ထားဝယ်မြို့က အစားအစာတွေ( Trip to Dawei - Part 3 )

แชร์
ฝัง
  • เผยแพร่เมื่อ 19 ต.ค. 2022
  • ထားဝယ်မြို့က ရိုးရာအစားအစာတွေနဲ. အလွယ်တကူ ဝယ်ယူစားသောက်နိုင်တဲ့အစားအသောက်တွေအကြောင်းတင်ဆက်ထားတာဖြစ်ပါတယ် ။
    ပအုန်းရည် နဲ့ချက်တဲ့ ထားဝယ်မြို့ရဲ့ နာမည်ကျော် ထားဝယ်မုန့်လက်သုပ် ။
    လဘက်ရည်ဆိုင်က ကာကာမုန့် နဲ့ ဗျောသီးမု ။
    ထားဝယ်မြို့ ရဲ့ ညနေခင်း အစားအသောက် အစုံ ရတဲ့ DDPC ညစျေးတန်း ။
    ငြုပ်သီးခြောက်ကြော် ၊ ကြံမဆိုင် ၊ ဂေါ်ဖီ ၊ ပူစီနံ ၊ ကြက်သွန်မြိတ် ၊ ပဲတောင့်ရှည် ၊ စမုံစပါးရွက် ၊ ပဲပင်ပေါက် ၊ သခွားသီး စတာတွေထည့်စားရတဲ့ ရှမ်းမုန့်တီ (သို.) ယိုးဒယားမုန့်ဟင်းခါး ။
    ချိုချို ချဥ်ချဥ် လေးနဲ့ အရသာတကယ်ရှိတဲ့ ဒူးရင်းသြဇာ ။
    မြန်ကောင်းသက်သာ လမ်းဘေးစာဖြစ်တဲ့ ကုလားထမင်းကြော် ။
    အုန့်နို့နဲ့လုပ်တဲ့ တကယ့် အာပုံအစစ် ။
    ငှက်ပျောခေါင်း ၊ ငါးပုပ်ခြောက် ၊ ကညင်ရွက် တို.နဲ့ချက်တဲ့ ထားဝယ်မုန့်ဟင်းခါး ။
    ပေးရတဲ့စျေး နဲ. စားရတဲ့အရသာ တန်တဲ့ မွန်ထွန်းဒူးရင်းသီး ( သို. ) မွန်ထောဒူးရင်းသီး ။
    ငပိသုပ် ၊ ဒညင်းသီးချက် ၊ နာနတ်သီးသုပ် ၊ ငါးခြောက်ဟင်းရောချက် တွေနဲ. ထားဝယ်မြို့ က ထမင်းဆိုင်တွေ ။
    ပါဆယ်အဝယ်များတဲ့ ညနေခင်း ကီးမား ၊ ပလာတာ ၊ ခေါက်ဆွဲ စတာတွေ ရတဲ့ ပန်းသေးဆိုင်လေး နဲ့ ပန်းသေးခေါက်ဆွဲထမင်းရောကြော် ။
    မနက်ခင်းမှာ စည်ကားပြီး ရန်ကုန်ကဆိုင်တွေလို စုံစုံလင်လင်ရတဲ့ လဘက်ရည်ဆိုင်လေး တွေကို ကြည့်ကြရမယ့်အပြင် ထားဝယ်မုန့်တွေကို ထားဝယ်သံနဲ့ ဘယ်လိုခေါ်တာလဲ ဆိုတာလဲ ကြား ရမယ် ။ ရောင်းချနေသူတွေရဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတာကို ထားဝယ်သံ ဝဲဝဲလေးတွေနဲ့လည်း နားဆင်ရမယ့် အစီအစဥ် ။
    #ထားဝယ်ရိုးရာအစားအစာ
    #ထားဝယ်မုန့်
    #ထားဝယ်မုန့်လက်သုပ်
    #ဗျောသီးမု
    #ထားဝယ်ညစျေးတန်း
    #ရှမ်းမုန့်တီ
    #ယိုးဒယားမုန့်ဟင်းခါး
    #ဒူးရင်းသြဇာ
    #အာပုံ
    #ထားဝယ်မုန့်ဟင်းခါး
    #မွန်ထောဒူးရင်းသီး
    #ထားဝယ်ထမင်းဆိုင်
    #ထားဝယ်ပန်းသေးဆိုင်
    #ထားဝယ်စကား
    #DaweiStreetFoods
    #DaweiFoods
    #DaweiRegionalFoods
    #TavoyFoods
    #DDPCNightMarket
    #DaweiTrip

ความคิดเห็น • 6

  • @phone-xi3cp
    @phone-xi3cp 7 หลายเดือนก่อน

  • @myintmyintthan9092
    @myintmyintthan9092 ปีที่แล้ว +1

    အစားအစာေတွကစားချင်စရာထားဝယ်မြို့ကမုန့်ကလဲမဲလည်းကြိုက်တယ် 😋

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ထားဝယ်က သူ့သီးခြားပုံစံနဲ့ စားစရာအတော်များများရှိတဲ့မြို့ပါ ။ တစ်ခုပဲ ။ တစ်နေရာစီ မနည်းလိုက်ရှာစားရတယ် ။ ပြီးတော့ ထားဝယ်မုန့်အများစုက အိမ်ကို ဝယ်သွားပြီး စားရတဲ့မုန့်များပြီး ဆိုင်မှာထိုင်စားရတာနည်းပါတယ် ။

  • @zawhtay120
    @zawhtay120 ปีที่แล้ว +1

    ဆွေမျိုးမေ့သွားမယ်😬

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ဟုတ်တယ်ဗျ ။
      အရသာရှိရှိ စားခဲ့ရပါတယ် ။