မြန်မာ ရှောက်သီး အလွမ်းပြေ "အလွမ်းပြေ ရှောက်"

แชร์
ฝัง
  • เผยแพร่เมื่อ 2 ต.ค. 2024
  • တစ်နိုင်ငံကနေ တစ်နိုင်ငံကို ကုန်ပစ္စည်း နဲ့ အစားအသောက်တွေ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ ရောင်းချလာကြတဲ့ ဒီခေတ်ကြီးထဲမှာ အမေရိကန် ပြည်ထောင်စုရောက် မြန်မာလူမျိုးတွေတွက် မြန်မာပြည်ကရောက်လာတဲ့ မြန်မာ လူသုံးကုန်ပစ္စည်းတွေ နဲ့ စားသောက်ကုန်တွေဆိုတာကလည်း ပိုက်ဆံပေးတိုင်း အလွယ်တကူ ၀ယ်လို့ရနေတဲ့ "လိုတရ" ပစ္စည်းတွေ ဖြစ်နေတာပါ။ ဒါပေမဲ့ ပိုက်ဆံပေးတိုင်း ၀ယ်စားလို့ မရတဲ့ အစားအသောက်တချို့တော့ ရှိနေပါသေးတယ်။ အဲဒီအထဲက တစ်ခုကတော့ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ပြီး သုပ်စားမှ အာသာပြေစေမယ့် မြန်မာ ရှောက်သီးသုပ်ကလည်း တစ်ခုအပါအ၀င်ပါ။ အမေရိကန် ပြည်ထောင်စုထဲမှာ မြန်မာ ရှောက်သီး လတ်လတ် ဆတ်ဆတ်ကို ခူးပြီး သုပ်စားခွင့်ရဖို့ဆိုတာ အမေရိကန် ပြည်ထောင်စုက မြန်မာအများစုအတွက်တော့ အခုအထိ အိမ်မက်တစ်ခုအနေနဲ့ပဲ ရှိနေဆဲပါ။
    မြန်မာ ရှောက်သီး လတ်လတ်ဆတ်ဆတ် စားခွင့်မရသေးတဲ့ မြန်မာတွေအတွက် မြန်မာရှောက် အလွမ်းပြေအဖြစ် မြန်မာ ရှောက်သီး နဲ့ အရသာ တစ်ထပ်တည်းတူတဲ့ "အလွမ်းပြေ ရှောက်" ကို အမေရိကန် ပြည်ထောင်စုထဲမှာ ဘယ်လို စိုက်ပျိုးပြီး စားလို့ရသလဲဆိုတာကို ဒီ video ထဲမှာ ပြောပြပေးထားပါတယ်။

ความคิดเห็น •