•တက် နေ ဝန်း မိသားစုရဲ့ နောက်ထပ် ကြည်နူးစရာ အ လှူ လေး တစ် ခု အား ပြု လုပ် ခဲ့ ကြ ပါ တယ် •

แชร์
ฝัง
  • เผยแพร่เมื่อ 27 ต.ค. 2024
  • 📌31.7.2023 (မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၄ ရက်နေ့)
    တက်နေဝန်းမိသားစုရဲ့ နောက်ထပ်ကြည်နူးစရာအလှူလေးတစ်ခုအား ပြုလုပ်ခဲ့ကြပါတယ်။
    ဒဂုံဆိပ်ကမ်းမြို့နယ်တွင်နေထိုင်သော ဝမ်းရေးခက်ခဲနေသူ အချို့အား ဝမ်းရေးတစ်နပ်စာ ဖူလုံနိုင်ရေးအတွက် ဆန်နှင့်ကြက်ဥ အချို့ကို ပေးကမ်းလှူဒါန်းဖြစ်ခဲ့ကြပါတယ်။
    အလှုရေစက်လက်နှင့်မကွာ ၊ မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုသလို ကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘဝမှာ ပြုလုပ်လို့ရနိုင်တဲ့ အလှူဒါနများစွာရှိပါတယ်။ငွေကြေးဖြင့် မဟုတ်သော်လည်း နေ့စဥ် ပေးကမ်းနိုင်သောအလှူ(၇)မျိုးရှိပါတယ်။
    (1) ပြုံးရွှင်သော မျက်နှာအမူအယာဖြင့် အလှူဒါနပြုခြင်း
    (2) ချိုသာသောစကား/ နှုတ်ဖြင့် အလှူဒါနပြုခြင်း
    (3) ဖြူစင်သောစိတ်ထား/စိတ်ဖြင့်အလှူဒါနပြုခြင်း
    (4) ကောင်းကွက်ကို ကြည့်ပေးခြင်း/ အမြင်ဖြင့် အလှူဒါနပြုခြင်း
    (5) ကာယဖြင့် ကူညီခြင်း/ကာယအားဖြင့် အလှူဒါနပြုခြင်း
    (6) နေရာထိုင်ခင်း အလှူဒါနပြုခြင်း
    (7) နေအိမ်အလှူဒါနပြုခြင်း
    ထိုသို့လှူသော အကျင့်ကောင်းရှိသူ၏ နောက်သို့ အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာလိုက်လာလိမ့်မည်ဟု ဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
    ထို့ကြောင့် နေ့စဥ်နှင့်အမျှ အလှူဒါန ပြုလုပ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း သာဓုခေါ်ဆိုလိုက်ရပါတယ်ရှင်။
    #charity #tatnaywonrealestate
    #အလှူဒါန

ความคิดเห็น • 2

  • @zinmin9224
    @zinmin9224 ปีที่แล้ว +1

    ဒီထက်မကများများလှူနိုင်ပေးနိုင်ကမ်းနိုင်ကြပါစေလို့အစည်လေးစားလျက် လိုအင်မှန်သမျှပြည့်စုံနိုင်ပါစေဆုတောင်းပြည့်စုံနိုင်ပါစေဆုတောင်းပေးပါတယ်ခဗျား

    • @royaltatnaywon
      @royaltatnaywon  ปีที่แล้ว

      ပေးတဲ့ဆုနဲ့ အများကြီး ပြည့်ပါစေရှင့် ☺️🙏