#dawmoe
ฝัง
- เผยแพร่เมื่อ 12 ก.ย. 2024
- အပူပြင်းတဲ့ နွေကာလမှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အပူရှောင်ရင်း ပျော်ပျော်ပါးပါး အပန်းဖြေအနားယူဖို့ဆိုရင် ၁၁၅ မိုင်က ဒေါ်မိုးလယ်တောကလည်း သွားရောက်လည်ပတ်သင့်တဲ့နေရာလေးတစ်ခုပါပဲ။ မိသားစုနဲ့အတူတူ ပျော်ပျော်ပါးပါး ရေကစားနိုင်ဖို့ Water Park တွေရှိတဲ့အပြင်၊ ရေလွှာလျှောစီးမလား၊ DJ Park ထဲမှာ ရေကစားရင်း ပျော်ပျော်ရွှင်ရွှင် ကခုန်ကြမလား ရွေးချယ်လို့ရပါသေးတယ်။ ဒါ့အပြင် တိ ချစ်သူတွေအတွက် mini zoo လေးတစ်ခုကိုပါ ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် ချစ်စရာ တိရစ္ဆာန် လေးတွေကိုလည်း ကြည့်ရှုလေ့လာ အစာကျွေးလို့ရနိုင်ပါတယ်။ ဓာတ်ပုံရိုက်ဝါသနာပါသူ တွေအတွက်လည်း ဒေါ်မိုး ပျိုးခင်း ထဲမှာ အလှဆုံးဓာတ်ပုံလေးတွေကို ရိုက်ကူးလို့ရနိုင် အောင် လှပတဲ့ Setting အပြင်အဆင်လေးတွေနဲ့ ဖန်တီးထားတဲ့အတွက်လည်း လာရောက်သူတိုင်းအတွက် မပြန်ချင်လောက်အောင် ဆွဲဆောင်မှုပေးနိုင်တဲ့ နေရာလေးတစ်ခု ပဲဖြစ်ပါတယ်ခင်ဗျာ။
Music track: Last Summer by Aylex
Source: freetouse.com/...
Free Background Music (No Copyright)
ပိတ်လား
ပျော်စရာကြီးပဲနော်
ဘယ်မှာလဲဗျနေရာလေးသိချင်လို့ပါ
115 မိုင်မှာပါခင်ဗျာ။
@@myanmaradventuretraveler2752 အမြန်လမ်းပေါ်မှာလား
@@ShineNayYaung ဟုတ်ပါတယ် bro
ပိတ်လား
ဒေါ်မိုးလယ်တောက ပိတ်ရက်မရှိပါဘူးခဗျ။ အချိန်မီ reply မလုပ်နိုင်တာ တောင်းပန်ပါတယ်။