူမရှက်မြင်သူရှက်တဲ့
      သိက္ခာဆိုတာဘာလဲသိရဲ့လား။ကိုယ့်စာတကြောင်းဟာကိုယ်အပြင်တခြားသူတွေကဘယ်လိုမြင်မလဲစဉ်းစားဆောက်နှာဂိုထောင်ကိုယ့်ဘာသာခွေးဇာတ်ခင်းရင်ခင်း။သူများသိက္ခာကိုတော့သွားမထိခိုက်နဲ့။လူတိုင်းမှာprivacyရှိတယ်ဆောက်ရူး။အဲလောက်ယားနေရင်ပြောင်းဖူးခြောက်ဖင်ထဲထိုးထည့်ပီးမော်တာနဲ့လှည့်နေလိုက်။ကိုယ့်အပြူအမူကတခြားသူအပေါ်ဘယ်လိုသဘောသက်ရောက်သွားလဲတောင်မစဉ်းစားတတ်တဲ့ခွေးမသားလေး။မင်းအဖေကအခြောက်လားလို့လိုင်းပေါ်မှာအမေးခံရရင်ဘယ်လိုခံစားရမလဲစဉ်းစား

  • @kimmegaming1036
    @kimmegaming1036 4 หลายเดือนก่อน

    That right CHINA is not for CHINESE....Isn't it...😊😊😊

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      🥲 it seems like it.

  • @seinpwint3284
    @seinpwint3284 4 หลายเดือนก่อน

    Thank you❤❤❤❤❤❤❤

  • @khunsoethu1026
    @khunsoethu1026 4 หลายเดือนก่อน

    Ok na

  • @TunTun-uf7es
    @TunTun-uf7es 4 หลายเดือนก่อน

    👍👍👍👍👍👍👍👍👍

  • @khinhtethtetsoe522
    @khinhtethtetsoe522 4 หลายเดือนก่อน

  • @MaThiDar-b8n
    @MaThiDar-b8n 4 หลายเดือนก่อน

    👍👍👍🥰🥰🥰

  • @uulay637
    @uulay637 4 หลายเดือนก่อน

    ❤❤❤

  • @HninWe
    @HninWe 4 หลายเดือนก่อน

    သူ့ကိုမသိဘူးကွယ်😢😢

  • @nandarwin2378
    @nandarwin2378 4 หลายเดือนก่อน

    🎉🎉🎉

  • @shwelayoung1327
    @shwelayoung1327 4 หลายเดือนก่อน +1

    အားပေးလျှက်ပါ😘😘
    စကားပြောတာလေးက ချစ်စရာကြီးဖြစ်နေတယ်...သူများကို မကြည့်ဖြစ်ရင်တောင်
    ရှင်ပြောတာတော့ အမြဲကြည့်ဖြစ်တယ်🥰🥰🥰ဗဟုသုတရလို့ ကျေးဇူးလည်းတင်ပါတယ်ရှင့်.......

  • @ayeayemaw1713
    @ayeayemaw1713 4 หลายเดือนก่อน

    ❤❤❤❤❤

  • @Law-guuruu
    @Law-guuruu 4 หลายเดือนก่อน

    Chinese always do that to some one

  • @laseng9848
    @laseng9848 4 หลายเดือนก่อน

    😢😢😢😢😢😢

  • @nangayekham5445
    @nangayekham5445 4 หลายเดือนก่อน

    Co coအကြောင်းကို သူကိုယ်တိုင်ထက်ကို ရှင်ကပိုသိနေပါလား တခြားအကျိုးရှိတာလေးတွေပြောရင် နားဆင်သူတွေအတွက်အချိန်ကုန်ရကျိုးနပ်အုန်းမယ်

  • @Jassica-p3t
    @Jassica-p3t 4 หลายเดือนก่อน

    အမြဲအားပေးနေပါတယ်အစ်ကိုရေး🎉

  • @thitwint2871
    @thitwint2871 4 หลายเดือนก่อน

    တယုတ်ကငါတို့အပေါ်ဒိလောက်ဆိုးရွားနေတာကို မင်းမှာကမ္ဘာပေါ်တာတင်စရာရှားလွန်းလို့ စောက်တယုတ်တွေအကြောင်းတင်နေရသလားကွာ နောက်တခါတယုတ်အကြောင်မျင်နဲ့တော့ မင်းမှာတော်လှန်ရေရးစိတ်ဓာတ်မရှိဘူးလား ပြ ည်သူ့နလုံးသားမရှိဘူးလား
    ထောက်ပို့စိတ်ဓာတ်မရှိဘူးလား
    မအလဘောမလား
    ငါတိုမတော့ ငါတို့အား ပေးလို့ရတံ့ဝင်ငွေလေးနဲ့ ပြည်သူတွေ PDF တွေကို လှူနေကောင်းရဲ့ယုံလျက်အား ပေးနေကြတာ မင်းအတဠင်စိတ်ဓာတ်ကအချောင်နေအချောင်စား ပြည်သူကိုမငဲ့တဲ့ခြံခွထိုင်းစားနေရောသလားကွာ😢😓😳😖😩😩😣😟😥😨😓😭

    • @Myatnoeph
      @Myatnoeph 4 หลายเดือนก่อน +3

      ဘာတွေပြောနေတာလဲဟ နားမလည် ပဲ

    • @P-tk7tw
      @P-tk7tw 4 หลายเดือนก่อน +3

      ​စောက်ရူး

    • @ThantZinAung-g6x
      @ThantZinAung-g6x 4 หลายเดือนก่อน +1

      မွေးကတည်းက ဦးနှောက်မပါလားဘူးလား Bro

    • @kyipyarlwin8422
      @kyipyarlwin8422 4 หลายเดือนก่อน +3

      ကိုယ်တိုငိကရော ဘယ်နေရာကနေ ပါဝင်နေတာလဲဟင်
      လက်နက်တွေ ဘာတွေကိုင်တိုက်နေတာလား တကယ်မသိလို့ပါ
      ဒီသုံးနှစ်အတွင်း အလုပ်လဲ မလုပ်ပဲ
      ဘယ်မှလဲ မသွားပဲတော်လှန်ရေးအလုပ်ပဲ လုပ်နေခဲ့တာလားဟင် (ဒီလိုလာမန့်လို့ မေးကြည့်တာ)
      သူဝါသနာပါတာလေး လုပ်နေတာကို ဘာလို့ လာလျှာရှည်နေတာလဲ
      မကြိုက်ရင် ကျော်သွားလိုကိပေါ့

    • @hahtoipanmaran346
      @hahtoipanmaran346 4 หลายเดือนก่อน

      အစွန်းမရောက်နဲ့ ဘဒို ခင်ဗျားရဲ့အဆင့်ကို ခင်ဗျားရေးထားတဲ့စာကနေအရှင်းသားသိနေရပြီ😊