ဒီမိုကရေစီအတွက် စိုးရိမ်စရာကောင်းတယ် (ရုပ်/သံ)
ฝัง
- เผยแพร่เมื่อ 5 ก.พ. 2025
- ဒီမိုကရေစီအတွက် စိုးရိမ်စရာကောင်းတယ် (ရုပ်/သံ)
ဧရာဝတီ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေဟာ ချမ်းသာတဲ့ အမေရိကန်တွေ ပိုပြီးတော့ ကြီးပွားချမ်းသာအောင် အခွင့် အရေးပေးတဲ့ မူဝါဒတွေဖြစ်ပြီး ထရမ့်ရဲ့လက်ထက်မှာ ဒီမိုကရေစီအရေးအတွက် စိုးရိမ်စရာကောင်းတယ်လို့ Mr. Elaisa Vahnie က ဝေဖန်ပြောဆိုပါတယ်။
Elaisa Vahnie ဟာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ “မာတင်လူသာကင်း” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။ သူဟာ မြန်မာ အမေရိကန် လူမှုအသိုင်းအဝိုင်း အင်စတီကျူ (BACI) ကို ပူးတွဲတည်ထောင်သူလည်းဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ မြန်မာဒုက္ခသည်တွေရဲ့ အရေးကို အလေးပေးဆောင်ရွက်မယ်လို့လည်း Elaisa Vahnie က ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ မြန်မာဒုက္ခသည်တွေအရေး အပါအဝင် မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ နိုင်ငံရေး အခြေအနေ တချို့နဲ့ပတ်သက်ပြီး Elaisa Vahnie ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်နယ်ထရမ့် #အမေရိကန် #Elaisa Vahnie #Politic #Refugee
--------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR