"မယူဘူးနော်"❌ ကို ဈေးသွားရင် ဘယ်လို ပြောကြမလဲ?

แชร์
ฝัง
  • เผยแพร่เมื่อ 25 ก.ย. 2024
  • "မယူဘူးနော်"❌ ကို ဈေးသွားရင် ဘယ်လို ပြောကြမလဲဆိုတာကို မကေရယ် ခွန်ရယ် နဲ့အတူတူ ဈေးလိုက်ပြီး ကြည့်ကြရအောင်နော်။
    အခုလက်ရှိ အမိကမ္ဘာကြီးကနေမကောင်းဖြစ်နေတယ်ဆိုတာသိပါသလား?
    နေမကောင်းရတဲ့အကြောင်းအရင်းကတော့ အမိကမ္ဘာမြေကြီးရဲ့ကိုယ်ထဲမှာ သိပ်ဆိုးရွားလှတဲ့ တိုက်ထုတ်ဖို့ခက်၊ ပျောက်ဖို့မလွယ်တဲ့ ပိုးမွှားတွေ ထိန်းချုပ်မနိုင်အောင်ပွားနေတာပါ။ ပိုးမွှားဆိုတာကလဲ တခြားမဟုတ်ပါဘူး။ အင်မတန်ရုပ်ဆိုးကျည်းတန်လှတဲ့ ပလတ်စတစ်တွေပါပဲ။ ဒါ‌ကြောင့်အမိကမ္ဘာမြေကိုကာကွယ်ဖို့ သားသမီးတွေဖြစ်တဲ့လူသားတွေမှာ တာ၀န်ရှိပါတယ်။ ဒီလိုကာကွယ်ရမဲ့အစားကိုယ်တိုင်က ပလတ်စတစ်ရဲ့ဆိုးကျိုးတွေကိုမသိပဲသုံးနေမိပြီလား? ဒီလိုလူသားတွေရဲ့ပလတ်စတစ်မဆင်မခြင်သုံးစွဲမှုတွေကို ကာကွယ်လျှော့ချဖို့ ကောင်းမွန်တဲ့ အပြုအမူတွေလိုနေပါပြီ။ Earth Day ကို (၁၉၇၀)ခုနစ် ဧပြီလ (၂၂)ရက်နေ့ကစတင်ပြီးကျင်ပြီး သဘာဝပတ်ဝန်းကျင် ဆိုင်ရာလှုပ်ရှားမှုများ၏ အောင်မြင်မှုများကို ဂုဏ်ပြုသည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာမြေ၏ သဘာဝ အရင်းအမြစ်များကို နောင်လာနောက်သား မျိုးဆက်များအတွက် ကာကွယ်ရန် လိုအပ်ပါတယ်။ ပလတ်စတစ်သုံးစွဲမှုများပြားလာတာတွေ မဆင်မခြင်အမှိုက်စွန့်ပစ်မှုတွေကြောင့် နေရာတော်တော်များများမှာ အမှိုက်‌တွေပုံနေတတ်ပါတယ်။ ဒါကိုလဲမှားယွင်းတဲ့နည်းလမ်းတွေနဲ့ဖြေရှင်းနေကျပါတယ်။ အမှိုက်ခွဲခြားမစွန့်ပစ်ပဲရောနှောပုံထားတာက လီချိတ်ဆိုတဲ့ အဆိပ်ရည်ထွက်လာနိုင်ပြီး ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ အမှိုက်ကို လမ်းဘေး၊ မြောင်းတွေမှာ မဆင်မခြင်စွန့်ပစ်တာကလဲ မြောင်းပိတ်ပြီး ရေကြီး‌၊ရေလျှံစေပါတယ်။ နောက်ဆိုးရွားတဲ့အရာကတော့ အမှိုက်မီးရှို့တာပါပဲ။ ပလတ်စတစ်အမှိုက်၊ သစ်ရွက်ခြောက်စတာတွေကို စနစ်တကျမထုပ်ပဲ အပုံလိုက်မီးရှို့တာက လေထုကိုအင်မတန်မှညစ်ညမ်းစေပြီး ကမ္ဘာမြေကြီးပူနွေးလာစေပါတယ်။ ယခုနှစ်နွေရာသီက ယခင်နှစ်နွေရာသီထပ်ဘာကြောင့်ပူနေရသလဲဆို‌တော့ အကြောင်းအရင်းကအပေါ်ကအကြောင်းအရာများအပါအ၀င် တခြားသောရာသီဥတုဆိုင်ရာ အချက်တွေကြောင့်ပါပဲ။ ဒါတွေကိုသာမဆင်ခြင်ဘူး၊ပလတ်စတစ်သုံးတာလဲ၊မလျှော့ဘူး၊အပင်တွေလဲမစိုက်ဘူး၊ကမ္ဘာမြေအတွက်ကောင်းမွန်တဲ့အပြုအမူတွေကိုစတင်မလုပ်ဆောင်ဘူးဆိုရင် နောက်နှစ်နွေရာသီကလဲ အခုနှစ်နွေရာသီထက်ပိုပူမှာအသေအချာပါပဲ။ ဒါ‌ကြောင့်ပလတ်စတစ်များပြားလာမှု‌တွေကိုလျှော့ချဖို့အတွက် ကမ္ဘာမြေကြီးနေပြန်ကောင်းဖို့အတွက် Earth Day ကနေစပြီး ဈေးဝယ်သွားတိုင်း ကျွန်ုပ်တို့ရဲ့ “ပလတ်စတစ်နဲ့ မထည့်ဘူးနော်, အိတ်ပါလာတယ်" ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဈေးရောင်းသူများကို ပြုံးပျော်စေနိုင်တာမို့ “မယူဘူးနော်” ကမ်ပိန်းမှာ ပါဝင်ကြရအောင်။ ပလတ်စတစ်ကိုငြင်းဆိုပြီး တူတူတိုက်ထုတ်လိုက်ရအောင်။ ဒါကြောင့် လာမဲ့ (၂၂)ရက်နေ့မှာကျရောက်မဲ့ Earth Day ကစပြီး ပလတ်စတစ်ကို တူတူလျှော့ချပြီး အတတ်နိုင်ဆုံးမသုံးပဲ နေရအောင်နော်။
    မိမိကိုယ်တိုင်စတင်ပြီး ကြွပ်ကြွပ်အိတ်ကို ငြင်းဆိုတာက သဘာဝပတ် ဝန်းကျင် နဲ့ ဈေးရောင်းသူများအဖို့ ရေရှည်မှာ ကြွပ်ကြွပ်အိတ်ကြောင့် ကုန်ကျတဲ့ စရိတ်စက ပိုမိုသက်သာလာမှာလည်း ဖြစ်လို့ ကြွပ်ကြွပ်အိတ်ကို "မယူဘူးနော်"❌ဆိုပြီး ငြင်းဆိုကြရအောင်။
    Cookfork1 နဲ့ အတူ ဈေးဝယ်သလို အတူတူ မယူဘူးနော် ပြောရအောင်နော်။
    Let's shop without plastic bags at wet markets to reduce plastic bags and help the vendors save on plastic bags
    make sure to make a shopping list and bring your own basket, bags & containers.
    Let's gracefully say "No Thank You" to plastic bags and keep our planet clean.
    Initiate this positive behaviour change from this upcoming Earth Day 2024 theme under Planet vs Plastic to keep our earth free from plastic waste.
    Let's go shopping with Khun and Ma Kay to inspire their shopping style without using plastic.

ความคิดเห็น •