"မြက်ကလေးတစ်ပင်" စာရေးသူ - ဂျာနယ်ကျော်မမလေး

แชร์
ฝัง
  • เผยแพร่เมื่อ 13 ก.ย. 2024
  • မြက်ကလေးတစ်ပင်
    စာရေးသူ - ဂျာနယ်ကျော်မမလေး
    စာဖတ်သူ - မေနှင်းစက်
    ကြာချိန် - ၄၈ : ၂၂ မိနစ်
    စာမြည်း
    မာမီ”ဟု အော်ခေါ်လာသော အသံများကား ဆူညံသွားသည်။ မိုက်ကယ်သည် ဖိနပ်မချွတ်ဘဲ ခုတင်ပေါ်သို့ ခုန်တက်လာ၍ ခင်မမက ထလှမ်းဆွဲလိုက်သည်၊ လီလီသည် ခုတင်တိုင်ကိုကိုင်ကာ“ ညှပ်စိ”အား ခြေဆုံးခေါင်းဖျား ထူးထူးဆန်းဆန်းကြည့်လိုက်၏။ ညှပ်စိသည် လီလီ၏ခေါင်းပေါ်၌ ခွေလိမ်နေသောဆံပင်နှင့် နှုတ်ခမ်းနီ၊ပါးနီခြယ်ဆိုးထားသော မျက်နှာကိုပြူးစိုက် ကြည့်နေသဖြင့် မနှစ်မြို့သလို နှုတ်ခမ်းစူပြလိုက်ကာ
    “မာမီ . . . သူကဘယ်သူလဲ”ဟု မိုက်ကယ်သည် ခင်မမကျောကို ပိုးစီးထားလိုက်ကာ မေးလိုက်သည်။ လည်ပင်းအစ်လောက်အောင်ဖက်ထားသဖြင့် လက်အောင်ပြုတ် အောင် ကြိုးစား၍ မနဲဖြုတ်နေရင်း
    “သမီးတို့ခိုင်းဖို့ဝယ်လာတာ”ဟု ဆိုလိုက်၏၊ မိုက်ကယ်သည် ညှပ်စိအားကြည့်လျက်မျက်နှာရှုံ့၍ “သားသားခိုင်းဖို့ရောမဝယ်လာဘူးလား. . . .”ဟု ခင်မမကျောကို လက်သီးဆုပ်နှင့် တဘုံးဘုံးထုပြောလေသည်။ “အတူတူပေါ့သားရယ်. . . . အတူတူခိုင်းကြပေါ့”ဟု အထုခံရင်း ချော့ပြောရသည်။
    "မာမီ . . . သူကဘယ်ကလဲ” လီလီသည် အထပ်လိုက် အထပ်လိုက် ကြွဖောင်းကားနေသော ဂါဝန်အောက်ပိုင်းကို ပင့်လှန်၍ ခုတင်ပေါ်ထိုင်ချကာ ခြေထောက်ကလေးများ လှုပ်ရမ်းလျက် စိတ်ဝင်စားစွာ စစ်ဆေးမေးမြန်းနေ၏။
    “ဘယ်ကမှန်း ဘယ်သိမလဲ၊ ဟဲ့. . . . နင်ဘယ်မှာမွေးသလဲ”
    *ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
    *အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
    🔰 LH Messenger Link - m.me/listenersh... (Or)
    🔰 LH Viber Link - invite.viber.c....
    🔰 LH Website Link - www.lhaudiobook.combN&lang=en

ความคิดเห็น • 1