ချဥ်ပေါင်အူပေါက် (Roselle Leaves Fish Paste Curry)
ฝัง
- เผยแพร่เมื่อ 14 ต.ค. 2024
- ချက်စားမယ်ဆို ထမင်းပိုတည်ထားဖို့လိုမယ့် "ချဥ်ပေါင်အူပေါက်"🤤
ဒီနေ့မှာတော့ အသက် ၈၀ ကျော်ပြီဖြစ်တဲ့ နန္ဒာ့ဖွားဖွားဆီကနေ လက်ဆင့်ကမ်းပြီး သင်ထားတဲ့ "ချဥ်ပေါင်အူပေါက်" ချက်နည်းလေးကို အားလုံးကို မျှဝေပေးချင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း သိပ်မများဘဲ အကုန်အကျလည်း သက်သာတဲ့အပြင် သူ့အရသာက မြန်မာတွေအကြိုက် ချဥ်၊ ငံ၊ စပ်၊ မွှေး အရသာအကုန်လုံး ပေါင်းစပ်ပါဝင်နေတာမို့ ထမင်းတအားမြိန်စေမှာ သေချာပါတယ်ရှင်။
အားလုံးလည်း ဖွားဖွားရဲ့ ချက်နည်းအတိုင်း လိုက်ချက်စားကြည့်ကြပါနော်။
#NandarsKitchen #AngoonMyanmar #Roselle #FishPaste #Curry #ချဥ်ပေါင်အူပေါက်
ချည်ပေါင်နဲ့ဂျင်း မလိုက်ဖက်ပါ 😂😂😂
ဂျင်းနဲ့မလိုက်ပါ
ချဥ်ပေါင်အူပေါက်ကဂျင်းမထည့်ဘူးသမီးရေသထုံအစားစာတခု
ချဉ်ပေါင်နဲ့ ဂျင်း သိပ်မအပ်စပ်ဖူးရယ်။
ချဉ်ပေါင်ေမွှပြီး အချဉ်ထွက်ပြီးသားကို ဒုတိယအကြိမ်ထပ်ချက်တော့ ချဉ်စုပ်နေမှာပဲ။ အဲ့ဒီအချဉ်ပျောက်ဖို့ ပုစွန်ခြောက်တွေ ထည့်လိုက်ရတာ အများကြီးပဲ။
သိပ်ကြိုက်တယ်သ္မီးမနန္ဒာလေးရယ်
ဆီကပြည်တွင်းမှာဘယ်ကုမ္မဏီများတရားဝန်ဖြန့်ချီနေပါသလဲ
အစည်းလိုက်ဆေးပြီးသား
ရေကောဆေးရဲ့လားချင်ပေါင်ရွက်ကို
❤😊😊
ချဥ်ပေါင်က. ဂျင်းနဲ့ မဆိုင်ဘူး မလိုက်ဘူး
ကြက်သားငပိကျော်
you must wash before cooking
ရေမဆေးဘူးလား
ချဉ်ပေါင်ဦးပေါင်းလို့ဘဲကြားဘူးပါတယ်။
ချဥ်စုတ်နေအောင်ချက်ထားလို့ ချဥ်လွန်းပြီး ဗိုက်နာတဲ့ထိ အူပေါက်မတတ်ချဥ်တတ်လို့ ခေယ်တာ ရုပ်ရှင်ထဲမှာ
သိခဲ့ရပါတယ်
ဂျင်း နံ့ကြောင့် ဟင်းအရသာပျက်လို့ ဂျင်း မထည့်ပါဘူး၊ ချဉ်ပေါင်ဟင်း လို့လည်း ရိုးရိုး ခေါ်ကြပါတယ်၊ အလိုက်ဖက်ဆုံး အတွဲအဖက်ကတော့ ငရုတ်သီး အညာထောင်းပါ (ကြက်သွန်နီ လေးစိတ်ခွဲပြီး မညက် တညက်ထောင်း၊ ငရုတ်သီးအကြမ်းမှုန့် ထည့်၊ ဆီဆမ်း၊ ဆားလိုသလောက်ထည့် ၊ တခြားအရသာမှုန့်တွေ ထည့်စရာမလိုဘူး၊ ဒါလေးပဲ ဘာမှမပါဘူး၊ ရိုးစင်းပေမယ့် ချဉ်ပေါင်ဟင်းနဲ့ အလိုက်ဖက်ဆုံးပါပဲ)
ပြချက်တိုအောင်ချဥ်ပေါင်ချွေတာတို့ရေဆေးတာတို့ကိုမပြဘဲချုံပြလိုက်တာနေမှာပေါ့❤❤❤
ဆန်းပြားတာကျနေတာတောရွာတေကချင်ပေါင်ငါးပိချက်ပုံစံပါဘဲ
ကိုယ်တွေကတော့ချဥွ်ပေါင်ရွက်ငပိချက်ပဲခေါ်တယ်