ဘာဘာ Amritan (သို့မဟုတ်) မေတ္တာရှေ့ထားကာ နှစ်လမ်းသွားစနစ်နဲ့ အခမဲ့ ဆေးကုသပေးနေသူ

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • ဘာဘာ Amritan (သို့မဟုတ်) ခေတ်ပညာလည်း တတ်၊ ဘာသာရေးယုံကြည်မှုလည်း အားကောင်းပြီး နှစ်လမ်းသွားစနစ်နဲ့ ဘာဘာကြီးရဲ့မေတ္တာကို ခံယူကာ လူတန်းစားမရွေးကို အခမဲ့ ဆေးကုသပေးနေသူ
    -------------------------
    ဘာဘာ Amritan ကို ဘာဘာကြီးရဲ့မေတ္တာဓာတ်ခံယူပြီး ဆေးကုသပေးနေသူတစ်ယောက်အဖြစ် လူသိများပါတယ်။ ဘာဘာကြီးရဲ့မေတ္တာဓာတ်ကို ခိုလှုံသူတစ်ယောက်ဖြစ်ပေမယ့် ဘာဘာ Amritan က ခေတ်ပညာကိုလည်း မျက်ခြေမပြတ်ပါဘူး။ ဘွဲ့နှစ်ခု ရရှိထားသူဖြစ်ပြီး အင်္ဂလိပ်စကားပြောကလည်း သပ်ရပ်ကောင်းမွန်လွန်းလှပါတယ်။ ဆေးပညာရပ်နဲ့ သက်ဆိုင်တဲ့စာပေတွေကိုလည်း လေ့လာပြီး ခေတ်ပညာနဲ့ ဘာသာရေးယုံကြည်မှုကို တွဲဖက်ကာ နှစ်လမ်းသွားစနစ်နဲ့ ဆေးကုသပေးနေသူပါ။ ဝိပါက လိုအဖြစ်မျိုးနဲ့ ဆေးကုဖို့ ရောက်လာသူတွေကိုတော့ ဒါတွေဟာ မပျောက်နိုင်ကြောင်းနဲ့ ဘယ်အတိုင်းအတာလောက်အထိပဲ သက်သာနိုင်ကြောင်း သေသေချာချာပြောပြပြီးမှပဲ သူ့အနေနဲ့ ဆေးကုတယ်လို့ သိရပါတယ်။ ဆေးရုံဆေးခန်းတွေက ပေးအပ်လိုက်တဲ့ ဆေးဝါးတွေကို ယုံကြည်မှုနဲ့ လာရောက်သိဒ္ဓိတင်တာမျိုးရှိရင်လည်း သူ့အနေနဲ့ ဘာဘာကြီးမေတ္တာကိုခံယူပြီး လုပ်ပေးပါတယ်လို့ ဘာဘာ Amritan က ပြောပြပါတယ်။ ဘာဘာ Amritan ဟာ ဆေးကုသမှုကို ငွေကြေးအသပြာ တစ်ပြားတစ်ချပ်မှ မယူဘဲ မေတ္တာနဲ့ အခမဲ့ လုပ်ဆောင်ပေးနေတာပါ။ ဆင်းရဲချမ်းသာ ဘာသာမရွေး လူတန်းစားမရွေးကို သူ့အနေနဲ့ ဘာဘာကြီးရဲ့မေတ္တာဓာတ်နဲ့ ကုသပေးနေတာလို့ ဘာဘာ Amritan က အသိပေးပါတယ်။ ဘာဘာ Amritan ဆီကို လာရောက်ပြီး ဘာဘာကြီးရဲ့မေတ္တာဓာတ်ကို ခံယူကာ ဆေးကုသသူတွေထဲ ကင်ဆာခံစားနေရသူ၊ လေတစ်ခြမ်းဖြတ်သူတွေတောင် ပျောက်ကင်းသွားသူတွေ ရှိလို့နေပါပြီ။ ဘာဘာ Amritan က ခေတ်ပညာအရ ဆေးဝါးကိုလည်းသောက်၊ ဘာဘာကြီးရဲ့မေတ္တာကိုလည်း ခံယူ၊ ဘာဘာကြီးကိုလည်း ယုံကြည်မှုထားဆိုတဲ့ထုံးကို နှလုံးမူပြီး ဆေးကုသပေးနေတာပါ။ ဆေးဝါးကုသမှု လာရောက်ခံယူသူတွေအနေနဲ့ ဘာဘာကြီးကို ယုံကြည်ဖို့နဲ့ ဘာဘာကြီးရဲ့မေတ္တာဓာတ်ကို ယုံကြည်ဖို့က အရေးအကြီးဆုံးပဲလို့ ဘာဘာ Amritan က ပြောပြပါတယ်။ ခေတ်ပညာလည်း တတ်၊ ဘာသာရေးယုံကြည်မှုလည်း အားကောင်းပြီး နှစ်လမ်းသွားစနစ်နဲ့ ဘာဘာကြီးရဲ့မေတ္တာကို ခံယူကာ ဘာသာမရွေး လူတန်းစားမရွေးကို အခမဲ့ ဆေးကုသပေးနေသူ ဘာဘာ Amritan ရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
    #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဘာဘာAmritan #ဘာဘာကြီး #မေတ္တာဓာတ် #ခေတ်ပညာ #ဘာသာရေး #ယုံကြည်မှု #ဆင်းရဲချမ်းသာ #ဘာသာပေါင်းစုံ #ဆေးကုသမှု #နှစ်လမ်းသွားစနစ် #Yangon #Myanmar

ความคิดเห็น • 3

  • @MayLay-nw3pl
    @MayLay-nw3pl 10 วันที่ผ่านมา

    ဆရာ လိပ်စာလေးညွန်ပေးပါ

  • @minlwin6312
    @minlwin6312 15 วันที่ผ่านมา

    ဆရာမြန်မာလူမျိုးတွေဆီကဘယ်လောက်ရလဲ

    • @user-ht6xk1ir5t
      @user-ht6xk1ir5t 13 วันที่ผ่านมา

      နွားသားလေး 😂😂