တရုတ်အစိုးရကို မြန်မာတွေဆန္ဒပြ (ရုပ်/သံ)

แชร์
ฝัง
  • เผยแพร่เมื่อ 11 ต.ค. 2024
  • တရုတ်အစိုးရကို မြန်မာတွေဆန္ဒပြ (ရုပ်/သံ)
    ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၄
    မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့မူဝါဒပြောင်းပေးဖို့ အမေရိကန်နိုင်မှာရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ဝါရှင်တန်ဒီစီမြို့ရှိ တရုတ်သံရုံးရှေ့မှာ အောက်တိုဘာ ၁၀ ရက်နေ့က စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
    ဆန္ဒပြသူတွေကတော့ မြောက်ပိုင်းမဟာမိတ်ညီနောင်တွေရဲ့ ထိုးစစ်ကြောင့် အာဏာသိမ်း စစ်တပ် အရှက်တကွဲ ရှုံးနိမ့်နေချိန်မှာ တရုတ်ဟာ စစ်ကောင်စီဘက်ကရပ်ပြီး တော်လှန်ရေး ရပ်တန့်သွားအောင် လုပ်နေတာဖြစ်တယ်လို့ ပြောကြပါတယ်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ရဲ့ ဩဂုတ်လ ၁၀ ရက်နေ့ နေပြည်တော် ခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံဟာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို အာဏာသိမ်း စစ်တပ်ကို တိုက်နေတဲ့ စစ်ဆင်ရေးတွေရပ်ဖို့ ဖိအားပေးခဲ့ပါတယ်။
    ဒါ့အပြင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တို့ကိုပါ တရုတ်အစိုးရက ဖိအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်လာတာဖြစ်ပါတယ်။
    တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အချို့ကို ဖိအားပေးတဲ့ အထဲမှာ နယ်စပ်ကဝင်နေတဲ့ စက်သုံးဆီ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး တင်သွင်းခွင့်တွေ ပိတ်လိုက်တဲ့ အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ စစ်ရေး၊ နိုင်ငံရေး ဆက်ဆံမှု မပြုလုပ်ဖို့ ပါဝင်တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
    #မြန်မာ #ဧရာဝတီ #တရုတ် #ဝါရှင်တန်ဒီစီ #NUG #TNLA #MNDAA
    ------------------------------------------------
    စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
    Support The Irrawaddy: bit.ly/3btQYpR

ความคิดเห็น • 117