နှစ်သိန်းတန် ကနေ သိန်း ၁၂၀ ထိ (အမေး-အဖြေ) မောင်စိုးသူရထွန်း သုတစုံလင် ဗုဒ္ဓဝင် ပြိုင်ပွဲ

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • သိန်း 120 တန် မေးခွန်းကို
    အောက်မှာ ရေးပေးထားပါတယ်‼️
    ( ၁၀ ) ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲ၌
    သိန်း 60 ဖြင့် Winner ဖြစ်ခဲ့သော မောင်စိုးသူရထွန်း ပဲခူးတိုင်း အုတ်တွင်းမြို့ ဂုဏ်ဆောင်
    ရေအိုးစင် ဓမ္မစကူးလ်မှ ဖြစ်ပါတယ်။
    ကျွန်တော်တို့ သားသမီးတွေလဲ ဂိမ်းစွဲနေတဲ့ချိန် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င် ပြိုင်ပွဲကြီးရဲ့ ( ၁၀ ) ကြိမ်မြောက် ပြိုင်ပွဲကြီးရဲ့ Winner
    ပေါ်ထွက်လာခဲ့ပါပြီ။
    မနေ့က တိုက်ရိုက်ထုတ်လွှင့်မူ့ဖိုင်နယ်ပွဲကို
    ကြည့်လိုက်ရတယ်ဗျ ။ ဒီကလေး ဖြေဆိုသွားတာတွေ အေးချမ်းပြီး တည်ငြိမ်နေတာပဲ ။
    တချို့မေးခွန်းတွေ အောက်က ပရိတ်သတ်တွေ
    သိဖို့ ဝေးစွ ၊ ဗုဒ္ဓ၀င် အတွဲအားလုံးကို
    သေချာလေ့လာထားတဲ့ သူတွေတောင်
    တခါတ‌လေ ဇေဝဇဝါပဲ။ ဒီကလေးက တစ်ခုချင်း
    လက်အုပ်လေး ချီပြီး အေးဆေး တည်ငြိမ်စွာ
    ဖြေသွားပါတယ်။ ကြည့်ရတာလဲ
    အတော် အားရကျေနပ်ဖို့ ကောင်းတယ်။
    သိန်း 60 တန် မေးခွန်းထိ အေးဆေး ဖြေနိုင်ခဲ့တယ်။ နောက်ဆုံး ဖိုင်နယ်မေးခွန်းဖြစ်တဲ့ သိန်း 120 တန်
    မေးခွန်းမှာ ဇဝေဇဝါ ဖြစ်ဟန်တူပါရဲ့
    ဖြေဆိုမှုကို သိန်း 60 နဲ့ ရပ်တန့်မလား❓
    ဆက်ဖြေလို့ မှားသွားရင် ရထားတဲ့
    သိန်း 60 ဆုံးရှုံးမယ်။
    ဆက်ဖြေလို့ မှန်သွားခဲ့ရင်တော့
    သိန်း 120 နဲ့ Winner ဖြစ်မယ်။
    က‌လေးက သိန်း 60 မေးခွန်းထိပဲ ယူပြီး
    နောက်ဆုံး သိန်း 120 တန် မေးခွန်းကို
    ရပ်တန့်လိုက်တယ် ဆက်မဖြေတော့ဘူး။
    ကိုကျော်ထက်အောင်နဲ့ ဘုန်းဘုန်းက သေချာအောင်နောက်တစ်ကြိမ် ထပ်ပြီး အခွင့်ရေးပေးတယ်
    ရှေ့ဆက် ကစားမလား နားမလားပေါ့။
    ကလေးက ဘဲလ် တီးပြီး ပြိုင်ပွဲကို
    ရပ်နားလိုက်တဲ့အတွက် သိန်း 60 နဲ့ပဲ
    Winner ဖြစ်ခဲ့ရတယ်ပေါ့။
    ဒါပေမဲ့ ဘုန်းဘုန်းက သိပ်မကျေနပ်ဘူး။
    ဒီကလေးရဲ့ ဇကို သိတဲ့အတွက်
    အစမ်းလေးတော့ ဖြေသွားပေး သားရယ်ပေါ့။
    ကလေးက ပြုံးပြီး ဖြေကြည့်ပါ့မယ် ဘုရားပေါ့။
    အဖြေက အနာဂါမ် ဆိုပြီး သွားမှန်နေပြန်ရော။
    သိန်း 120 တော့ မရတော့ဘူး။
    ဒါပေမဲ့ ဒီကလေး တော်တယ်ဆိုတာ
    အားလုံးသိပြီးသားမို့ 120 တန် မေးခွန်းလဲ
    မှန်မယ်ဆိုတာ သိလို့ ဖြေခိုင်းခဲ့တာပါ။
    ဒီမေးခွန်းအဖြေကို ကိုကျော်ထက်အောင်ရော
    အောက်က ကြည့်နေတဲ့ ပရိတ်သတ်တွေရော
    မသိခဲ့ပါဘူး။ ဗဟုသုတ တိုးသွားခဲ့ပါတယ်။
    ဒါကြောင့် ဒီနှစ်တော့ သိန်း60နဲ့ Winner
    ဖြစ်ခဲ့တာကြောင့် နောက်နှစ်မှာ
    ဖြေရမဲ့ ပြိုင်ပွဲ၀င်တွေဟာ
    ဒီနှစ် သိန်း120 ကို သိန်း 60 ထပ် ပေါင်းပြီး
    နောက်နှစ် Winner ဟာ သိန်း
    180 အထိ ရရှိသွားမှာ ဖြစ်ပါတယ်။
    " သိန်း ၁၂၀ တန် မေးခွန်း "❓
    =======================
    သာကီ၀င်မင်းသား ၆ ဦး + ဥပါလိဆတ္တာသည်တို့
    ရှင်ရဟန်းပြုချိန်တွင် သုဒ္ဓေါဒန မင်းကြီးသည်
    လောကုတ္တရာ တရားထူး အမြင့်ဆုံး
    ဘယ်အဆင့်ထိ ရရှိခဲ့သနည်း ။
    အဖြေ = အနာဂါမ် လို့ ကလေးက
    အစမ်းဖြေပြ သွားပါတယ်။
    ပြိုင်ပွဲက သူရပ်တန့်ထားပြီးသားမို့
    အဖြေမှန်ခဲ့သော်လည် သိန်း 60 နဲ့ သာ
    ကျေနပ်လိုက်ရပါတယ်။
    ရပ်တန့် ထားခဲ့ပြီးသားမို့ သိန်း 120 ကတော့
    နောက်နှစ် Winner အတွက် ဖြစ်သွားခဲ့ပါပြီ။
    နှမြောလိုက်တာ ညီလေးရာ ... ။
    ဒါပေမဲ့လည်း ဂုဏ်ယူတယ် ညီလေးအတွက် 👏
    ဗုဒ္ဓဘာသာကို မိရိုးဖလာသာသာအဖြစ် မခံပဲ
    မိမိရင်သွေးငယ်တွေ ဘာသာတရားနဲ့ နီးစပ်အောင်
    ဓမ္မစကူးလ်မှာ သင်ကြား ပြသပေးနေတာမို့
    ပေါ့သေးသေးတော့ မထင်လိုက်ပါနဲ့။
    ပြန်လည်မျှဝေပါတယ်
    #buddha #သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ

ความคิดเห็น • 510

  • @thuyalin454
    @thuyalin454 ปีที่แล้ว +53

    တစ်ကယ်တန်ဖိုးရှိတဲ့ အရာကိုကျင်းပတာက တန်ဖိုးဖြတ်မရအောင် ကောင်းမွန်တယ် ဒီလိုမျိုးဗုဒ္ဓဘာသာဆိုင်ရာပွဲတွေများများကျင်းပပေးစေချင်လိုက်တာ

    • @marmarsein9459
      @marmarsein9459 5 หลายเดือนก่อน +4

      ဒီပွဲမျိုးတေများများလုပ်သင့်ပါတယ်

  • @NyiSoeTun
    @NyiSoeTun ปีที่แล้ว +4

    ကောင်းလိုက်တဲ့ပွဲ ဒါမျိုးမှာ့အနှစ်သာရရှိတဲ့ပွဲမျိုး

  • @TeTe-m8v
    @TeTe-m8v ปีที่แล้ว +3

    အလှူရှင်များအားလုံး ကျန်းမာချမ်းသာပြီးဒီထက်မကလှူနိုင်ကြပါစေ

  • @UKyawKyaw-xf2oq
    @UKyawKyaw-xf2oq 3 หลายเดือนก่อน

    ❤❤❤

  • @niniwin-t6n
    @niniwin-t6n ปีที่แล้ว +1

    အရမ်းတော်တဲ့သားလေးဆက်ဖြေနိုင်မှာလဲသိနေပါတယ်

  • @dawhlawine6039
    @dawhlawine6039 ปีที่แล้ว +1

    တော်လိုက်တာသားလေးရယ်

  • @thura8212
    @thura8212 ปีที่แล้ว +48

    ဒီလိုပြိုင်ပွဲတွေအတွက်ပေးတဲ့ဆုတွေက ရရှိသူရော လှူဒါန်းသူပါ တန်ဖိုးရှိလိုက်တာ အတိုင်မသိဝမ်းသာကြည်နူးမိပါသည်

  • @yinmar4787
    @yinmar4787 ปีที่แล้ว +18

    သားလေးတော်ပါတယ် ဗဟုသုတနေရာမှာရော စကားပြောတဲ့နေရာမှာရော ဆက်ပီးကစားမလားမေးတဲ့အချိန်မှာ ဆက်ကစားပါ့မယ်လို့ပြောမသွားဘူး ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဗုဒ္ဓဘုရားရဲ့အကြောင်းကို ကစားမယ်လို့ပြောထွက်သွားမှာစိုးရိမ်မိပါတယ်

  • @ayemyayoungchi8459
    @ayemyayoungchi8459 ปีที่แล้ว +22

    ❤❤❤ဂုဏ်ယူလေးစား မေးခွန်းများကို အားလုံးဖြေဆို ပိုလိုမရှိ ဖြေဆိုဘိ။
    သာဓု သာဓု သာဓုပါ။

  • @zawlinlin8149
    @zawlinlin8149 ปีที่แล้ว +9

    ဦးဆောင်သူများ အလှူရှင်များနဲ့ဖြေဆိုသူအားလုံးကိုကျေဇူးတင်ပါတယ် အကြံပြုလိုတာက ကစားမလား နားမလားဆိုတဲ့စကားအစားဆက်လက်ဖြေဆိုမလား နားမလားဆိုရင်ပိုပြီးနားဝင်ချိုမလားလို့ပါ
    အားကစားမဆန်လောင်းကစားမဆန်ဘဲ ဘာသာရေးပွဲနဲ့ပိုသင့်လျှော်မယ်ထင်လို့ပါ ကျေးဇူးတင်ပါတယ်

  • @chitye-wo1sj
    @chitye-wo1sj ปีที่แล้ว +22

    🙏🙏🙏သာဓု သာဓု သာဓုပါ ဒါမျိုးတွေးများများလုပ်ပေးသင့်ပါတယ်အရန်ကျေးဇူးတင်းပါတယ်

  • @Uzin-d2m
    @Uzin-d2m ปีที่แล้ว +9

    တကယ်တော်တဲ့ခလေး
    ဝမ်းသာပါတယ်ကွာ ငါတို့ မြတ်ဗုဒ္ဓရဲ့ ဘက်တော်သားတွေ တိုးပွါး လာစေရမယ် ကုသိုလ်လဲရ တရားလဲပြည့်

  • @kotharnage635
    @kotharnage635 ปีที่แล้ว +26

    ကစားမလား ဆိုတဲ့အသုံးကို မသုံးစေချင်ပညဘူး ဒါက ဂိမ်းမဟုတ်ပါဘူး
    ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး
    အမြင့်မြတ်ဆုံးပြိုင်ပွဲမျိုးပါ
    ဗုဒ္ဓတရားတော် စာပေ ဆိုတာ
    ကစားစရာမဟုတ်ပါဘူး
    ွအပွင့်လင်းဆုံးပြောရရင်
    ဗုဒ္ဓတရားတော် စာပေတွေကို
    ပျက်ရယ်ပြုခြင်း
    ဟာသလုပ်၍ပြောဆိုခြင်းတွေဟာလည်း
    မပြောသင့် မပြောအပ်ပါဘူး
    သတိထားစေချင်ပါတယ်

    • @htunhtunwin4400
      @htunhtunwin4400 ปีที่แล้ว +2

      လက်ခံပါတယ်ခင်ဗျာ

    • @goldenland5726
      @goldenland5726 ปีที่แล้ว +1

      အဖြေတွေကို A B C D E နဲ့မပေးဘဲ က ခ ဂ ဃ င နဲ့ပေးရင် ပိုအဆင်ပြေမယ်လို့ ယူဆမိပါကြောင်းတပည့်တော်အယူအဆပါဘုရား ။

    • @thiri8905
      @thiri8905 ปีที่แล้ว +3

      မှန်ပါတယ် ကစားမလား မမေးဘဲ ဆက်ကြိုးစားမှာလား လို့ မေးသင့်တယ် အဖြေလည်း က ခ ဂ ဃ လို့ ရေးသင့်ပါတယ်

    • @htuntun2989
      @htuntun2989 5 หลายเดือนก่อน

      ​@@goldenland5726ပွဲက ပီးသွားပီ လေ
      မင်းဂဘာထဖစ်နေတာ😂😂

  • @myahninwaiaung3782
    @myahninwaiaung3782 ปีที่แล้ว +44

    The last answer ကို မင်း သိနေမှာသေချာ‌ပေမယ့် လောဘကိုသတ်ချပြီး စွန့်လွှတ်လိုက်တာက ပိုလေးစားစရာကောင်းတယ်လို့ ခံစားလိုက်ရတယ် ကလေးရေ့

  • @aunglay2631
    @aunglay2631 ปีที่แล้ว +14

    ညီလေးရယ်တော်လိုက်တာကွာ ချီးကျူးပါတယ် ဒီထက်မကအောင်မြင်ပါစေ

  • @mawinechit6544
    @mawinechit6544 ปีที่แล้ว +17

    ဂုဏ်ယူပါတယ် ကလေးရေ ဆိုပေမဲ့ဆရာကြိးပါ

  • @myothihaaung7420
    @myothihaaung7420 ปีที่แล้ว +30

    သာသနာနဲ့ပတ်သက်တဲ့အမေးအဖြေကို ကစားတယ်ဆိုတဲ့အသုံးအနှုန်းမသင့်တော်ဘူးလို့ထင်ပါတယ် ဘုရား။

  • @shinehtetaung-o2k
    @shinehtetaung-o2k 3 หลายเดือนก่อน +1

    ညီလေးမင်းရဲ့ဉာဏ်ကိုယုံတယ် မင်းရဲ့လောဘစိတ်ကိုအဆုံးသတ်ပေးတာမှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ

  • @Uzin-d2m
    @Uzin-d2m ปีที่แล้ว +5

    ဆုငွေထက် မင်းရဲ့ တန်ဖိုးက ပိုကြီးပါတယ် သားရေ

  • @AngleAg-ic8lk
    @AngleAg-ic8lk ปีที่แล้ว +15

    တော်လိုက်တာ မောင်လေးရေဝမ်းသာပါတယ်🎉🎉

  • @KoNyiNyiMinn-e7p
    @KoNyiNyiMinn-e7p ปีที่แล้ว +8

    ဝမ်းသာပီတိ မျက်ရည်ကျမိပါတယ်ဘုရား တကယ်တော်ပါတယ်

  • @KyawMyint-s1n
    @KyawMyint-s1n ปีที่แล้ว +5

    လိုအင်ဆန္ဒလူ့လောဘကိုထိန်းချုပ်နိုင်စွမ်းရှိသည့်သားငယ် ။သာဓု သာဓု သာဓုပါ။

  • @TunTunNaing-ht7jv
    @TunTunNaing-ht7jv 2 หลายเดือนก่อน +2

    ညီလေးရေး အရမ်းမှန်နေရော အားပေးတယ်
    ဆုငွေက အဓိကမကျဘူးနော် အသိပညာက အဓိကဘဲ
    ညီလေး❤❤❤❤❤

  • @SixOne-y3v
    @SixOne-y3v 5 หลายเดือนก่อน +61

    ဘုန်းဘုန်းဘုရားသမီးဒီကောင်လေးမဖြေခင်သမီးလည်းလိုက်ဖြေတာမှန်တယ်တူတူပဲ ပီတိဖြစ်ရပါတယ်ဘုရားးး😊🙏🙏🙏

    • @aungpainghtay5076
      @aungpainghtay5076 5 หลายเดือนก่อน +5

      😂😂😂

    • @khaingwin7123
      @khaingwin7123 5 หลายเดือนก่อน +1

      တပည့်တော်လို့သုံးနုန်းပါညီမလေး

    • @TharKiThway-n6l
      @TharKiThway-n6l 5 หลายเดือนก่อน +2

      တော်တယ် သမီး

    • @KoKo-tu9df
      @KoKo-tu9df 5 หลายเดือนก่อน +3

      ဒါဆို သိန်း120အဖြေကဘာဲ
      သုဒ္ဓေါဒနမင်းကြီး လောကုတ္တရာ ဘယ်ရားထူးလဲ😂😂

    • @YeYint-g3v2q
      @YeYint-g3v2q 5 หลายเดือนก่อน +1

      ​@@KoKo-tu9dfနောက်ဆုံးမေးခွန်းလည်းဖြေပေးထားတယ်လေအဆုံးထိမကြည့်ဘူးလား.

  • @SuWai-j2l
    @SuWai-j2l ปีที่แล้ว +12

    တော်လိုက်တာဂုဏ်ယူပါတယ်သာလေးရယ်

  • @ayeayemyint7149
    @ayeayemyint7149 3 หลายเดือนก่อน +3

    လေးစားပါတယ်မောင်လေးရယ်
    တော်လိုက်တာ
    ကိုယ့်လိုချင်စိတ်ကိုအသိဉာဏ်နဲ့ထိန်းချုပ်ပြီး
    မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်
    လေးစားပါတယ်
    သာသနာရဲ့ထောက်တိုင်ကြီးဖြစ်မယ့်
    သားကောင်းရတနာလေး
    ဂုဏ်ယူပါတယ်

  • @kyawkyaw3110
    @kyawkyaw3110 ปีที่แล้ว +5

    ဆက်ဖြေမလားမဟုတ်ဖူးလား ကျော်ထက်အောင်
    ဘယ်လိုဆက်စကားလားလည်းဘုရားစာတွေလေ စကားတာလား

  • @zawzaw23782
    @zawzaw23782 4 หลายเดือนก่อน +3

    သာဓုသာဓုသာဓုသေချာမဖြေပဲနေခဲ့ဖြစ်မယ်လေးစားကလေးရယ်

  • @angryboy9908
    @angryboy9908 ปีที่แล้ว +6

    လူငယ်တွေအတုယူသင့်ပါတယ်ကျွန်တော်အပါအဝင်ပါ

  • @thureinlinkhant6128
    @thureinlinkhant6128 ปีที่แล้ว +2

    ကျွန်တော်ဆရာကြီးတော့မဟုတ်ပါဘူးမေးခွန်းများဖြေဆိုနိုင်ခဲ့ပါတယ်

  • @ZawMyoAung-t2h
    @ZawMyoAung-t2h หลายเดือนก่อน

    The last question ko မသေချာရင်နားတာပဲကောင်းပါတယ်

  • @yoonwati68
    @yoonwati68 ปีที่แล้ว +139

    မဂ်လာပါ....ဒီလိုမျိုးကျင်းပနိုင်ဖို့စတင်တွေးပေါ်လာသောလူဖြစ်စေ..သံဃာဖြစ်စေအရမ်းလေးစားမိပါတယ်....ဝိုင်းဝန်းကူညီဆောင်ရွက်သူများရော...အလှုရှင်များလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ....

    • @dawkhe5566
      @dawkhe5566 ปีที่แล้ว +8

    • @naungnaung7915
      @naungnaung7915 ปีที่แล้ว +6

      ဟုတယိ့ဗျာ❤

    • @myinthan7413
      @myinthan7413 ปีที่แล้ว +4

      ကျင်းပပေးတဲ့ပုဂ္ဂိုလ်များနှင့်ဖြေဆိုကြသောစသာသနာ့အကျိုးဆောင်များကိုများစွာဂုဏ်ယူလေးစားပါတယ်ခင်ဗျာ။

    • @godoofwar8956
      @godoofwar8956 ปีที่แล้ว +1

      👮👮
      GTA2

    • @UKhinAung-th5eb
      @UKhinAung-th5eb ปีที่แล้ว +1

      @@dawkhe5566 ccțcr

  • @MoMo-ju4cl
    @MoMo-ju4cl 4 หลายเดือนก่อน +4

    စမ်းချင်သလိုစမ်း မောင်ဘဂျမ်းလေးပါကွာ ဂုဏ်ယူလေးစားပါတယ် သားလေးရယ်❤❤❤

  • @lulinpyo913
    @lulinpyo913 ปีที่แล้ว +43

    သာဓု သာဓု သာဓုပါဘုရား လမ်းမှားရောက်သွားစေမည့်လူငယ်များစွာအတွက် များစွာအကျိုးရှိပါတယ် ခုခေတ်လူငယ်တွေကိုဒီလိုဘာသာရေးအသိလေးတွေရရှိအောင် ဆောင်ရွက်ပေးနိုင်လို့များစွာကြည်နူးမိပါတယ်ဘုရား🙏🙏🙏

  • @kophyo-r2w5b
    @kophyo-r2w5b 4 หลายเดือนก่อน +3

    ဗုဒ္ဓဘာသာအလေးအနက်လေ့လာတဲ့သားလေး ကျမ္မာပျော်ရွှင်ပါစေ ကြီးပွားတိုးတက်ပါစေ

  • @DawAyeAye-f2m
    @DawAyeAye-f2m ปีที่แล้ว +2

    ဆရာတော်အရှင်ဘုရားကို ရိုသေစွာလက်စုံမိုး၍ တပည့်တော် ကန်တော့ပါသည်။ဗုဒ္ဒဝင် ဝင်ကြည့်မိတော့ တပည့်တော် မိမိကိုကိုယ် ရှက်မိပါသည်။ဖြေသွားတဲ့ သာသနာအာဇာနည် ညီလေးပြီးပြည့်စုံအောင် အရမ်းတော်ပါသည်။ဒီထက်လဲ အများကြီးလေ့လာမှတ်သားနိုင်ပြီး သာသနာအကျိုး ပိုမိုထမ်းဆောင်နိုင်ပါစေ။သယလီစွပါ။

  • @HanNiSuAung
    @HanNiSuAung 5 หลายเดือนก่อน +2

    ဘုန်းကြီးတွေကိုတိုင်ကစကားအသုံးနူန်းတွေပြင်ပေးဖို့လို့ပါတယ် ယဥ်ကျေးမူသင်ပြပေးနေတဲ့ သာသနာခေါင်းဆောင်တွေကလမ်းမှားရောက်ကုန်ပါမယ်ဘုရား အစီစဥ်တင်ဆက်သူတောင်စကားလွတ်အောင်ဖြေဆိုနိုင်သေးတာပဲဘုန်းဘုန်းရယ်😢

  • @kkmza1122
    @kkmza1122 4 หลายเดือนก่อน +1

    သားလေးမင်းကြိုးစားပါ❤မင်တော်တယ်ကြိုက်တယ်❤အားပေးတယ်❤ဂုဏ်ယူတယ်ဆက်လက်ကြိုးစားပါ❤ကြိုးစားရင်ဘုရားတော်ဖြစ်နိုင်❤အားမငယ်ပါနဲ့သားလေးအောင်မြင်ပါစေ

  • @Kosithubo
    @Kosithubo ปีที่แล้ว

    7:50 မိနစ်လောက်မှာ ဆက်ပြီးဖြေဆိုမလားလို့မေးရမှာဆက်ပြီးကစားမလားလို့မေးတော့ ဒီလိုမျိုးမြတ်စွာဘုရားရဲ့သာသနာတော်တွင်းမှာ ဘာသာတရားကို ကစားပွဲလိုလုပ်နေကြပြီလား??။ ဒါလား ဗုဒ္ဓဘာသာ? ဒီvideo ကြည့်တဲ့သူတွေရောဘယ်လိုထင်လဲ??
    ဘယ်လိုပဲဖြစ်ဖြစ် ဖြေဆိုတဲ့ညီငယ်လေးအရမ်းတော်ပါတယ်၊

  • @kohtetpyay8090
    @kohtetpyay8090 ปีที่แล้ว +1

    အဖြေABCတေွမထည့်သင့်ပါဘူးအခုကအဖြေပေါ်နေတယ်ထေရဝါဒဗုဒဘာသာဝင်ဖြစ်စေဘို့ပါ

  • @SandarSoe-tz4sn
    @SandarSoe-tz4sn 3 หลายเดือนก่อน +1

    ကျွန်မသမီးလေးလည်းအဲ့လိဖြစ်စေချင်လိုက်တာ

  • @yinyinaye2157
    @yinyinaye2157 ปีที่แล้ว +3

    အဲ့လို ရေးရမယ်မှန်း သိပါတယ် မရေးတတ်လို့ မဟုတ်ပါဘူး ရေးလို့ မရ လို့ နားလည်လွယ် တဲ့ စာသားမျိုး နဲ့ ရေးလိုက်တာပါ

  • @SV.11
    @SV.11 4 หลายเดือนก่อน

    စာတွေ ဘယ်လောက်ကျက်ထားသလဲ..ဘယ်လောက်မှတ်မိသလဲ ဆိုတာထက် မပိုပါဘူး..မြတ်စွာဘုရား ဘယ်ကျောင်းမှာနေတာက အရေးကြီးလို့လား ..ဘယ်မြို့မှာနေတာက အရေးကြီးလို့လား..ဗုဒ္ဓပေးချင်တာကတခြား..ငါတို့ရနေတာက တခြားဖြစ်နေတာဘဲ..ဒါကြောင့်လဲ သူခိုးတွေက ခိုးရင်းနဲ့ချမ်းသာလာတယ်..
    သူခိုးစားတဲ့အပြစ်တွေကျေဘို့ ဘုန်းကြီးတွေကိုလာဒ်ထိုးကြတယ်..

  • @hlathitsarkyi8361
    @hlathitsarkyi8361 ปีที่แล้ว +2

    ဖြေဆိုရန်အသက်ကန့်သတ်ချက်ရှိပါလား ဘယ်လိုလျှောက်ထားရပါလည်း ရှင်

  • @ohnmarkhin6751
    @ohnmarkhin6751 ปีที่แล้ว +2

    အရမ်းကိုလေးစားပိတီဖြစ်ရပါတယ် ကလေးတွေလဲအရမ်းတော်ပါတယ်

  • @lamimlamim5464
    @lamimlamim5464 ปีที่แล้ว +22

    မဂ်လာပါ -စီစဥ်သူအရမ်းတော်ပါတယ်

    • @uaungnaing3211
      @uaungnaing3211 5 หลายเดือนก่อน +1

      သာသနာပြုမဟာလုပ်ငန်းဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ် ။
      သာဓု သာဓု သာဓု။

    • @dawnayethan3406
      @dawnayethan3406 5 หลายเดือนก่อน

      သာဓုသာဓုသာဓုပါ

  • @ChawSuSuWin-m7q
    @ChawSuSuWin-m7q 4 หลายเดือนก่อน

    တန်ဖိုးမဖြတ်နိုင်တဲ့အရာကိုကျင်းပပေးတာပဲစီစဉ်သူရောchanelကိုရောကျေးဇူးတင်ဂုဏ်ယူပါတယ်ဖြေဆိုသူကလေးကိုအတိုင်းမသိဂုဏ်ယူပါတယ်

  • @kokokoko-hy6hb
    @kokokoko-hy6hb 3 หลายเดือนก่อน

    အရှင်ဘုရားများများအဖြေးတွေပေါ်လွင်အောင်မြန်မာပြည်ကလူတွေသိအောင်များများလေးမေးတော်မူပေးပါဘုရားပိုက်ဆံကိုမဦးတည့်ပါနဲ့ဘုရား

  • @MeeLay-h9f
    @MeeLay-h9f 4 หลายเดือนก่อน

    ❤သာဓုသာဓုသာဓုပါအသိတေဖြန့်ဝေလှူဒါန်းပေးကမ်းပေးသောဆရာတော်ကြီးများရောဖြေကြားသူရောအလှူငွေလှူပေးသူတေပါအားလုံးကျမ်းမာချမ်းသာကြပါစေ

  • @aungminmyk-ft1zh
    @aungminmyk-ft1zh ปีที่แล้ว +5

    တော်လိုက်တာဆက်လက်ကြိုးစားပါခလေးရယ်

  • @yeefather1611
    @yeefather1611 หลายเดือนก่อน +1

    သားလေးရယ် ဦးလေးက မျက်ရည်ပါကျပါတယ်...

  • @koyingyi9662
    @koyingyi9662 3 หลายเดือนก่อน

    အရွယ်နဲ့မလိုက်အောင်တော်လိုက်တာညီလေးရယ်အနက်ရှိဆုံးအရာတွေမို့ဘယ်အရာနဲ့မှမလှဲနိုင်ပါဘူးညီလေးရယ်ဂုဏ်ယူပါတယ်နော်😊❤❤

  • @angelsky163
    @angelsky163 ปีที่แล้ว +6

    ကစားမလားလို့မမေးပါနဲ့ကွယ်
    ဖြေမလားမဖြေဘူးလားမေးပါနော်

  • @NanNan-jv3qg
    @NanNan-jv3qg ปีที่แล้ว +2

    ဂုဏ်ယူမိပါတယ် ဒီလိုဗုဒ္ဓသာသနာကို လေ့လာလိုက်စားအတုယူမုန်တဲ့ကလေးလေးတေရှိနေတာကို ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဂုဏ်ယူဝမ်းမြောက်မိပါတယ်❤❤❤❤❤

  • @winkaran8350
    @winkaran8350 ปีที่แล้ว +16

    လေးစားပါတယ်သားလေးရေ ဂုဏ် ယူပါတယ် သာဓုသာဓုသာဓုပါ ရှင်

    • @htaynaingoo7750
      @htaynaingoo7750 ปีที่แล้ว +1

      အမျိုး ဘာသာ သာသနာ ထွန်းကားတောက်ပနိုင်စေဖို့ အထောက်အပံ့ပါ မှတ်ချက် ။ ဟိုပါတီက ငနီတွေမမြင်ပါစေနဲ့

  • @soethu3496
    @soethu3496 3 หลายเดือนก่อน

    အဲ့ကိုယ်တော် အဂတိသမား
    ဒီကောင်လေးကြတော့
    မပေးချင်လို့ ရစ်နေတာ
    ဟိုကလေးမကြတော့ မှားနေတာသိရဲ့သားနဲ့ပေးခဲ့တယ်

  • @HtetHtet-ls4nz
    @HtetHtet-ls4nz ปีที่แล้ว +3

    လေးစားဂုဏ်ယူမိပါတယ် သာဓုပါ🙏🙏🙏🙏🙏

  • @waiwarr6675
    @waiwarr6675 ปีที่แล้ว +2

    ကျော်ထက်အောင်ကို
    ဘာလို့ခေါ်ထားသေးတုန်းဟ
    ဘုန်းကြီးနဲ့တင်ရနေပီလေ 😅

  • @zawtissara4734
    @zawtissara4734 ปีที่แล้ว +10

    သာဓုသာဓုသာဓု 😘😍

  • @ZinKoHtet-br3ul
    @ZinKoHtet-br3ul 3 หลายเดือนก่อน +1

    အဲလိုသာသနာပတ်သက်တဲအကြောင်းလေးတေကိုပြိုင်ပွဲကျင်ပ​ပေးလိုအထူးဝမ်း​ေုမာက်ပါတယ်ဘုရား

  • @PanPwint-op5vp
    @PanPwint-op5vp 3 หลายเดือนก่อน

    ❤❤❤❤❤okသားလေးအောင်ပွဲဆုကြီးရရှိပါစေအဘဆုတောင်းပေးလိုက်ပါသည်

  • @vivos1-kt2vu
    @vivos1-kt2vu 3 หลายเดือนก่อน

    ဟုပ်တဲဘုန်ဘုန်းဘုရားတပည်တော်လဲသာလေးမဖြေခင်သမီးကြည်နေရင်နဲဖြေတာအတူတူပါပဲဘုရားဝမ်းသာပိတိဖြစ်ရပါတဲဘုရာ

  • @kyawGyi-io8lb
    @kyawGyi-io8lb ปีที่แล้ว +2

    ကျေးဇူးပါဗျာဒါမှတကယ့်ဗုဒညဓဘာသာအစ်ပါဇဗျာ

  • @shinehtetaung-o2k
    @shinehtetaung-o2k 3 หลายเดือนก่อน

    ကစားမလား နားမလားလို့မသုံးသင့်ပါ ဒီပွဲကဘာသာရေးပွဲပါအားကစားပွဲမျိုးမဟုတ်ပါ

  • @kyawkyaw3110
    @kyawkyaw3110 ปีที่แล้ว +3

    ဘယ်လိုဆက်စကားမလားမေးတာလည်းဘုန်းဘုန်း
    စည်းကမ်းရှိပါဘုန်းဘုန်းဖြေမလားပဲမေးရပါမယ် ဘုန်းဘုန်း

  • @thuTa-m6z
    @thuTa-m6z 3 หลายเดือนก่อน

    ကျင်းပပေးတဲ့ဘုန်းဘုန်းတွေကူညီတဲ့အလှုရှင်အားလုံးလေးစားပါတယ်

  • @doublem2205
    @doublem2205 หลายเดือนก่อน

    သူက တမင်မဖြေတာပါ မေးခွန်းအရင်ပြထားတာကို မသိရင် အစောကတည်းကနားမှာပေါ့

  • @shweyaminoo1786
    @shweyaminoo1786 3 วันที่ผ่านมา

    အရွယ်သုံးပါးလုံး အတွက် ကုသိုလ်များစွာတိုးရပါတယ်🙏🙏🙏

  • @kyawnyo6166
    @kyawnyo6166 ปีที่แล้ว

    လိမ်မာယဥ်ကျေးတဲ့လူငယ်တွေပေါ်ထွက်လာဖို့လိုတယ်နိုင်ငံတော်ကြီးအေးချမ်းတိုးတက်ဖို့အသိညာဏ်ပညာကြီးမားပြီးယဥ်ကျေးတဲ့သူတွေနေရာရဖို့လိုတယ်ရိုင်းစိုင်းရက်စက်ယုတ်မာတဲ့သူတွေနေရာရရင်တော့နိုင်ငံကသွားပြီ

  • @waiyanpunkemo6533
    @waiyanpunkemo6533 3 หลายเดือนก่อน

    တရားဓမ္မတွေကိုဖြေဆိုပြီးရရှိတဲ့ဆု‌ကြေးထိုက်တန်မွန်မြတ်လှပါတယ်

  • @htayhtay9272
    @htayhtay9272 5 หลายเดือนก่อน

    ၁၂၀ တန်မေးခွန်း ဖြေလို့ မမှန်ခဲ့ရင် သိန်း ၆၀ ပါ မရတော့ဘူးလား။

  • @jgbv4663
    @jgbv4663 ปีที่แล้ว +5

    တော်လိုက်တာကွယ်

  • @myatmyat2650
    @myatmyat2650 ปีที่แล้ว +1

    ဘုန်းကြီးကိုယ်တိုင်ကကစားမလားနားမလားမေးနေတာပြောစကားတွေကပေါ့ပျက်လွန်းအားကြီးတယ်

  • @lk84009
    @lk84009 5 หลายเดือนก่อน +1

    ဒီလိုသားလေးမျိုး မြန်မာနိုင်ငံမှာ များများ ပေါ်ထွန်းလာစေချင်ပါတယ်

  • @myatmyat2650
    @myatmyat2650 ปีที่แล้ว +1

    ဆက်ကစားမလားနားမလားမေးရအောင်ဗုဒ္ဓဝင်စာမေးပွဲကဂိမ်းဆော့နေတာလား

  • @khingthazin3624
    @khingthazin3624 ปีที่แล้ว +3

    သာဓု.သာဓု..သာဓု..ပါဘုရား..တော်တော်ကောင်းသည့်အစီအစဉ်ဖြစ်ပါတယ်ဘုရား

  • @DawThanThanWin-qn4vj
    @DawThanThanWin-qn4vj 4 หลายเดือนก่อน +2

    ချီးကျူးဂုဏ်ယူပါတယ် သားရေ

  • @mariastella7909
    @mariastella7909 26 วันที่ผ่านมา

    ဘာစကူးလ်လဲ?ကျောင်းဆို ကျောင်းပေါ့?ဘိုကဆန်ချင်သေးတယ်။

  • @minmin-jz7fl
    @minmin-jz7fl ปีที่แล้ว +3

    သာဓုသာဓုသာဓု
    ကလေးကတော်ပါတယ်
    ဘုန်းဘုန်းကလည်းအဖြေabcdရွတ်ပြရင် လေသံအယူအသိမ်းကတမျိုးနော်😅

  • @HsanHtetLinAndPwintOoMarKingFa
    @HsanHtetLinAndPwintOoMarKingFa 5 หลายเดือนก่อน

    ကစားမလားဆိုတဲ့အသုံးအနှုန်းကိုတော့သိပ်မက​ြကြ်မိဘူးဘုရား

  • @ZarZar-i5m
    @ZarZar-i5m 7 วันที่ผ่านมา

    သားလေးဖြေနိုင်မယ်လို့အမ်တီယုံကြည်ပါတယ်

  • @suyi1338
    @suyi1338 ปีที่แล้ว +2

    မေးတော်မူတဲ့ဆရာတော်က
    ဘာရောင်ကြီးဝတ်ရုံထားတာပါလဲ
    မိုးပြာဂိုဏ်းများဖြစ်နေလား

    • @kaythi7353
      @kaythi7353 ปีที่แล้ว

      ဆလိုက်အလင်း​ရောင်​ကြောင့် အ​ရောင်​ပြောင်းသွားတာပါ

  • @kyawkoko3876
    @kyawkoko3876 3 หลายเดือนก่อน

    အဲ့တိုင်း​ေ​တွ ဘယ်အစိုးရကအတည်ပြုထားလဲ သိပါရစေ

  • @bohtain1756
    @bohtain1756 4 หลายเดือนก่อน

    စီစဉ်သူက ဘာလို့ ဘုန်းကြီးကို ထည့်ထားလဲ လိုမှမလိုတာ

  • @KaungKinPyar-n6g
    @KaungKinPyar-n6g ปีที่แล้ว +1

    လိုက်ဖြေကြည့်တယ် တစ်ခုမှမမှန်ဘူး
    တော်တယ် လေးစားတယ် အားရှိတယ်

  • @aungzayarphyoaungzayarphyo-q9h
    @aungzayarphyoaungzayarphyo-q9h 3 หลายเดือนก่อน

    တော်လိုက်တဲ့လူငယ်တွေအရမ်းချီးကျူးပါတယ်

  • @ဂျီးတော်
    @ဂျီးတော် ปีที่แล้ว +1

    ကစားမလားလို့တော့ မပြောသင့်ဘူးထင်ပါတယ်ဘုရား

  • @minimobile8996
    @minimobile8996 ปีที่แล้ว +4

    တကယ်တော်တဲ္ခလေးဘဲ

  • @maymau5822
    @maymau5822 ปีที่แล้ว +6

    တော်လိုက်တာ.😮😮😮.😊😊

  • @NayLin-bb3gl
    @NayLin-bb3gl 4 หลายเดือนก่อน

    ဘာလုပ်လုပ်ထောက်ပြတဲ့ စောက်ဆရာကြီးတေဆိုတာရှိတယ်

  • @KhaingLay-r7c
    @KhaingLay-r7c 4 หลายเดือนก่อน +1

    တော်လိုပ်တာကလေးရယ်ဝမ်းသာလိုပ်တာ

  • @aungmobile-wn5pn
    @aungmobile-wn5pn ปีที่แล้ว +8

    သာဓုသာဓုသာဓုပါသားရေ😊😊

  • @winminthuayeayeaung
    @winminthuayeayeaung 5 หลายเดือนก่อน +3

    ဂုဏ်ယူပါတယ်မောင်လေးရေ🎉🎉🎉😊😊❤❤❤

  • @kolay7951
    @kolay7951 3 หลายเดือนก่อน

    သိပြီးလက်တွေ့မကျင့်သုံးရင်စောက်ပိုပဲ

  • @PHOEZAW-du9px
    @PHOEZAW-du9px 5 หลายเดือนก่อน +1

    ကျေးဇူးတင်ပါတယ်ဗျ။
    အခုလိုသုတစုံလင်။
    ဗုဒဝင်ပြိုင်ပွဲ

  • @chitye-wo1sj
    @chitye-wo1sj ปีที่แล้ว +1

    အလှူရှင်းတွေးဒီထက်မကလှူနိုင်ပါစေ

  • @KoKo-zv4su
    @KoKo-zv4su ปีที่แล้ว

    ပထမအနေနဲ့ ပွဲစီစဉ်သူ တွေအရမ်းလေးစားတယ်
    ဒီလိုပြိုင်ပွဲ ထေရဝါရနိုင်ငံမယ်ကျင်းပသင့်တာ ကြာပြီ
    ဒတိယ ကုသိုလ်ရှင်တွေ ဝမ်းသာပီတိဖြစ်ရပါတယ် ဆုကြေးတွေအရမ်းမြင့်တော့ အံ့သြရတယ်

  • @KoKo-vp2zl
    @KoKo-vp2zl ปีที่แล้ว +11

    သာဓုသာဓုသာဓုပါ ကျန်းမာချမ်းသာကြပါ​စေ

  • @SoeSoe-ni2gr
    @SoeSoe-ni2gr ปีที่แล้ว +1

    လေးစားလျှက်ပါ လူချွန်လူတော်လေးများ ဆက်လျှက်တည်တံ့ပါစေ

  • @myahninn1397
    @myahninn1397 ปีที่แล้ว +4

    ချိလိုက်တာသားလေးရယ်လေးစားပါတယ်