နံနက်ခင်း အလုပ်ပေး တရားတော် (Day 230) | ဂရုဓမ္မအခါတော်နေ့ | အရှင် ဝရသာမိ

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • နံနက်ခင်း အလုပ်ပေး တရားတော် (Day 230) | ၁၃၈၆ တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ | အရှင် ဝရသာမိ
    *********************************************
    သူ့အသတ်သတ်ခဲ့တဲ့သူဟာ ပညာရှာလို့မပြီးခင် ဥစ္စာရှာလို့မရခင်မှာကို စောစောသေသွားတတ်ကြတယ်,
    စဉ်းစားကြည့်ပါဦး,
    ဘဝက ဘယ်လောက် အလဟဿဖြစ်လိုက်သလဲ?
    သူ့များပစ္စည်းခိုးခဲ့တဲ့သူဟာ သူ့ပစ္စည်းဥစ္စာတွေလည်း ရန်သူမျိုးငါးပါးကြောင့် လွယ်လွယ် ကုန်ဆုံးပျက်စီးရတတ်တယ်။
    သူများသားမယား ပြစ်မှားတဲ့သူဟာ လူ့အသိုင်းအဝိုင်းက အကျင့်ဆိုးကို ရွံလို့ ဖယ်ကြဉ်ခံရပြီး အထီးကျန်ဖြစ်ရတတ်တယ်။
    လိမ်လည်ပြောတတ်တော့ ဘယ်သူကမှ သူ့စကားကို အလေးထား ဂရုမစိုက်ကြတော့ဘူး။
    မူးယစ်မေ့လျော့စေတဲ့ အရက်မူးယစ်ဆေးတွေကြောင့် ကုသိုလ် ဥစ္စာ ပညာ တွေက မတိုးပွားတော့ဘဲ ဆုတ်ယုတ် ပျက်စီးကုန်ကြရတယ်။
    ဒါကြောင့် လူဖြစ်ရင်
    အသက်ရှည်ဖို့,
    ကိုယ်ရှာဖွေလို့ရသမျှ ခိုင်မြဲဖို့,
    နာမည်ကောင်းနဲ့ ဂုဏ်ရှိရှိ လူရာဝင်နိုင်ဖို့,
    ကိုယ့်ဩဇာ ကိုယ့်စကား အရေးပါအရာရောက်ဖို့,
    မကောင်းတာတွေ မတိုးစေဘဲ ကောင်းတာမှန်သမျှ တိုးတက်စေဖို့ ငါးပါးသီလကို လုံခြုံအောင် နေကြရပါတယ်။
    ဒီအကျိုးတရား ၅-ခု ထဲက တစ်ခုခုလျှော့ကြည့်လေ,
    ဘယ်ဟာလျှော့လို့ရလဲ?
    ငါးပါးသီလပြည့်စုံမှ ဘဝက ပြည့်စုံကောင်းမွန်တဲ့ ဘဝကိုရမှာမို့
    ဘာကြောင့်ဖြစ်ဖြစ် ငါးပါးသီလကို စောင့်ထိန်းကြဖို့ မြတ်စွာဘုရားကလမ်းညွှန်ပေးခဲ့တာပါ။
    (၁၃၈၆ တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့)

ความคิดเห็น •