ဝေသာလီပြည် Vaishali ရတနာသုတ်

แชร์
ฝัง
  • เผยแพร่เมื่อ 12 พ.ค. 2024
  • India နိုင်ငံ၊ Bihar ဗီဟာပြည်နယ်မြောက်ပိုင်း၊ : Vaishali အရပ်သည် ဗုဒ္ဓဘုရားသခင် သက်တော်ထင်ရှားရှိစဉ်အခါက ဝေသာလီပြည် တည်ရာဌာန ဖြစ်သော်လည်း ယခုအခါတွင်မူ ရှေးဟောင်းသုတေသနနေရာ တစ်ခုအနေဖြင့် တည်ရှိနေသည်။
    အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ပေါသထသုတ် ပါဠိတော်လာ တိုင်းကြီး ၁၆ တိုင်းအဝင် ဝဇ္ဇီတိုင်း၊ လိစ္ဆဝီမင်းတို့၏ မြို့တော်လည်းဖြစ်သည်။ ပထမဆုံးသော သမ္မတနိုင်ငံများအနက် တစ်ခုအဖြစ်လည်း မှတ်ယူကြသည်။ ဘီစီ ၄၈၃ တွင် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ အာယုသင်္ခါရလွှတ်တော်မူခဲ့ရာ အရပ်ဖြစ်သလို၊ ဘီစီ ၃၈၃ တွင် ကာလောသောကမင်း ဦးဆောင်၍ ဒုတိယ သင်္ဂါယနာ ပြုလုပ်ခဲ့ရာ နေရာလည်းဖြစ်သည်။
    မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် ရောက်သောကာလ ဝေသာလီပြည်သည် မိုးခေါင်၏၊ ငတ်မွတ်၏၊ ကောက်ပဲသီးနှံတို့ညံ့ဖျင်း၏။ ငတ်မွတ်သောဘေး၊ ဘီလူးဘေး၊ အနာဘေးအားဖြင့် ဘေးသုံးပါးတို့ကျရောက်၏။
    ဝေသာလီပြည်သူ ပြည်သားတို့ စည်းဝေး၍ မြတ်စွာဘုရားအား ဝေသာလီပြည်သို့ ပင့်ဖိတ်ရန် သောတပန်ဖြစ်သော မဟာလိမည်သည့် ဝဇ္ဇီမင်းနှင့် ပုရောဟိတ် ပုဏ္ဏားသားတို့ကို ရာဇဂြိုဟ်ပြည် သို့ စေလွှတ်လိုက်လေသည်။
    ဝေသာလီပြည်၌ ရတနာသုတ်ကို ဟောသဖြင့် ပရိတ်တော်၏ အာဏာတော်သည် စကြဝဠာ ကမ္ဘာတစ်သိန်းနှံ့လတ္တံ၊ ဒေသနာအဆုံး၌ ၈၄ဝဝဝ ကုန်သောဝေနေယျတို့ အကျွတ်တရား ရကုန်လတ္တံ့၊ ထိုဘေးတို့သည်လည်း ငြိမ်းကုန်လတ္တံ့ဟုမြင်တော်မူသည့် အလျောက် ဝေသာလီပြည်သို့လိုက်ကြွတော်မူရန် ပင့်လျှောက်သည်ကို ဘုရားသခင် ဝန်ခံတော်မူလေသည်။
    ဘုရားသခင် ကြွလာတော်မူသည်ကို ဝဇ္ဇီမင်းများသည် ဂင်္ဂါမြစ်ရေသို့ လည်တိုင်အောင် ဆင်းသက်၍ ကြိုဆိုပင့်ဆောင်ကြလေသည်။
    မြတ်စွာဘုရားသည် ဝေသာလီဘက်ကမ်းနားကိုနင်းကာမျှဖြင့် ကြီးစွာသောမိုးသည် ရွာ၏။ အလုံးစုံသောဝေသာလီတိုင်း၌ ပုဆစ်ဒူးမျှရှိသော ရေအယဉ်တို့သည် စီးကုန်လျက်ခပ်သိမ်းသောအရပ်၌ အကောင်ပုပ်တို့ ဂင်္ဂါမြစ်ထဲသို့ စီးဝင်ကြကုန်သဖြင့် မြေများ သန့်ရှင်းစင်ကြယ်လာလေသည်။
    မြတ်စွာဘုရားလည်း ညချမ်းသောအခါ မြို့တံခါး၌ရပ်၍ အာနန္ဒာမထေရ်ကိုခေါ်ကာ ရတနာသုတ်ပရိတ်ကို တတ်အောင်သင်စေပြီးလျှင် မင်းသားပျိုတို့နှင့်တကွ ဝေသာလီပြည် တံတိုင်းသုံးထပ်တို့အကြား ပရိတ်ကိုရွတ်စေသည်။
    "ပဏိဓာနတော ပဌာယ တထာဂတဿ" အစရှိသောပါဌ်ဖြင့် ဆိုအပ်သော မြတ်စွာဘုရား၏ ဆယ်ပါးသောပါရမီတော် အစရှိသည့်အလုံးစုံသော မြတ်စွာဘုရား ကျေးဇူးတော် ဂုဏ်တော်တို့ကို ဆင်ခြင်၍ ဝေသာလီပြည်၏တံတိုင်း သုံးထပ်အကြားတို့၌ ညဉ့်သုံးယံပတ်လုံး ပရိတ်တော်ရွတ်ခြင်းကို ပြုလျက်သွား၏။ ထိုအခါ ဘီလူးတို့လည်းထွက်ပြေးကြကုန်သည်။
    ဘေးသုံးပါးမှ ကင်းငြိမ်းကုန်သော ဝေသာလီပြည်သားတို့သည် မြတ်စွာဘုရားအား မြို့လယ်၌ အထူးထူးစီမံအပ်သော မင်းကွန်းစရပ်ပင့်၍ ပူဇော်ကြကုန်၏။ မြတ်စွာဘုရားလည်း ပရိသတ်တို့အား ရတနာသုတ်ကိုပင် ဟောတော်မူသည်။ သိကြားနတ် စသောပရိသတ်တို့လည်းတရားတော်ကို နာကြားကုန်ရာ ဒေသနာတော်အဆုံး၌ ၈၄ဝဝဝ ကုန်သော ဝေနေယျတို့ အကျွတ်တရားရကြကုန်၏။ မြတ်စွာဘုရားလည်း ခုနစ်ရက်ပတ်လုံး ရတနာသုတ်ပရိတ်ကိုသာ ရွတ်တော်မူပြီးမှ ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူသည်။ ထိုအခါမှစ၍ ဝေသာလီပြည်အလုံးသည် သာယာဝပြောလာခဲ့လေသည်။
    ဝေသာလီပြည်၌ ဘေးရန်ကင်းစေရန် ရတနာသုတ်ကို ဟောတော်မူပြီးနောက် မြတ်စွာဘုရားသခင်သည် စတုတ္တဝါကို ရာဇဂြိုဟ်ပြည်၌ ဝါဆိုတော်မူသည်။
    သက္ကရာဇ် ၁ဝ၇ ခုနှစ်တွင် ပဉ္စမဝါကို ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာသို့ကြွ၍ ဝါကပ်တော်မူပြန်သည်။
    ထိုသို့ ဝါကပ်တော်မူစဉ် မိထွေးတော်ဂေါတမီအမှူးရှိသော သာကီဝင်မင်းသမီးအပေါင်းတို့အား ရဟန်းအဖြစ်သို့ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် ဘိက္ခုနီသာသနာကို ဝေသာလီပြည်၌ စခဲ့သည်ဟု ဆိုနိုင်သည်။
    မြတ်စွာဘုရားသခင်သည် မာရ်နတ်သား၏ အာယုသင်္ခါရ လွှတ်တော်မူရန် လျှောက်ထားခြင်းကို လက်ခံတော်မူပြီးနောက်လည်း ဝေသာလီပြည် ကုဋာဂါရသာလာသို့ကြွ၍ ရဟန်းအပေါင်းတို့အား သာသနာတော်၏ ကာလအရှည် တည်ထွန်းပေရာသော အကြောင်းတရားကို ဟောတော်မူပြီးနောက် သုံးလအကြာတွင် ပရိနိဗ္ဗာန်ပြုမည့်အကြောင်း မိန့်တော်မူလေသည်။ ထို့နောက် မိုးသောက်သော် ဝေသာလီပြည်သို့ ဆွမ်းခံဝင်ကာ ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် ပရိနိဗ္ဗာန်စံလွန်တော်မူခါနီး ဆင်မင်း၏ ကြည့်ရှုတော်မူခြင်းဖြင့် ဝေသာလီပြည်အား ပြန်လှည့်ကြည့်တော်မူလေသည်။ ဘုရားသခင်သည် ဝေသာလီပြည်အား အဆုံးစွန်သောကြည့်ခြင်းဖြင့် ကြည့်တော်မူသည့် အကြောင်းကား ပြည်သူပြည်သားတို့သည် မကြာမြင့်မီ ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့။ ဘုရားသခင်ရပ်၍ ကြည့်တော်မူရာကို နာဂါပလောကိတ မည်သောစေတီတည်၍ ပူဇော်ကုန်လတ္တံ့။ ထိုပူဇော်ခြင်းသည် ကြာမြင့်စွာ သောကာလပတ်လုံး စီးပွားချမ်းသာဖြစ်ကြလတ္တံ့ ဟုကြံ၍ ကြည့်တော်မူခြင်းဖြစ်လေသည်။
    မင်းကွန်းဆရာတော် ရွတ်ဆိုတော်မူသော ရတနာသုတ်ပရိတ်တော် ကို အသံထဲ့ထားပါသည်။

ความคิดเห็น •