14.5.2024 ဆုပ်ကိုင်စရာမရှိတာကို သိတဲ့အတိုင်း စွန့်နိုင်ရမယ်

แชร์
ฝัง
  • เผยแพร่เมื่อ 9 พ.ย. 2024
  • #တရားအားထုတ်တဲ့အခါမှာ အသိပြောင်းရသလို၊
    စိတ်အလေ့အကျင့် ပြောင်းအောင်လည်း ကြိုးစားရပါတယ်။
    #တကယ်ဖြစ်ပြီးပျက်နေတဲ့ ပရမတ်ရုပ်နာမ် သဘောအမှန်မှာ
    ကိုယ် နဂို ရှိတယ်လို့ယူထားတဲ့ အရာတွေ
    ဘာမှန်းတကယ် ရှိမနေမှန်း သိနိုင်ရပါတယ်။
    #အဲ့ဒီလို သိတဲ့အတိုင်း
    "ဘာမှမရှိလည်းဖြစ်တယ်။ ဘယ်သူမှမရှိလည်း ဖြစ်တယ် " ဆိုတဲ့ စိတ်မျိုး ထားနိုင်ဖို့ ကြိုးစားရပါတယ်။
    ဒါမှသာ အသိနဲ့ အကျင့် တထပ်တည်း ကျနိုင်မှာပါ။
    #အမျိုးမျိုးသော ပညတ်အယူစွဲတွေတင်မကဘဲ၊
    ပရမတ်ရုပ်နာမ် သဘောစွဲကိုတောင် စွန့်နိုင်တဲ့အထိ
    ပရမတ်ရုပ်နာမ် သဘောကိုယ်၌ရဲ့ ချုပ်ပျောက်မှု အမှန်ကို အသိမ်မွေ့ဆုံးအထိ သိနိုင်ရပါတယ်။
    #ဆုပ်ကိုင်စရာမရှိတဲ့ အမှန်တရားကို အသိမ်မွေ့ဆုံးအထိ သိတဲ့အတိုင်း စွန့်နိုင်ဖို့ ကြိုးစားရပါတယ်။

ความคิดเห็น • 4

  • @thitwint2871
    @thitwint2871 5 หลายเดือนก่อน +1

    🙏🙏🙏😇

  • @aungthu3890
    @aungthu3890 5 หลายเดือนก่อน +1

    ဆုပ်ကိုင်ထားတာမရှိပဲ လွှတ်ချရမယ့် ဆိုတာကနောက်ဆူံးအဆင့် ငါသားသမီး ငါစည်းစိမ် ငါ ဆိုတဲ့ခန္ဓာမရှိအောင် ငါဘာဝေဒနာမခံစားရပဲ ငြိမ်းအေးနေပါလား
    ဘာကိလေသာမှ မရှိပဲ အေးချမ်းနေပါလားဆိုတဲ့ အဲ့တဏှာကိုပါ စွန့်လွှတ်မှ နှိဗ္ဗာန်ဝင်လို့ရမယ့် ဒီအဆင့်ကစိတ္တနုပဿနာ အလွန်
    နူးညံတဲ့ ကိလေသာတဏှာ ကိုသတ်ရတာ
    အနာဂါမ် နဲ့ ရဟန္တာတွေမှ မြင်တဲ့အဲ့တော့
    အရဟတ္တမဂ် ကိုလိုချင်ရင် လူသံယောဇဉ်
    ကာမဂုဏ်အာရုံကိုအရင်စွန့်မှရမယ့်

  • @nyeinaung1981
    @nyeinaung1981 5 หลายเดือนก่อน

    သီလသမာဓီပညာဂုဏ်တို့အား ရိုသေလေးမြတ်စွာရှိခိုးကန်တော့ပါတယ်ဘုရား

  • @thabarwa7399
    @thabarwa7399 5 หลายเดือนก่อน

    တင်ပ့ဘုရား လက်တွေ့ကျကျရတိပြတ်စွန့်နိင်ဖို့ ကျိုးစားလျှက်ပါ