"ကရင်ရိုးရာ စပါးလိပ်ပြာခေါ်ပွဲ"

แชร์
ฝัง
  • เผยแพร่เมื่อ 30 เม.ย. 2024
  • "ကရင်ရိုးရာ စပါးလိပ်ပြာခေါ်ပွဲ"
    ကရင်လူမျိုးတို့သည် မိမိတို့လယ်ယာမြေများမှ ရိတ်သိမ်းပြီးသော ကောက်လှိုင်းများအား တလင်းကွင်း၌နယ်ပြီး စုပုံထားသော စပါးပုံကြီးကို လိပ်ပြာခေါ်ပြီးမှ ချိန်တွယ်ပါက စပါးပိုမို ထွက်သည်ဟု ယုံကြည်ချက်များအရ လိပ်ပြာခေါ်ပေးခြင်းဖြစ်ပါသည်။ ကျီသွင်းသောအခါတွင်လည်း စပါးလိပ်ပြာ မလွင့်နိုင်ဟု အယူရှိကြသည်။ ကရင်လူမျိုးတို့၏ စပါးအထွက်နှုန်းကောင်းမွန်စေဖို့ ရည်ရွယ်တဲ့ စပါးလိပ်ပြာခေါ်ပွဲ (ခ) စပါးကို စောင့်ရှောက်တဲ့ ဖိ့ဘူးယော်နတ်သမီး ပူဇော်ပွဲ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။
    (ကရင်ရိုးရာ စပါးလိပ်ပြာခေါ်ပွဲသည် နေရာဒေသ မတူညီမှုများကြောင့် ကွဲပြားမှုများရှိနိုင်ပါသည်။)
    #ကရင်ရိုးရာစပါးလိပ်ပြာခေါ်ပွဲ
    #ကရင်ရိုးရာယဉ်ကျေးမှု
    #ကရင်ရိုးရာဓလေ့ထုံးတမ်းများကဏ္ဍ
    #KarenTraditional&Culture
    #AyeyarwaddyKarenYouth

ความคิดเห็น • 1

  • @KokoKoko-ql9pt
    @KokoKoko-ql9pt 10 วันที่ผ่านมา

    Nices Traditional.