C (5) ကိလေသာ နှင့် နိဗ္ဗာန်

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2024
  • ဆရာ ဦးမောင်မောင် (ပျဉ်းမနား) ၏ ကိလေသာ နှင့် နိဗ္ဗာန်
    A - စင်‌ကြယ်သော မနော အစ
    B - စင်‌ကြယ်သော မနော အလယ်
    C - စင်‌ကြယ်သော မနော အ‌ဆုံး
    D - ဝိမုတ္တိရသ ဖြင့် နေထိုင်နည်း
    ☆ ကိလေသာနှင့်နိဗ္ဗာန် ☆
    ပညတ် ပရမတ် ကွဲသည်မှတ် သူမြတ် မဆိုသာ။
    ပညတ် ပရမတ် တွဲသည်မှတ် သူမြတ် မဆိုသာ။
    ပညတ် ပရမတ် နှစ်ခုစပ် ဆက်စပ် သိမှ မြတ်သူသာ။
    (စွန်းလွန်းဆရာတော်ဘုရား)
    * ပညတ်နယ် *
    ကိလေသာကို ပညတ်နယ်က ကြည့်လျှင် ကိလေသာကို
    ပြုသူရှိ။ ကိလေသာ အပြစ်ကို ခံရသူလည်း ရှိတယ်။
    ကိလေသာ မဖြစ်မှ ငြီမ်းမယ်။ မဖြစ်အောင်လည်း ကြိုးစားအားထုတ် ကြရမယ်။ကိလေသာရှိတ့အဲ တွက် အဝိဇ္ဇာလည်းရှိတယ်။ ကြောင်းအကျိုး လည်းရှိတယ်။အပြစ်ခံရသူ လည်းရှိတယ်။ အကျိုးစံစား ရသူလဲ ရှိတယ်။ပညတ်နယ်မှာ ထိုအယူကို ပစ်ပယ်လျှင် မည်သူ မှ တရားမရနိုင်ပါ။ ထိုအယူကို တရားအားထုတ် ရင်တွေ့ရမယ့် ပရမတ်နယ်ကို ယူလာရင်လဲ ဘယ်သူမှ သက္ကာယဒိဌိ မပြုတ်ပါ။
    * ပရမတ်နယ် *
    ပုဂ္ဂိုလ်သတ္တဝါ မရှိ။ကိလေသာကို ပြုသူ၊ ခံရသူ မရှိ။
    အပြစ် မရှိ။ ဖြစ်ပြီး၊ ပျက်ပြီး တရား မရှိ။ သူ မရှိသောကြောင့် အဝိဇ္ဇာမရှိ။ အကြောင်း၊ အကျိုး မရှိ။ ဖြစ်ဆဲမရှိ။ ပျက်ဆဲမရှိ။
    ကိလေသာသည် ထာဝရ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ အစဉ်သေတရား တို့ဖြစ်ကြသည်။ ကိ‌လေသာ ဖြစ်အောင်၊ မဖြစ်အောင် လုပ်၍ မရ။ ဖြစ်ဆဲမရှိ။ သိဘို့သာ လိုရင်းပါ။
    (ပညတ်နယ် ဝိဥာဏ်သိ သမုဒယသစ္စာ ဒုက္ခသစ္စာ)
    (ပရမတ်နယ် ပညာသိ နိရောဓသစ္စာ မဂ္ဂသစ္စာ)
    သစ္စာလေးပါး အလျော့အနဲ အတိုး အဆုပ် လုပ်၍ မရပါ။
    ဒုက္ခသစ္စာ၊ သမုဒယသစ္စာ မလာပါနဲ့။
    နိရောဓသစ္စာ၊ မဂ္ဂသစ္စာ လာပါလာပါ။
    ငှက်ဆိုးလို မကျင့်၊ မပြော ကြပါနဲ့။ ဇရပ်လို ကျင့်ကြပါ။
    သစ္စာလေးပါး တစ်ပြိုင်နက် မြင်ကြမယ်ဆိုရင် ပညတ်၊ ပရမတ်ဆက်စပ် သိကြမယ်ဆိုရင် အဝိဇ္ဇာလက်က လွတ်ခွင့် ရနိုင်ပြီပေါ့။
    4-3-2018 at 09:55am (Facebook ပေါ်မှ ဓမ္မမှတ်စုများ)
    မြတ်သောဆရာ.....ဆရာဦးမောင်မောင်(ပျဉ်းမနား)
    ☆ အာရုံမသိလူ့ဒိဌိလည်ဘိသံသရာ ☆
    ကိလေသာ အနိစ္စလား၊ နိစ္စလား
    နိစ္စဆိုလျှင်
    ကိလေသာသည် သုခလား၊ ဒုက္ခလား
    သုခဆိုလျှင်
    ကိလသောသည် အတ္တလား၊ အနတ္တလား
    အတ္တဆိုလျှင်
    ကိလေသာသည် သုဘလား၊ အသုဘလား
    သုဘဆိုလျှင်
    ကိလေသာကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘလို့
    ထင်မြင်ယူနေပြီဆိုလျှင်
    သင်ထံမှာ အဝိဇ္ဇာလည်းရှိပြီ၊ တဏှာကလည်းတန်းလန်း
    ဒိဌိကလည်းမပြုတ်
    ဘုရား၏ အနတ္တသာသနာနှင့် ဆန့်ကျင်လျှက် သာရှိနေလိမ့်မည်။ ကိလေသာတို့ကို
    နိသတ္တ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်
    နဇီ၀ အသက်မပါ အသေဆိုတာ
    ပလ္လင်ပေါ် မပြောတဲ့ ဓမ္မကထိကမရှိ
    ဘယ်သူမှတီထွင် ထားတဲ့တရားမဟုတ်
    ကိလေသာ နဇီ၀ အစဉ်သေနေတဲ့ နိရောဓ
    သစ္စာကိုသိမြင်ပြီး မှဘုရားအဖြစ်ကို ရကြတာပါ။
    ကိလေသာကို နိစ္စ သုခ အတ္တ သုဘလို့ ထင်နေပါတယ်ဆိုရင်တော့ မိမိကိုယ်မိမိ ဘာလဲလည်းဆိုတာ လူသိအောင် မကြေငြာသင့်ဘူးလို့ ထင်မိပါတယ်။
    8-11-2020 at 09:15 pm (Facebook ပေါ်မှ ဓမ္မမှတ်စုများ)
    မြတ်သောဆရာ.....ဆရာဦးမောင်မောင်(ပျဉ်းမနား)

ความคิดเห็น • 52