Khit Thit သတင်းဌာန၏ ဇူလိုင် ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

แชร์
ฝัง
  • เผยแพร่เมื่อ 18 ต.ค. 2024
  • Khit Thit သတင်းဌာန၏ ဇူလိုင် ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
    -မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းတွေနဲ့ ကားတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KIA ရဲ့ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
    မိုးကုတ်နဲ့ လားရှိုးမြို့ မကျသေးဘူးလို့ အကြမ်းဖက်စစ်ကောင်စီ သတင်းမှန်ကြားရေးက ငြင်းလိုက်ပြီး ပုံမှန် ငြင်းနေကျ အကြမ်းဖက် ဇော်မင်းထွန်းက ထွက်မရှင်းရဲဘဲ သူ့ကိုယ်စား အကြမ်းဖက် ဗိုလ်မှူး ဇော်မင်းဆိုသူက ထွက်ရှင်းခဲ့ပါတယ်။
    ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ လတာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။
    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း ဆံတော်ပို့ကျေးရွာအုပ်စုမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီကနေ ခြိမ်းခြောက်ကောက်ခံထားတဲ့ ငွေကြေးတွေကို ရေတာရှည် ပကဖ အဖွဲ့က သွားရောက်တောင်းယူကာ ပြည်သူတွေဆီကို ပြန်လည်ပေးအပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

ความคิดเห็น • 633