ပင်လည်ဘူးမြို့မှာ စစ်ကောင်စီရဟတ်ယာဉ် တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးကာ အရာရှိအပါအ၀င် (၇)ဦးသေဆုံးခဲ့

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ပင်လည်ဘူးမြို့မှာ စစ်ကောင်စီရဟတ်ယာဉ် တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးကာ အရာရှိအပါအ၀င် (၇)ဦးသေဆုံးခဲ့
    စြဂုတ်လ (၉)ရက်။
    ဇူလိုင်လ (၆)ရက်နေ့ ညနေ (၅)နာရီကျော်ခန့်က ပင်လယ်ဘူးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
    စစ်ကောင်စီဟာ Mi-17 ထောက်ပို့ရဟတ်ယာဉ်နဲ့ မြေပြင်မှာ ပစ္စည်းချတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်နေချိန် စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
    အဲ့ဒီလိုတိုက်ခိုက်ခဲ့တာကြောင့် Mi-17 ရဟတ်ယာဉ်ရဲ့ အမြီးပိုင်းနဲ့ လူတင်နေတဲ့ အနောက်တံခါးပေါက်အနီးကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    စစ်ကောင်စီရဟတ်ယာဉ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းက အရာရှိအပါအ၀င် (၇)ဦးသေဆုံးခဲ့ကာ (၁၇)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
    တိုက်ခိုက်ခံရတဲ့အထဲ အခြား ထိခိုက်ဒဏ်ရာရသူတွေလဲ အများအပြားရှိကာ Mi-17 ထောက်ပို့ရဟတ်ယာဉ်လဲ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
    ဒါ့အပြင် ထိခိုက်ပျက်စီးသွားတဲ့ Mi-17 ထောက်ပို့ရဟတ်ယာဉ်က ပြုတ်ကျကျန်ရစ်တဲ့ အရေးပေါ်တံခါးပေါက်ကိုလဲ သိမ်းဆည်းရမိထားတယ်လို့ MOD ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
    ---------------------------------------------------------------
    ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ်
    မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era's Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။
    Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

ความคิดเห็น • 1

  • @RedMi-ud1rl
    @RedMi-ud1rl หลายเดือนก่อน +1

    NUG လူလိမ်အဖွဲ့ကကြွားစရာတော်တော်ရှားနေပြီလား.