Pronunciation Course ဖွင့်လှစ်ကြောင်းအသိပေးကြေညာခြင်း | Yinn Academy

แชร์
ฝัง
  • เผยแพร่เมื่อ 27 ม.ค. 2024
  • #တစ်လအတွင်းအင်္ဂလိပ်စာအသံထွက်မှန်ကန်ဖို့ Yinn Academy မှာ ပြောင်းလဲကြရအောင်။
    .
    📌မိတ်ဆက်
    👉2024 March 4 ရက်မှာ အင်္ဂလိပ်စာအသံထွက်တိုးတက်လိုသူတွေအတွက် Pronunciation Course (Batch 2) ကို Yinn Academy ကဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းဟာ English စာကို အထူးလေ့လာချင်တဲ့သူတွေအတွက် စိတ်ဝင်စားဖွယ်အတန်းဖြစ်ပါတယ်။ နွေရာသီ အားလပ်ရက်ကို အကျိုးရှိရှိအသုံးချချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက်လည်း အထူးသင့်တော်တဲ့ အတန်းဖြစ်ပါတယ်။
    .
    📌ဘာတွေသင်ယူလေ့လာရမလဲ
    ✅IPA ၏ အရေးပါပုံ
    ✅IPA
    ✅Connected Speech
    ✅Sentence Stress
    ✅Intonation
    .
    📌ဘာကြောင့် IPA သင်ယူသင့်ပါသလဲ။
    👉မွေးကတည်းက အင်္ဂလိပ်စာနဲ့ ထိတွေ့ထားရသူများ (သို့မဟုတ်) အင်္ဂလိပ်စကားကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေသော အသိုက်အဝန်းမှာ ကြီးပြင်းလာရတဲ့သူတွေအတွက်ကတော့ IPA ဆိုတာကို သင်ဖို့မလိုအပ်ပါဘူး။ သို့ပေမယ့် အင်္ဂလိပ်စကားကို နိစ္စဓူဝမှာ အသုံးပြုမှု မတွင်ကျယ်သေးတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်စာအသံထွက်မှန်မှန်ကန်ကန် ထွက်နိုင် တဲ့ကျောင်းသားတွေဟာ ၁၀ ရာခိုင်နှုန်း တောင်မရှိပါဘူး။ အကြောင်းအရင်းကို သေချာရှာကြည့်ပါက အင်္ဂလိပ်စာနဲ့ ထိတွေ့မှုအားနည်းခြင်း၊ သို့တည်းမဟုတ် သူတို့ကို သင်ကြားပေးနေသူကိုယ်တိုင်က အသံထွက်လိုအပ်နေခြင်း ဆိုတဲ့ အကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်ပါတယ်။ ဒါတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ နိုင်ငံတကာ အသံထွက် သင်္ကေတ (International Phonetic Alphabet) ကို သင်ယူခြင်းဖြစ်ပါတယ်။ အသေးစိတ်ဖတ်ရှုလိုပါက အောက်ပါ link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
    m. story.php?stor...
    .
    📌ဘယ်လိုသင်ယူလေ့လာရမလဲ။
    👉အဓိကသင်ယူရမယ့်နည်းလမ်းကတော့ Zoom ကတစ်ဆင့်လေ့လာသင်ယူရမှာဖြစ်ပါတယ်။ သင်တန်းကာလအတွင်းမှာ zoom မှသင်ယူရမဲ့အတန်းချိန် ၁၆ ချိန်ရှိပါမယ်။ ဒါ့အပြင် zoom မှာသင်ယူလေ့လာခဲ့သမျှကို record လုပ်ထားမှာဖြစ်ပြီး Facebook group / telegram မှာ ပြန်လည်လေ့လာရအောင် မျှဝေပေးပါမယ်။ သင်ယူလေ့လာမှုများပိုမိုမြန်ဆန် စေဖို့နဲ့ ပိုမိုတတ်မြောက်စေဖို့ မိမိတို့ကိုယ်တိုင် အိမ်စာများလုပ်ရမှာဖြစ်ပြီး သက်ဆိုင်ရာ group များမှာ ပြန်လည်ပို့ပေးရပါမယ်။ လိုအပ်တဲ့ စာအုပ်တွေ၊ သင်ခန်းစာ video တွေကို facebook group / telegram ကနေတစ်ဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။
    .
    📌ဘာတွေအာမခံချက်ရှိမလဲ
    👉ဒီသင်တန်းကိုပြီးမြောက်အောင် တက်ရောက်ပြီး လမ်းညွှန်ချက်များကို သေသေချာချာလိုက်နာပါက မိမိတို့ရဲ့ အင်္ဂလိပ်စာအသံထွက် ပိုမိုမှန်ကန်လာပါမယ်။ အသံထွက်ကို နည်းစနစ်များဖြင့် သေသေချာချာလေ့ကျင့်နိုင်တဲ့အတွက် မိမိကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပါမယ်။ ဒါ့အပြင် စကားလုံးအများစုရဲ့ အသံသင်္ကေတများကို ရေးလာနိုင်တဲ့အတွက် ပျော်စရာလည်းကောင်းပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ဘာသာစကားတစ်ခုမှာ အရေးကြီးဆုံးက အသံဖြစ်လို့ သဒ္ဒါဘယ်လောက်တတ်တတ် အသံထွက်မမှန်ရင် impression ကျနေဦးမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာ အသံထွက်နည်းစနစ်ကို ကျကျနနလေ့လာရမှာဖြစ်လို့ မည်သူမဆို လာရောက်တက်ရောက်လို့ရပါတယ်။ ဒီသင်တန်းပြီးဆုံးသွားသည့်တိုင် မိမိကိုယ်ကိုယ်တိုးတက်မှုမရှိဘူးလို့ ယူဆပါက ပေးသွင်းထားတဲ့ ငွေကြေးပမာဏအတိုင်း ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
    .
    📌ဘယ်သူတွေ တက်ရောက်နိုင်သလဲ။
    ✅Grade 5 နဲ့အထက် မည်သူမဆို တက်ရောက်နိုင်ပါတယ်။ (ပညာသင်ယူမှုဟာ အသက်အရွယ်နဲ့မဆိုင်လို့ စိတ်ဝင်စားတဲ့မည်သူမဆို တက်ရောက်နိုင်ပါတယ်။ )
    📌ဘာတွေလိုအပ်မလဲ
    ✅ဖုန်း (သို့မဟုတ် ) ကွန်ပျူတာ
    ✅wifi (သို့မဟုတ်) mobile data
    ✅သင်ယူလိုစိတ်၊ ပြောင်းလဲလိုစိတ်
    .
    📌ဘယ်လောက်ကုန်ကျမလဲ။
    👉 ပုံမှန်သင်တန်းကြေး ၃၀၀၀၀ ကျပ် ဖြစ်ပေမယ့် အထူးပရိုမိုးရှင်းအနေဖြင့် ပထမဆုံးအပ်နှံသူ (၁၀) ယောက်ကို ၂၀၀၀၀ ကျပ်သာ သင်တန်းကြေး ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင် လက်ဉီးမှု ရယူပြီး အပ်နှံထားလိုက်ပါ 🤗။
    .
    📌ဘယ်အချိန်ထိသင်တန်းအပ်နှံနိုင်သလဲ။
    👉နောက်ဆုံးအပ်ရမယ့်ရက် သတ်မှတ်ထားတာမရှိပါဘူး။ မိမိတို့ ပညာရေးဝန်ဆောင်မှုပေးနိုင်တဲ့ အရေအတွက်အထိ လက်ခံပေးသွားပါမယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့အရေအတွက်ထက် ကျော်လွန်သွားရင် သင်တန်းအပ်လက်ခံတာကို ရပ်ဆိုင်းသွားမှာဖြစ်လို့ ယခု post ကို မြင်မြင်ချင်း လက်မနှေးဘဲ အမြန်ဆုံးအပ်နှံကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ (ကျွန်တော်တို့ နောက်မှလုပ်မယ်ဆိုတဲ့ အလုပ် 90 % ခန့်ကို ကျွန်တော်တို့ မလုပ်ဖြစ်ကြတာ သတိချပ်စရာပါ။ )
    .
    📌သင်တန်း နေ့ရက် နှင့် အချိန်
    👉သင်တန်းစတင်မယ့်ရက်က 2024 မတ်လ ၄ ရက်နေ့ဖြစ်ပါတယ်။ သင်တန်းအချိန်ကတော့ 8:00 - 9:30 PM ဖြစ်ပါတယ်။ အချိန်ဇယားအတိအကျကို အောက်ပါ post တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
    m. story.php?stor...
    .
    📌ဘယ်လိုအပ်နှံမလဲ
    ✅Page Messenger မှာ "PC" ဆိုပြီး message ပို့ပြီး အပ်နှံနိုင်ပါတယ်။ မိနစ်ပိုင်းအတွင်း ကျွန်တော့်တို့ဘက်မှ ပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ဘက်က အကြောင်းကြားခြင်းတစ်စုံတစ်ရာမရပါက page messenger သို့လည်းကောင်း 09758070705 သို့လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။
    .
    #yinnacademy

ความคิดเห็น • 4

  • @azomamungpi8160
    @azomamungpi8160 5 หลายเดือนก่อน

    အားပေးတယ်

  • @yinnacademy
    @yinnacademy  6 หลายเดือนก่อน +2

    Facebook page link - facebook.com/profile.php?id=100094329063620&mibextid=ZbWKwL

    • @Zzaw44
      @Zzaw44 5 หลายเดือนก่อน

      ဆရာ g9 math2 exercise 3.3 ထုထည်ရှာပုစ္ဆာတွက်ပြပါလားရှင့်🥺

    • @swankhantmaung
      @swankhantmaung 4 หลายเดือนก่อน

      ဆရာ ငွေကလွဲပီးသား
      FaceBook accကဝင်မရတော့လို့
      ဘယ်လိုလုပ်ရပါ့
      SwanKaBar😢