တာယာအသစ်လဲရင်း မြို့ပတ်နင်း
ฝัง
- เผยแพร่เมื่อ 14 ต.ค. 2024
- ဒီဗီဒီယိုလေးကတော့ ကျနော်စက်ဘီးမှောက်ပြီး လက်မနာခင် ၂ပတ်အလိုက ကျနော့်ရဲ့ GT Mountain Bike ကို တာယာအသစ်သွားလဲလှယ်ရင်း စမ်းသပ်ပတ်နင်းပြီး ရိုက်ကူးခဲ့တဲ့ အမှတ်တရဗီဒီယိုလေးပဲဖြစ်ပါတယ်။ ကျနော် ဘာတာယာလေး လဲလိုက်လဲ၊ ဘယ်ဆိုင်ကဝယ်လိုက်လဲ၊ ဘယ်မှာသွားလဲခဲ့လဲဆိုတာနဲ့ ဘယ်နားတွေပတ်နင်းခဲ့လဲဆိုတဲ့ အချက်တွေကိုတော့ ဗီဒီယိုထဲမှာ အသေးစိတ် ပြောပြပေးထားပါတယ်ခင်ဗျာ။ ဒီဗီဒီယိုတင်တဲ့အချိန်မှာ ကျနော့် လက်အခြေအနေအတော်ကို ကောင်းမွန်သက်သာလာပြီဖြစ်တာကြောင့် နောက်ထပ် ဗီဒီယိုတစ်ပုဒ်တင်ပေးပြီးရင် စက်ဘီးထရိန်နင်လေးတွေပြန်စနင်းတော့မှာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်စက်ဘီးအပိုပစ္စည်းလေးတစ်ခုအကြောင်းလည်း မကြာခင်မှာ တင်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ အားလုံးပဲ ကျန်းမာစွာဖြင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်များကင်းဝေးပြီး လိုရာခရီးကို ရောက်ရှိကြပါစေခင်ဗျာ။
အကိုရေ ရန်ကုန်မြို့ထဲ ဘယ်ထရီစက်ဘီး စီးလို့ရလား ဘုရင့်နောင်ကို မြောက်ဒဂုံကနေသွားမို့ ပါ❤
ဘက်ထရီဘီး လမ်းကြောင်းကတော့ ကျနော်လည်း သိပ်မသိဘူးဘရိုရေ။ သာကေတတို့ သုဝဏ္ဏတို့ဖက်မှာတော့ ဘက်ထရီဘီးစီးနေကြသူတွေတော့ တွေ့တယ်။ ဒါပေမဲ့ တချို့မြို့နယ်တွေကျတော့ ကျနော်လည်းမသိဘူးဘရိုရေ။ ဖြစ်နိုင်ရင် Facebook ပေါ်က ဘက်ထရီဘီးအရောင်းအဝယ်ဂရုတွေထဲ Post တင်ပြီး တချက်မေးကြည့်ကြည့်နော်။
ကိုဂတုံး တဲ့ ကောင်းလိုက်တဲ့ နာမည်😂😂😂😅😊❤🎉
💪
အစ်ကို အရင် bontragerတာယာတပ်တုန်းက အဲ့တာယာတွေpunctureတော်တော်ဖြစ်လားဗျ 27.5အတွက်တပ်မလို့ဗျ
အထိုက်အလျောက်တော့ဖြစ်တယ်ဘရိုရေ။ နောက်ပိုင်း Maxxis ထဲမှာ အပေါက်နည်းတဲ့ Anti Puncture တာယာမျိုးတွေလာတယ်ကြားတယ်။ ဘရိုတချက်စုံစမ်းကြည့်ကြည့်နော်။
bro mtb မှာ sagi straps တက်ရင်skid ဆွဲလို့ရလား
ဆွဲတတ်ရင် ရတာတော့ ရပါတယ်။ ဒါပေမဲ့ လက်ကိုင်ဘရိတ်ကိုမသုံးပဲ Pedals နဲ့ Fixed ပုံစံ Skid ဆွဲရင်တော့ နောက်တွဲနာတာမျိုးတွေဖြစ်တတ်တယ်ဘရိုရေ။
700c bike ကရှော့ဘားပါလား ဦးလေး ကိုဝုဖ်❤❤🤔🤔😅😊
700c ဘီးတွေအတွက် သီးသန့် ရှော့ဘားဖောက်လာတာရှိပါတယ်ကလေးရေ။ တချို့ဘီးတွေက Original ပါလာတာမျိုးလည်း ရှိတတ်ပါတယ်။ 💪
အကိုရေ၂၆ဆိုဒ်ဝယ်လိုက်တယ်အကို
၂၉နဲ့ဘာကွားလဲသိချင်လို့😊
ဘီးပတ်ရေနဲ့ ခြေပတ်ရေကွာသွားမယ်ဘရိုရေ။ အနီးစပ်ဆုံး ဥပမာပေးရရင်တော့ ၂၉က ဘီးပတ်ရေ ၁ပတ်ဆို ၂၆က ၂ပတ် အဲ့လိုမျိုးပေါ့။ ဒါပေမဲ့ ခြေပတ်ရေကောင်းပြီး နင်းအားကောင်းရင်တော့ ၂၉ ကို ၂၆ နဲ့လည်း လိုက်နင်းနိုင်ပါတယ်။
bro ရေ ကျွန်တော် bro video တွေကြည့်ပြီး စက်ဘီးတွေတအားစီးချင်လာတော့ စီးလိုက်တာ ဝိတ်တော်တော်ကျသွားတယ် 😊
Congratulations bro 😍
ဝမ်းသာပါတယ်ဘရိုရေ။ ဝိတ်ကျသွားလည်းဆက်နင်းနော်။ အချိန်နည်းနည်းထပ်ပေးနိုင်ရင် ဒိုက်ထိုးတာ၊ ဘားခိုတာလေးနဲ့ ဘေလီရိုက်တာလေးတွေပါ ရသလောက်လေးလုပ်လုပ်ပေးနော်။ ကျန်းမာပါစေဘရိုရေ။
29နောက်ဂွေ ဘယ်မှာ၀ယ်လို့ရလဲ ဘယ်ဈေးလောက်ရှိလဲ
သုဝဏ္ဏ ကောက်လျင်လမ်းက Kyaw Family ဆိုင်နဲ့
အင်းစိန် အရှေ့ကြို့ကုန်းလမ်း သို့မဟုတ် မဟာသုခိတာလမ်းက Giant ဆိုတဲ့ဆိုင်တွေမှာ ရနိုင်ပါတယ်ဘရိုရေ။ အခုချိန်ဘယ်ဈေးပေါက်နေလဲမသိပေမဲ့ ခန့်မှန်းပြောရရင် ၄သောင်းအထက်အထက်မှာ ရှိနိုင်ပါတယ်ဘရိုရေ။
သားက အခုမှ mountain bike စစီးတာမို့ လက်ကိုင်ကိုကိုင်ရတားဘယ်လိုကြီးလဲမသိဘူး ပြီးရင် ခနခန လဲ😂😂😊❤🎉😅
ဂရုစိုက်နင်းပါဦး ကလေးရေ။
ok ပါဦးလေးကို ဝုဖ်
@@Mr.H.T.Z 💪
အားပေးနေတယ်ဗျ ကိုဝုဖ်ရေ ❤❤❤
ဘရိုတို့ မန့်လေးတွေတွေ့ရတာ တကယ်ကို ပျော်ရပါတယ်။ အမြဲကြည့်ပေးနေလို့ ကျေးဇူးအထူးပါနော်။ 💪🥰
2024 happy new year idole🎉🎉🎉🎉
Thank you very much and you too bro. 🎉🎊💪
bro u should cut the extra part from your fork.
အဲ့အပိုင်းလေးက ပစ္စည်းတစ်ခုခုချိတ်ဖို့ တမင်မဖြတ်ပဲထားထားတာပါဘရိုရေ။ 😁
မဂ်လာပါ🎉🎉🎉
မင်္ဂလာပါဗျ။ 💪
အကုိရေတောင်တက်ဘီးကိုfixedပြောငင်းလို့ရလား😅
၂၆ မောင်တိန်းကို ဖစ်ပုံစံချိန်းသေလုပ်စီးတဲ့ ဘီးမျိုးတွေ့ဖူးတယ်ဘရိုရေ။ သံဖရိန်ဆိုရင်တော့ လုပ်လို့ရမယ်ထင်တယ်။
အားကျတယ် ဘောစိရေ
ကျေးဇူးပါဘရိုရေ။ ဘောစိတော့မဟုတ်သေးပါဘူး။ 😆
အစ်ကို အခုစီးတာကျတော့ မောင်တိန်ဘီး ခေါ်မလားဗျ။အခုမှစဝယ်မှာမို့လို့ မောင်တိန်ထဲကဆိုရင် ဘယ်လိုဟာမျိုးဝယ်သင့်လဲ၊ဈေးရောအနည်းဆုံးဘယ်လောက်ရှိနိုင်လဲဗျာ😊
ဟုတ်ပါတယ်ဘရိုရေ။ မောင်တိန်းဘီးပါ။ အခုမှစစီးမယ်ဆိုရင် ဘီးတွေက အကြမ်းဖျင်း ၃မျိုးမှတ်ထားပေါ့နော်။ Road Bike ရယ်၊ 700c ဘီးရယ်၊ Mountain Bike ရယ်ပေါ့။ တကယ်လို့ ဘရိုက
- လမ်းချောမှာပဲ နင်းမယ်၊ မြန်တာလည်းကြိုက်တယ်ဆိုရင် Road Bike ကိုဝယ်ပေါ့။
- ပိုက်ဆံလည်းအများကြီးမသုံးချင်ဘူး၊ လမ်းချောလည်းနင်းမယ်၊ လမ်းအရမ်းမကြမ်းတဲ့လမ်းတွေလည်းနင်းမယ်ဆိုရင် 700c ဘီးကိုရှာပေါ့။
- လမ်းချောရော၊ လမ်းကြမ်းရော၊ တောလမ်းရော နင်းမယ်ဘာညာဆိုရင်တော့ Mountain Bike တွေကိုရှာပေါ့နော်။
ဘီးဝယ်မယ်ဆို အဓိကက ကိုယ့်အရပ်နဲ့ကိုက်မဲ့ ဖရိန်ကို အဓိကထားဝယ်ပေါ့နော်။ ဘီးဝယ်တာနဲ့ပတ်သက်လို့ အကြံပြုချက် အသေးစိတ်လေးတွေလိုချင်ရင် အစ်ကို့ Lonely Wolf ဆိုတဲ့ Facebook Page ရဲ့Message Box မှာ တချက်လောက် စာပို့ပြီး လာမေးပေးပါဘရိုရေ။ အစ်ကိုသိသလောက် အကြံပြုချက်လေးတွေ ပြောပြပေးမယ်။
@@lonelywolfcyclist ကျေးဇူးအကြီးကြီးပါ အစ်ကိုရေ။
@@KaungJuly-f2c Welcome ပါဘရိုရေ။ 💪🥰
တာယာ ပန်း အတုံးကြီးကြီးနဲ့ ဂုံးကြီးကြီးကို ကုန်းပြီးတက်ရတာ ပြုံးဖြီးဖြီးနဲ့ လျှာပါ ထွက်ကရော။😅😅😅။
အဲ့လိုထပ်တက်ရအောင် လက်ပြန်ကောင်းရင် ၁၁ကုန်းသွားကြမယ်အစ်ကိုရေ။ 😆
😭😭😭
@@myomyint1049 😆😆
ဦးလေးnameကဘာလဲ🤔🤔❤🎉😅
ကို၀ုဖ်လို့ပဲခေါ်ရင်ရပါပြီ။ 💪
အကိုMoutain လျော့ဘား ဈေးဘလောက်ရှိလဲဗျ😢 Drift brakeဈေးလေးကောအကို😢
အခုချိန်ဈေးတွေအတိအကျမသိပေမဲ့ ခန့်မှန်းပြောပြရရင် ရှော့ဘားက ရိုးရိုးတရုတ် ဆီဖောက်တွေဆိုရင် ၆သောင်းအထက်လောက်နဲ့ Air Fork ထဲက Krsec ဆိုတဲ့ တံဆိပ်ကတော့ ၂၂၀၀၀၀ သို့မဟုတ် ၂၄၀၀၀၀ လောက်ရှိနိုင်တယ်ဗျ။ Disc Brake ကတော့ ဆီဘရိတ် Shimano MT200 ထဲကဆို 140000 နဲ့အထက်လောက်ရှိနိုင်ပါတယ်ဘရိုရေ။
အကိုရေစက်ဘီးပြပွဲ Bicycle Meet လေးလုပ်ဖို့စီစဉ်ပေးကြည့်ပါလားခင်ဗျ အကိုစီစဉိရင်အဆင်ပြေမှာပါ
အကြံပြုပေးတဲ့အတွက် ကျေးဇူးပါဘရိုရေ။ အစ်ကိုလည်း အဲ့လိုစဥ်းစားခဲ့ဖူးတယ်။ လက်ပြန်ကောင်းရင် စီစဥ်ဖို့ရှိပါတယ်။ အဲ့အချိန် ပုံလေးတင်ပေးပါ့မယ်။ လုပ်ဖြစ်ရင် လာခဲ့နော်။
@@lonelywolfcyclist လာခဲ့ပါမယ်ခင်ဗျ အကူအညီလိုအပ်လဲပေးဖို့အသင့်ပါခင်ဗျ အကိုလို စက်ဘီးစီး Vloggers တွေနဲ့ စက်ဘီး Accessories တွေကိုပါ ခေါ်ဖို့အကြံပြုပါတယ်ခင်ဗျ
@@kaungsett2159 ကျေးဇူးပါဘရို
🎉🎉🎉
Thank you very much. 💪
ကျွန်တော် Maxxis 2.25 ×29er update မြှင့်ကောင်းမလားလို့ စဥ်းစားနေတာအကို
Maxxis Rrkon Race 29x2.25 လည်း မဆိုးဘူးဘရိုရေ။ 🥰
@@lonelywolfcyclist ဟုတ်bro😁
@@phyogyi1194 💪
ကိုကတံုးဆိုငဇ္ကဗိုလ္မင္းရောင္လမ္းျပါဇ္မှာဘဇဲလားလိပ္စာဘေးျရးထားပေးပါလား
ကိုကတုံးဆိုင်လိပ်စာလေးကတော့ ကန်တော်လေး၊ ဗိုလ်မင်းရောင်လမ်းမ၊ မဂိုသချိုင်းနံရံဘေး၊ သိမ်ဖြူဈေးအနီးပါဗျ။
ဦးလေးပြိုင်ဘီးကိုရှော့ဘားတက်လို့ရလား❤🎉😅😊
ရတော့ရတယ်။ ဒါပေမဲ့ ပြိုင်ဘီးကိုရှော့တပ်လိုက်ရင် ပြိုင်ဘီးလောက် အမြန်မနင်းနိုင်တော့ဘူးပေါ့။
ရှေဘားတပ်ရင် ဘာလို့နှေးသွားတာလဲ🤔🤔🎉
@@Mr.H.T.Z ဖိနင်းရင် ရှော့ဘားကအိအိသွားတော့ ပြိုင်ဘီးရဲ့ အော်ဖောက်တပ်ထားသလောက် Speed မထွက်တော့ဘူးကလေးရေ။
အချို့ဘီးတွေကရှေ့ာဘားကိိုအိကြိအိကြိမဖြစ်အောင်လုပ်လိုရပါတယ်❤