ဒေါ်လာဈေး အတက်အကျဘာလို့ဖြစ်တာလဲ (Exchange Rate )

แชร์
ฝัง
  • เผยแพร่เมื่อ 17 พ.ย. 2021
  • K2K ပရိသတ်များအားလုံးမင်္ဂလာပါ။ K2K ရဲ့အထူးအစီအစဥ်လေးလာပါပြီ။ ကိုကျော်ရဲအောင် ဆိုတဲ့ ညီလေးရဲ့ တောင်းဆိုထားတဲ့ ငွေလဲနှုန်းများ ရဲ့ အဓိပ္ပာယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်အရင်က ငွေလဲနှုန်းနဲ့ပတ်သက်ပြီး တင်ဆက်ပေးထားတာရှိပါတယ်၊ သို့သော်လည်း ဗီဒီယို ကွာလတီ မကောင်းတာ အသံအရည်အသွေးမကောင်းတာ စတာတွေကြောင့် သိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင်ကို ဒီခေါင်းစဥ်လေးကိုရှင်းပြခြင်းဖြင့် ကျွန်တော်တို့ မြန်မာပြည်အတွက်လည်း အကျိုးရှိနိုင်မယ်လို့ယုံကြည်တာကြောင့် ဒီကနေ့ တင်ဆက်ဖို့ ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
    ငွေလဲနှုန်း အကြောင်းကို ဒီကနေ့ကျွန်တော် အပိုင်း (၃) ပိုင်းခွဲပြီးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ (၁) မုန့်စျေးတန်းဥပမာ
    (၂) ငွေလဲနှုန်းဆိုတာဘာလို့ ပေါ်ပေါက်လာတာလဲ
    (၃) ငွေလဲနှုန်း အတက်အကျတွေ ဘာလို့ဖြစ်ရတာလဲ
    ဆိုတဲ့ အပိုင်း(၃) ပိုင်းနဲ့ ခွဲခြားပြီး တင်ပြသွားမှာဖြစ်ပါတယ်။
    ကျွန်တော် တစ်နေ့က ပင်လုံဆေးရုံရဲ့ မုန့်စျေးတန်းကို ရောက်ရှိသွားတယ်ဗျ။ အဲ့ဒီမုန့်စျေးတန်းလေးထဲမှာ ငွေသားနဲ့ ရှင်းလို့ မရပဲ ကဒ်သီးသန့်လေး လုပ်ပြီး ပိုက်ဆံရှင်းရတယ်ဗျ။ အဲ့တော့ မုန့်စျေးတန်းမဝင်ခင် အရင်ဦးစွာ ပိုက်ဆံနဲ့ ကဒ် လဲပေးတဲ့ ငွေလဲကောင်တာကို အရင်ဝင်ရပါတယ်။ ပြီးမှ မုန့်ဝယ်စားလို့ရတဲ့သဘောပေါ့။ အကယ်၍ အဲ့ဒီမုန့်စျေးတန်းက ကဒ်အစား စင်ကာပူဒေါ်လာနဲ့ ဝယ်မှ ရမယ်လို့ သတ်မှတ်ထားရင် ကျွန်တော်တို့တွေ စင်း ဒေါ်လာနဲ့ လဲပြီး မုန့်ဝယ်စားရမှာဖြစ်ပါတယ်။ ဒါဆို ကျိန်းသေပေါက် စင်းလဲဒေါ်လာငွေလဲတဲ့နေရာကို ရှာပြီးမှ မုန့်စားလို့ရမှာဖြစ်ပါတယ်။
    ထိုနည်းတူပါပဲ ကျွန်တော်တို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ ကိုယ်ပိုင်ငွေကြေးစနစ်တွေရှိကြပါတယ်။ ဒါကြောင့် တခြားငွေကြေးစနစ်အသုံးပြုတဲ့ နိုင်ငံက ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲဖို့ ဆိုရင် သူတို့ နိုင်ငံတွေရဲ့ သက်ဆိုင်ရာငွေကြေးကို ပြောင်းလဲပြီး သုံးမှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်ကူးမယ်ဆိုရင် သက်ဆိုင်ရာ ငွေကြေးတွေကို လဲလှယ်ပြီးမှ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒါကြောင့်ပဲ ငွေလဲခြင်း စျေးကွက်ကြီးဆိုတာပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
    Kyaw Ye Lynn
    18th Nov 2021
  • วิทยาศาสตร์และเทคโนโลยี

ความคิดเห็น • 22

  • @nyanhtoolwin721
    @nyanhtoolwin721 2 ปีที่แล้ว +5

    ကျွန်တော်က ဒီvideo ရဲ့ ပထမဆုံးကြည့်ရှု 👀သူပါ pin ပေး ပါ အကိုတင်ပေးနေတာတွေကိုကျွန်တော်အဘောကျတယ်ဗျ အားပေးနေပါတယ်

    • @k2kknowledgebank
      @k2kknowledgebank  2 ปีที่แล้ว +3

      Pin လိုက်ပါပြီဗျ။ ကျေးဇူးတင်ပါတယ်

  • @jadecooper9049
    @jadecooper9049 ปีที่แล้ว +2

    this kind of knowledges really need for myanmar, these contents are super rare or nothing, appreciate bro , do more video !!

  • @kyawyeaung3010
    @kyawyeaung3010 2 ปีที่แล้ว +1

    ကျေးဇူးတင်ပါတယ်ခင်ဗျာ
    ကျယ်ပြန့်တဲ့အရာကို နားလည်လွယ်အောင်ရှင်းပြပေးတာ ကျေးဇူးပါ။ ထပ်လေ့လာရမဲ့အရာတွေအတွက် အကိုဗီဒီယိုလေးတွေက အုပ်တချပ်သဲတပွင့်ဖြစ်စေပါတယ်။

    • @k2kknowledgebank
      @k2kknowledgebank  2 ปีที่แล้ว

      ဝမ်းသာပါတယ်ဗျာ။

  • @thandaraung892
    @thandaraung892 8 หลายเดือนก่อน +1

    မငေး

  • @haerhaerhaerhaer2727
    @haerhaerhaerhaer2727 2 ปีที่แล้ว

    အားပေးနေပါတယ် ဗျ ကျနော်ထင်တာအကိုမတင်တော့ဘူးလားအမြဲတင်ပေးတာကျေးဇူးတင်ပတယ်

  • @user-yg6ps2wl8h
    @user-yg6ps2wl8h ปีที่แล้ว

    hiဆရာမဂ်လာပါ တရုတ်ငွေန့ဲမြန်မာငွေကိုလှည်းလှယ်တ့ဲနေရာမှာ ဘယ်လို Acတေွကိုလျှောက်ရလည်းဆရာ ကျွန်တော်ကနယ်စပ်မြို့လေးတစ်မြို့ကိုရောက်နေတာပါ ငွေလွဲဆိုင်လေးဖွင့်ချင်လို့ပါ မြန်မာကဒ်သုံးမရဘူးဖြစ်နေတယ်ဆရာ

  • @seinlwin7034
    @seinlwin7034 ปีที่แล้ว

    နံပါတ်၃ကသူများနှိုင်ငံသွားပီးကျွန်ခံရင်လည်းနှိုင်ငံငွေရပါသေးတယ်

    • @k2kknowledgebank
      @k2kknowledgebank  4 หลายเดือนก่อน

      မှန်ပါတယ်။

  • @kohtut374
    @kohtut374 ปีที่แล้ว

    ကို့နိုင်ငံ ထဲကို တခြားနိုင်ငံကနေ သွင်းကုန်ပစ္စည်းတွေ များနေတာမျိုး နဲ့ တခြားနိုင်ငံ ထုတ်ပစ္စည်းတွေက်ု သူတို့နိုင်ငံ ထုတ်ငွေကြေးနဲ့ ဝယ်ယူသုံးစွဲတာ များနေရင် ကို့နိုင်ငံ ထုတ်ကျပ်ငွေ တန်ဖိုးကျဆင်းသွားရတာပေါ့ bro အဲ့သဘောလား

    • @k2kknowledgebank
      @k2kknowledgebank  ปีที่แล้ว +1

      အနီးဆက်ဆုံးမှန်ပါတယ် bro

  • @haerhaerhaerhaer2727
    @haerhaerhaerhaer2727 2 ปีที่แล้ว +1

    မတင်တော့ဘူးလားဗျ

    • @k2kknowledgebank
      @k2kknowledgebank  2 ปีที่แล้ว +1

      အလုပ်တွေပင်ပန်းလို့နောက်ကျနေတာပါ။ script ရေးပြီးပါပြီ။ ဒီတစ်ပတ်ထဲတင်ပါ့မယ်နော်။

  • @zinkowin5204
    @zinkowin5204 ปีที่แล้ว

    နောက်ခံတီးလုံးကြောင့် လူသံက မသဲကွဲတော့ဘူး
    တီးလုံး မပါဘဲ တင်စေချင်ပါတယ်

    • @k2kknowledgebank
      @k2kknowledgebank  ปีที่แล้ว

      နောက်တင်မယ့်ဟာတွေမှာ တီးလုံးမထည့်တော့ပါဘူးခဗျာ။ လူသံမကြားရရင် ကျေးဇူးပြုပြီး subtitle ဖွင့်ကြည့်လို့ရပါတယ်။

  • @cm1051
    @cm1051 2 ปีที่แล้ว

    နောက်ခံတီးလုံးတွေ မထည့်ပါနဲ့ ခင်ဗျာ။
    လုံးဝ အဆင်မပြေပါ။ တန်ဖိုးရှိတဲ့ စကားတွေကို အနှောက်ယှက်ဖြစ်ပါတယ်။

    • @k2kknowledgebank
      @k2kknowledgebank  4 หลายเดือนก่อน

      ဟုတ်ကဲ့ပါ။

  • @htwe-pike
    @htwe-pike 2 ปีที่แล้ว +1

    Socialist အကြောင်းသိချင်ပါတယ်