တောင်စွန်းစခန်းမှာ မြေမြှုပ်မိုင်းတွေကြောင့် ပြည်သူတွေ နေရပ်ဒေသမှာ ပြန်လည်အခြေချနေထိုင်ဖို့စိုးရိမ်

แชร์
ฝัง
  • เผยแพร่เมื่อ 21 ต.ค. 2024
  • တောင်စွန်းစခန်းမှာ စစ်ကောင်စီတပ်တွေ မရှိတော့ပေမဲ့လည်း မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံပြည်သူ လူထုတွေဟာ နေရပ်ဒေသတွေမှာ ပြန်လည်အခြေချနေထိုင်ဖို့အတွက် စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
    ကွန်ပျူတာနဲ့ ဖုန်းတွေမှာ ကရင်ဘာသာကို အလွယ်တကူရေးသားနိုင်တဲ့ ကော်သူးလေယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်ပြီလို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ အိုင်တီနည်းပညာအဖွဲ့က စတင်မိတ်ဆက်လိုက်ပါတယ်။
    ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ ပညာရေးပိုင်းမှာ အချိန်တွေအလဟဿမကုန်ဆုံးသွားစေဖို့နဲ့ မနှောင့်နှေးစေဖို့အတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ် တစ်နေရာမှာ တိုးချဲ့ ဖွင့်လှစ်ထားတဲ့ KECD လက်အောက်ခံ ကျောင်းလေးတစ်ကျောင်းဟာဆိုရင် ဒီနှစ်မှာ ကျောင်းအသုံးအဆောင်ပစ္စည်းကိရိယာတွေ အလုံအလောက်မရှိတဲ့အတွက် သင်ကြားရေးမှာ အခက်အခဲစိန်ခေါ်မှုကြီးတစ်ခု ဖြစ်လို့နေပါတယ်။

ความคิดเห็น •