ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

မြန်မာ့နိုင်ငံရေးမှာ ပဋိပက္ခဟာ ဟန်ချက်ညီနေတယ်

แชร์
ฝัง
  • เผยแพร่เมื่อ 13 ก.ค. 2024
  • မြန်မာ့နိုင်ငံရေးမှာ ပဋိပက္ခဟာ ဟန်ချက်ညီနေတယ် (ရုပ်/သံ)
    ဧရာဝတီ၊ ဇူလိုင် ၁၄၊ ၂၀၂၄
    စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေ ရပ်တည်နိုင်ဖို့နဲ့ စစ်အုပ်စုကို အနိုင်ယူနိုင်ဖို့ နိုင်ငံတကာရဲ့ လူသားစာနာမှုအကူအညီအပြင် စစ်ရေးအရ ပံ့ပိုးမှု လက်ငင်းလိုအပ်နေပြီး ဒါဟာ ရာသီဥတု တရားမျှတမှုဆိုင်ရာ လုပ်ဆောင်ချက်တခု ဖြစ်တယ်လို့ ဝါရင့် မြန်မာ့အရေး သုတေသီ ဒေါက်တာ အက်ရှ်လေ ဆောက်သ် က ဆိုပါတယ်။
    စစ်အာဏာရှင် ဆန့်ကျင်ရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်နေတာတွေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာ အကူအညီက လက်ငင်း ရဖို့ လိုနေပြီး ဒီလို လုပ်ဖို့ နိုင်ငံတကာအစိုးရတွေရဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချမှု လိုအပ်တယ်လို့ သူက တိုက်တွန်းပါတယ်။
    ဒေါက်တာ အက်ရှ်လေဟာ မြန်မာနိုင်ငံအရေး၊ တိုင်းရင်းသားနိုင်ငံရေးပြဿနာ၊ ပညာရေးနဲ့ လူသားချင်းစာနာမှု ကိစ္စရပ်တွေအပြင် ဖက်ဒရယ်စနစ်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ
    သုတေသနလုပ်ငန်းတွေကိုပါ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
    မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကြာ လေ့လာရေးသားနေသူ ဖြစ်သလို မကြာခင်က “ပဋိပက္ခ၊ ရှုပ်ထွေးပွေလီမှု နဲ့ ဥတုရာသီပြောင်းလဲမှု” စာအုပ်ကို ပုံနှိပ်ထုတ်ထားပါတယ်။
    #climatechange
    #ClimateDesk
    #TheIrrawaddy
    #forest
    #climatejustice
    #bottomupfederalism #politics #minority #ethnic #education #humanitarianaid
    #conflict #environment #environmentalimpact
    #WhatsHappeningInMyanmar

ความคิดเห็น • 23

  • @SoeNaing-um8mm
    @SoeNaing-um8mm หลายเดือนก่อน +7

    ဒီပုဂ္ဂိုလ်ပြောတာအဓိကကျတာတော်တော်များများလိုအပ်ချက်ထောက်ပြတာအားရမိပါသည်
    ပညာရှင်လို့သတ်မှတ်လောက်
    ပါသည်သတိမမူမိတဲ့ကိစ္စများကိုပါမြန်မာပြည်အနာဂတ်ကိုပါလူအသိုင်းဝန်းအတွက်ဆိုးကျိုး
    နှင့်ကောင်းကျိုးနှစ်မျိုးလုံးအဓိပ္ပါယ်ပါရှိနေတာကြောင့်၎င်းအတွက်ကျေးဇူးတင်ပါသည်

  • @mmmaaa1941
    @mmmaaa1941 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်နော်၊ဘေးကင်းကျန်းမာကြပါစေ

  • @user-bi9yv7hm7y
    @user-bi9yv7hm7y หลายเดือนก่อน +2

    စစ်ပွဲတွေပြီးသွားလည်း တောင်ပေါ်တိုင်းရင်းသာတို့ ကိုယ့်ဒေသကိုယ်အုပ်ချုပ်ရင်း သစ်တောသဘာဝခရီးသွားတိုးတက်ရေးကို ဉီးစားပေးစေချင်ပါတယ် ကိုယ်ဒေသမဟုတ်တိုင်း ရက်ရက်စက်စက် ချနင်းဖျက်စီးခဲ့တဲ့ လူ့အတ္တတွေလုပ်ရပ်မျိုးအတုယူလိုက်မလုပ်သင့်ပါဘူး သဘာဝတောတောင်စိမ်းစိမ်းတို့နဲ့သာယာတဲ့ခရီးသွားတို့အကြိုက်ရေမြေရှိနေပါတယ် မြေအောက်တူးဆွလှန်ပြန်ရှာရောင်းနေလို့ကတော့ ငရဲပြည်ဒေသလိုပျက်စီးပြီးနောင်လာနောက်သားတို့အတွက် ရက်စက်လွန်းပါမယ်။
    မြေလှန်ပြီးစီးပွားမရှာပဲ ကိုယ်ပြည်ကို အလှပြန်ဆင်ကြနိုင်ဖို့ မဝေးတော့ပါဘူး စိန်ဓါတ်တွေရည်ရွယ်ချက်ကောင်းကောင်းရွေးထာပြင်ထားကြဖို့ပါပဲ ပြမါထူထောင်ကြမည် ထာဝရလှပရေးအတွက်။

  • @kokhin501
    @kokhin501 หลายเดือนก่อน +2

    မင်္ဂလာပါ ဧရာဝတီ

  • @user-zt1zz9wv4x
    @user-zt1zz9wv4x หลายเดือนก่อน

    ❤ဒီည အင်တာဗျူး အရမ်းကောင်းပါတယ်❤
    တင်ဆက်ပေးတဲ့အတွက်
    ❤ကျေးဇူးပါ ငြိမ်းငြိမ်း❤

  • @Khaǔ-Kanǎn
    @Khaǔ-Kanǎn หลายเดือนก่อน

    Thanks you Irrawaddy
    We can hear your beautiful English accent ❤❤❤❤❤ I love interviewer

  • @taylorzhao6486
    @taylorzhao6486 หลายเดือนก่อน

    He should inform international political organization to solve the problem of Myanmar situation rapidly, not just the analysis of Myanmar situation. Otherwise, Myanmar people are still forced to live in a big trouble environment with higher inflation rate.

  • @sithuwinmaung
    @sithuwinmaung หลายเดือนก่อน

    Eaos တွေက မထုတ်ဘူးပေါ့ 😊😊😊

  • @djmonsmilepdf9168
    @djmonsmilepdf9168 หลายเดือนก่อน

    မဂ်လာပါ

  • @daaung800
    @daaung800 หลายเดือนก่อน

    မင်းအောင်လှိုင်နဲ့ထိပ်ပိုင်းကကောင်တွေအကုန်သတ်!!

  • @nawjagawlu4684
    @nawjagawlu4684 หลายเดือนก่อน +1

    I agree with you, but don’t forget the Domino theory effect in battlefields .It’s really happening in the conflicts area.

  • @sumon1730
    @sumon1730 หลายเดือนก่อน

    thank you

  • @sansansoe8563
    @sansansoe8563 หลายเดือนก่อน +1

    မင်္ဂလာပါဧရာဝတီ

  • @thannaingoo4297
    @thannaingoo4297 หลายเดือนก่อน +2

    သဘာဝပတ်ဝန်းကျင်ကို ​စောင့်​ရှောက်ထိန်းသိမ်းဖို့ ​ဘယ်​လောက်အ​ရေးကြီးသလဲဆိုတာကို သာမန်ပြည်သူ​တွေ​တောင်နားလည်ကြပြီး ထိန်းသိမ်း​စောင့်​ရှောက်ဖို့ကြိုးပမ်းကြတယ် EAOs ​တွေကလဲ အခုနားလည်လက်ခံကြတယ် ဒီအ​ခြေအ​နေမှာ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်​စောင့်​ရှောက်ဖို့အဓိကတာဝန်ရှိတဲ့ အ​ရေးပါတဲ့ အစိုးရဆိုတဲ့ စစ်အာဏာရှင်အသိုက်အဝန်းက​တော့ ဒါကိုလိုက်နာကျင့်ကြံဖို့စိတ်ကူးအခုထိမရှိ​သေးဘူး သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးပြီး ကိုယ်ကျိုးအတွက်​ငွေရှာဖို့သာကြိုးပမ်း​နေတာကြီးက အ​တော်ကိုရုပ်​ပေါက်တယ်​နော် ဘယ်လိုမှမဖြစ်သင့်တဲ့စကစရဲ့အလွဲအမှားကြီးက​ပေါ်လွင်​နေတာ​ပေါ့ဗျာ ဒါကိုကြည့်ရင် စကစဟာ စစ်ဗိုလ်ချုပ်​တွေဟာ တ်ိုင်းပြည်ကိုဖျက်ဆီး​နေသူ ကမ်ဘာကြီးကိုဖျက်ဆီး​နေသူ​တွေဆိုတာမြင်နိုင်ပါတယ်ဗျာ

  • @user-le5dg4qm9v
    @user-le5dg4qm9v หลายเดือนก่อน +1

    All right Sr.
    Thank.

  • @nawjagawlu4684
    @nawjagawlu4684 หลายเดือนก่อน +1

    I agree with Dr Ashley South’s vision.

  • @user-yi3gp4rq2o
    @user-yi3gp4rq2o หลายเดือนก่อน

    ❤❤❤❤❤❤❤❤

  • @ulin9760
    @ulin9760 หลายเดือนก่อน

    ❤❤❤❤❤❤

  • @fou4710
    @fou4710 หลายเดือนก่อน

    Ok

  • @RGyi-pr3lm
    @RGyi-pr3lm หลายเดือนก่อน

    မျက်လုံးကမကောင်း
    ဘာသာစကားကျတော့နားမလည်။
    ဘာသာပြန်နဲ့တင်ဆက်ပေးရင် အဆင်ပြေမယ်ဗျ

  • @ulin9760
    @ulin9760 หลายเดือนก่อน

    အရမ်းအရမ်းကို အမြင်မှန် အမြင်ကျယ်တဲ့ ဆရာကြီးပါပဲ။ ပညာရှင်ပီသပါတယ်။
    သူ့ရဲ့ရှုမြင်ပုံတွေက သိပ်ကို
    ဓမ္မဓိဋ္ဌာန် ကျပါတယ်။
    လေးစာပါတယ်။

  • @Khaǔ-Kanǎn
    @Khaǔ-Kanǎn หลายเดือนก่อน +1

    RFA,BBC ကတောသားတို့ မြင်လား။
    မူရင်းအသံမဖျောက်ပဲ စာတန်းထိုးပေးတာ။မင်းတို့လို စောက်ငပိသံပြောင်းပြီး original accents, original meaning မပြောင်းထားဘူး။

  • @user-rh9xx6uy1z
    @user-rh9xx6uy1z หลายเดือนก่อน

    ကျေးဇူးပါဧရာဝတီ❤❤❤❤❤❤❤❤❤❤❤❤🎉🎉🎉