အပစ်အခတ်ရပ်ဖို့ နေတန်ယာဟုကို ဂျိုးဘိုင်ဒန်နဲ့ ကာမာလာဟားရစ်ဖိအားပေး

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • အပစ်အခတ်ရပ်ဖို့ နေတန်ယာဟုကို ဂျိုးဘိုင်ဒန်နဲ့ ကာမာလာဟားရစ်ဖိအားပေး
    +++++++++++++++++++
    အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ကြာသပတေးနေ့က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး 9 လကြာဖြစ်ပွါးနေခဲ့တဲ့ ဂါဇာစစ်ပွဲကို အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးပြောဆိုခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “ ဆက်ပြီးဆွေးနွေးရမယ့်အချက်တွေရှိနေပါသေးတယ်”လို့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
    ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ အစ္စရေး၊ ဟားမက်စ် နှစ်ဖွဲ့စလုံး အပစ်အခတ်ရပ်စဲပေးဖို့နဲ့ အောက်တိုဘာလ 7 ရက်နေ့က တိုက်ခိုက်မှုမှာ ဟားမက်စ်တွေဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံတွေ လွတ်မြောက်ရေးအတွက် သဘောတူညီချက်ရရှိဖို့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
    “ အမေရိကန်တွေအနေနဲ့ ဓါးစာခံတွေအားလုံးကို အိမ်ပြန်ရောက်စေချင်ပါတယ်။ ဒါကြောင့်လည်း အခု အဆိုပြုချက်က အရေးကြီးပါတယ်။ အားလုံးသဘောတူညီဖို့လည်း နီးစပ်နေပါပြီ။ အရင်ကထက်ပိုနီးစပ်နေပြီလို့လည်း ယုံကြည်ပါတယ်” လို့ ဂျွန်ကာဘီက ပြောသွားခဲ့တာပါ။
    အခုတွေ့ဆုံမှုဟာ ဟားမက်စ်တွေရဲ့တိုက်ခိုက်မှုအပြီးမှာ အစ္စရေးကို ဂျိုးဘိုင်ဒန်ကို သွားရောက်ပြီး နေတန်ယာဟုကို ပွေ့ဖက်ကာ အမေရိကန်က ထောက်ခံသွားမယ်လို့ ကတိပြုခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် မျက်နာချင်းဆိုင် တွေ့ဆုံမှုဖြစ်ပါတယ်။ တွေ့ဆုံချိန်မှာတော့ နေတန်ယာဟုက အစ္စရေးရဲ့လုံခြုံရေးအတွက် အမြဲတမ်း မားမား မတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
    ဒါပေမယ့် လူပေါင်း 39000 ကျော်အသက်သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ ထိုးစစ်ကြောင့် အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်နှစ်ဦးရဲ့ဆက်ဆံရေးဟာ လအတန်ကြာ တင်းမာမှုတွေရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
    ဂါဇာပဋိပက္ခကြောင့် ဒီမိုကရက်တစ်ပါတီဝင်တွေကြားမှာ အက်ကြောင်းတွေဖြစ်ပေါ်ခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ ဗုဒ္ဓဟူးနေ့က ကွန်ဂရက်မှာ နေတန်ယာဟု မိန့်ခွန်းပြောဆိုတာကို သပိတ်မှောက်ခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရာရှီဒါတီလိုင်က နေတန်ယာဟုကို စစ်ရာဇဝတ်ကောင်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ကွန်ဂရက်ထဲထိုင်နေခဲ့တာပါ။
    အမေရိကန်ဟာ အစ္စရေးအတွက် အဓိက လက်နက်တင်ပို့ပေးသူဖြစ်ပေမယ့် သမ္မတဂျိုးဘိုင်ဒန်ဟာ အခုနှစ်အစပိုင်းက စပြီး ဂါဇာစစ်ပွဲအတွက် မသင့်တော်ဘူးလို့ ယူဆရတဲ့ လက်နက်ခဲယမ်းတွေကို သတိကြီးကြီးထားပြီး ပို့ဆောင်ပေးခဲ့ပါတယ်။
    အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ အမေရိကန်သမ္မတလောင်း ကာမာလာဟားရစ်နဲ့ ထပ်မံတွေ့ဆုံခဲ့ရာမှာ ကာမာလာဟားရစ်က အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လေသံမာမာတုံ့ပြန်ပြောဆိုခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့လည်း သောကြာနေ့မှာ ထပ်မံသွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ . . .။
    --------------------------------------------------------
    ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ်
    မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era's Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။
    Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

ความคิดเห็น • 1

  • @ASAW-i5x
    @ASAW-i5x 7 วันที่ผ่านมา

    ❤❤❤