B (9) - ပညာဝိမုတ္တိလမ်း နှင့် သတိပဋ္ဌာန်လမ်း တို့၏ ခြားနားသော ဝိသေသများကို ရှင်းလင်း ဖြေကြားခြင်

แชร์
ฝัง
  • เผยแพร่เมื่อ 30 ก.ย. 2024
  • မဟာသဒ္ဓမ္မဇောတိကဓဇဦးမောင်မောင် (ပျဉ်းမနား) ၏
    "ပညာဝိမုတ္တိလမ်း နှင့် သတိပဋ္ဌာန်လမ်း တို့၏ ခြားနားသော ဝိသေသများကို ရှင်းလင်း ဖြေကြားခြင်း"
    🏵 Wimoteti Tayar Channel ပရိတ်သတ်အပေါင်း ကျန်းမာရွှင်လန်းစွာဖြင့် (သုခပဋိပဒါ၊ ခိပ္ပါဘိညာ) အကျင့်ချမ်းသာ-လျင်မြန်စွာ သစ္စာသိမြင် ငြိမ်းအေးကြပါစေ။
    🏵 သံသရာစက်ကိုရပ်‌စေပြီး ဓမ္မစက်နှင့် ဝိမုတ္တိစက်တို့ကို လည်စေသော ဓမ္မစကြာ
    ပဝတ္တနသုတ်ကို မြတ်ဗုဒ္ဓ ဟောကြားဆုံးမတော်မူသည်မှစ၍ ကျွတ်တမ်းဝင်ခဲ့သည့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အရေအတွက်ကို ရေတွက်ပြနိုင်ခြင်းမရှိနိုင်ပါ။
    🏵 ဗုဒ္ဓတို့၏ အနန္တမေတ္တာ၊ စေတနာ၊ မဟာဂရုဏာနှင့် ဉာဏ်တော် အမြော်အမြင်တို့ကြောင့် သတ္တဝါတို့၏ စရိုက်၊ သဒ္ဓါ၊ ပါရမီ၊ ဉာဏ်၊ ကံ အလိုက် ချက်ချင်း လက်ငင်း တစ်ဘဝတည်းနှင့် သံသရာပြတ် နိဗ္ဗာန်မျက်မှောက်ပြုနိုင်သော တရားကိုလည်း ဟောတော်မူ၏။
    တစ်ဆင့်ချင်း တစ်ဘဝချင်း အဆင့်မြင့်မြင့်ပြီး သံသရာတွင်း ကျင်လည်ရင်းက နိဗ္ဗာန်မျက်မှောက်ပြုနိုင်သော တရားကိုလည်း ဟောတော်မူ၏။
    🏵 ဆရာကြီး (ဂုဏ်ထူး) ဦးအောင်ခိုင်မှ သူ၏ စာသင်သား တပည့်များအားပေးခဲ့သည့် ‌"ရွှေတိဂုံ စေတီတော်ပေါ်တက်နည်း" ဥပမာလေးကို နှစ်ထောင်းအားရစွာ ကိုးကား တင်ပြပါရစေ။
    " ဘုရားပေါ်မြန်မြန်ရောက်ချင်သူများ "ဓါတ်လှေကား" နဲ့တက်ကြ၍၊ ဖြေးဖြေးအေးအေး ဈေးဝယ်ရင်း၊ လေ့လာရင်း နဲ့သွားချင်သူများ "စောင်းတန်း" ကတက်ကြသည်။
    ဘုရားဖူးရတာချင်း အတူတူ အမြန်လမ်း အနှေးလမ်း မိမိနှစ်သက်လမ်းရာကို ရွေးနိုင်ပါသည်။ "
    🏵 ဆရာဦးမောင်မောင်ကိုယ်တိုင်လည်း သံသရာပြတ်ရာ နိဗ္ဗာန်စခန်းသို့ အနှေးလမ်းဖြင့် နှစ်ပေါင်း(၂၀)ကျော် ကျားကုတ် ကျားခဲ ကြိုးစားခဲ့ရာမှ ဘုရားပေါ်ရောက်ခါနီးမှာ အမြန်လမ်းကို ရှာခဲ့ရာ နောက်ထပ် (၁၀)နှစ်ခန့် လုံ့လပြုပါမှ နည်းပေးလမ်းပြ ဆရာကောင်းများ ထံမှ နည်းမှန် လမ်းမှန်များရရှိခဲ့ပါသည်။
    🏵 သံသရာဖြတ်သည့် အမြန်လမ်းကား အခြားမဟုတ် တရားဦးဓမ္မစကြာ လမ်းကြောင်းပင်ဖြစ်တော့သည်။
    မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်သလိုဆိုရင် "သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မဖြစ်ချင်နေ၊ ယခုဘဝ နိဗ္ဗာန်ရမယ်ဆိုရင် လိုချင်သူများအတွက် နှစ်ကြောင်းပြတ်တရားနဲ့ နိဗ္ဗာန်ရောက်နိုင်၏။"
    ✅ ပရတောဃောသ သပ္ပူရိသဆရာ ကောင်းနဲ့တွေ့ဖို့ပထမ။
    ✅ ယောနိသောမနသိကာရ သဒ္ဒါတရားရှိပြီး နှလုံးသွင်းမှန်ဖို့က ဒုတိယ။
    🏵 အထက်ပါနည်းများအတိုင်း မိမိကိုယ်တိုင်လည်း သစ္စာလေးပါးကိုသိမြင် ကျွတ်တမ်းဝင်ပြီး တစ်ပါးသူများကိုလည်း မိမိနည်းတူ သစ္စာလေးပါးကိုသိမြင် ကျွတ်တမ်းဝင်အောင် ဟောပြောသင်ကြား လမ်းညွှန်နိုင်ခဲ့သူမှာ ဆရာ ဦးမောင်မောင်ဖြစ်ပါသည်။
    မြတ်ဗုဒ္ဓ၏ သတ်မှတ်ချက်အရ ထိုသို့သောဆရာမျိုးကို သပ္ပူရိသဆရာ ဟုခေါ်ပါသည်။
    သာသနာပြုမှတ်တမ်းများကို လေ့လာပြီးနောက် မြန်မာ့ သာသနာလောကအနေနဲ့ကတော့ "မဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ချီးမြှင့်နိုင်ခဲ့ပါသည်။
    🏵 ယခုဆက်လက်တင်ပြလိုသည့် ဆရာ
    ဦးမောင်မောင်ရဲ့ ဓမ္မခရီး နောက်ဆုံးရက်များတွင် တပည့်သာဝကများအား တရားအနှစ်များဖြင့် ဆုံးမ ရှင်းလင်းပေးခဲ့သည့် Zoom Cloud Meeting (11/7/2021) ညနေပိုင်း တရားများဖြစ်ပါတယ်။
    🏵 တင်ပြပါ ရွှေတိဂုံစေတီတော်တက်သည့် ဥပမာကဲ့သို့ပင် စောင်းတန်းမှ တက်သူတို့၏ အမြင်အသိနှင့် တွေ့အကြုံများနှင့် ဓါတ်လှေကားမှ တက်သူတို့၏ အမြင်အသိနှင့် တွေ့အကြုံများ၏ ခြားနားပုံအလား
    "ပညာဝိမုတ္တိလမ်း နှင့် သတိပဋ္ဌာန်လမ်းတို့၏ ခြားနားသော ဝိသေသများကို ရှင်းလင်း ဖြေကြားခြင်း" တရားတော်ကို တင်ဆက်လိုက်ရပါသည်။
    🏵 ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။

ความคิดเห็น • 32