ဂန်းနားတွေသွေးစွန်းပြီး သရဲနီတို့ နိုင်ပဲွဲ ပြန်တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၆

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • ဂန်းနားတွေ သွေးစွန်းပြီး သရဲနီတို့ နိုင်ပွဲပြန်တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် ရက်သတ္တပတ် ၆
    -----------------------------------------
    - လန်ဒန်ဒါဘီတွေ့ဆုံမှုနဲ့ ချန်ပီယံလိဂ် ရက်သတ္တပတ်အပြီး ပြန်လည်ရောက်ရှိလာတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၆ကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။
    - စနေနေ့တုန်းက မန်စီးတီးအသင်း နော်တင်ဟမ်ဖောရက်စ်ကို ၂-၀နဲ့ နိုင်ခဲ့ပေမယ့် အဓိက ကစားသမား ရိုဒရီ အနီကဒ်ပြစ်ဒဏ်ကြောင့် နစ်နာခဲ့ရပါတယ်။
    - ဒီအနီကဒ်က ၃ပွဲပယ် ပြစ်ဒဏ်ဖြစ်လို့ အာဆင်နယ်နဲ့ ကစားရမယ့် လိဂ် ပွဲစဥ် ၈ကိုပါ လွဲချော်ရတော့မှာပါ။
    - တစ်ရက်တည်းမှာ ယှဥ်ပြိုင်ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ အဲဗာတန်ပွဲမှာတော့ ဧည့်သည် အဲဗာတန်တို့ ပထမဆုံး လိဂ်နိုင်ပွဲကို ဒီရာသီမှာ ရှာတွေ့သွားခဲ့ပါတယ်။
    - ပဲလေ့စ်နဲ့ ဖူဟမ်၊ လူတန်နဲ့ ဝုလ်တို့ကတော့ သရေရလဒ်တွေနဲ့သာ ပြီးဆုံးခဲ့ပြီး ညနက်ပွဲအဖြစ် ကစားသွားတဲ့ ဘန်လေ မန်ယူ ပွဲမှာတော့ သရဲနီတွေ နိုင်ပွဲ ပြန်ရှာတွေ့သွားပါတယ်။
    - သရဲနီတွေအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဘရူနို ဖာနန်ဒက်စ်က သွင်းပေးခဲ့တာ ဖြစ်ပေမယ့် ဂိုးပြန်မပေးရအောာင် နောက်တန်းမှာ ရွတ်ရွတ်ချွန်ချွန် စွမ်းဆောင်ပေးခဲ့တဲ့ ဝါရင့် နောက်ခံလူ ဂျွန်နီအီဗန်ကို အသိအမှတ်ပြုရပါမယ်။
    - ဒါကြောင့်လဲ ဖာနန်ဒက်စ်က သူရခဲ့တဲ့ အကောင်းဆုံး ကစားသမားဆုကို အီဗန်ကို ပေးအပ်လိုက်တဲ့အထထိ လေးစားမှု ပြခဲ့တာပေါ့။
    - စူပါဆန်းဒေးမှာ ကစားသွားတဲ့ မြောက်လန်ဒန်ဒါဘီမှာတော့ အဝေးကွင်းလာကစားတဲ့ စပါးက ပိုကောင်းခဲ့တယ်လို့တောင် ဆိုရပါမယ်။
    - အာဆင်နယ် ဂိုးသမား ရာယာ အသည်အသန်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ရပြီး အာတေတာရဲ့ လူစားလဲပုံ အမှားအယွင်းတချို့ ရှိခဲ့တယ်လို့ ပရိသသတ်တွေက ဝေဖန်သံညံနေကြပါတယ်။
    - ရိုက်စ်နဲ့ ဗီအဲရာကို စောစောစီးစီးထုတ်လိုက်ရာမှာ ကစားပုံ ပျက်သွားသလိုရှိခဲ့ပြီး ၂ဂိုးစီ သရေကျတဲ့ပွဲကို အောက်က လိုက်ကစားခဲ့ရသလို ဖြစ်သွားပါတယ်။
    - တစ်ဦးတည်း ၂ဂိုးသွင်းပြီး ချေပခဲ့တဲ့ ဆွန်ကတော့ အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်သလို အာရှရဲ့ ဂုဏ်ထူးဆောင်တစ်ဦးအဖြစ်လဲ ထိုက်တန်ကြောင်း ပြသနေဆဲပါ။
    - အခြားသော ပွဲစဥ်တွေမှာတော့ လီဗာပူးလ်က ဝက်စ်ဟမ်းကို ၃-၁၊ ဘရိုက်တန်က ဘုန်းမောက်ကို မီတိုမာရဲ့ ဂိုးတွေနဲ့ ၃-၁ဂိုးနဲ့ အသီးသီး အနိုင်ယူခဲ့ပါတယ်။
    - လန်ဒန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကတော့ ၅၈မိစန်မှာ မာလိုဂတ်စတို တိုက်ရို်က အနီနဲ့ ထုတ်ခံခဲ့ရပြီး ၇၃မိနစ်မှာ ပေးလိုက်ရတဲ့ တစ်လုံးတည်‌းသော ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
    - ချယ်လ်ဆီးအသင်းကတော့ ရှုံးပွဲကြောင့် အဆင့် ၁၄နေရာမှာ ဆက်လက် ရပ်တည်နေရပြီး ရမှတ်လဲ ၅မှတ်သာ ရပါသေးတယ်။
    - နောက်ဆုံးပွဲစဥ်အဖြစ် ကစားသွားတဲ့ ရှက်ဖီးလ်နဲ့ ကာဆယ်ပွဲမှာတော့ ငှက်ကျားတွေရဲ့ ကြောက်မက်ဖွယ် အမဲလိုက်စွမ်းရည်ကို မြင်တွေ့ခဲ့ရပြီး ဂိုးတစ်ဒါဇင်နီးပါး သွင်းဂိုးတွေကိုမြင်တွေ့ခဲ့ရမှာပါ။
    - ပရီးမီးယားလိဂ် ပွဲစဥ် ၆မှာတော့ အလူးအလဲ ပူးတွဲသရေပွဲတွေ များခဲ့သလို အိမ်ရှင်အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်တဲ့ အာဆင်နယ်တို့လဲ အဆင့် ကျသွားခဲ့ပါတယ်။
    - မန်ယူအသင်းကတော့ နိုင်ပွဲကြောင့် အဆင့် ၉ထိ တက်လှမ်းလာနိုင်ခဲ့ပြီး ချယ်လ်ဆီးတို့ကတော့ ဗိုလ်နေမြဲ ကျားနေမြဲပါပဲ။
    #footballfever
    #premierleague

ความคิดเห็น •