Inguana ခုနစ်ကောင် မွေးထားတဲ့အိမ်
ฝัง
- เผยแพร่เมื่อ 8 ก.ย. 2024
- အခုတွေရတဲ့ အကောင်ဟာ Iguana လို့ ခေါ်တဲ့ အကြီးစား ဖွတ်မျိုးနွယ်တွားသွားသတ္တဝါတစ်ကောင်ဖြစ်ပါတယ်။ လက်တင်အမေရိကနဲ့ ကာရေဘီယန် ဒေသမှာ တွေ့ရှိရတဲ့ ဒီလိုအကောင်တွေကို မြန်မာနိုင်ငံမှာ တော်တော် တွေ့လာရပါတယ်။ အိမ်မွေးတိရိစ္ဆန်တွေအဖြစ် ဒီလိုတွားသွားသတ္တ၀ါတွေကို အိမ်တွေမှာ ပိုပြီးမွေးလာတာကို တွေ့လာရတာဖြစ်ပါတယ်။ အခု 7Day TV လာရောက်ရိုက်ကူးတဲ့အိမ်မှာ ဆိုရင်လည်း တစ်အိမ်ထဲ ၇ ကောင် တောင်မွေးထားတာဖြစ်ပါတယ်။ သူတို့က အခု အသက် ၃ နှစ်လောက်ရှိပြီလို့ သိရပါတယ်။ အရှည်ကတော့ ၁၈ လက္မလောက်ရှိပါတယ်။ ပထမဆုံး Iguana မျိုးစိတ်တွေကိုတော့ ၁၇၈၆ ခုနှစ်လောက် ပထမဆုံးအကြိမ် ရှာဖွေ တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တယ်။ အခု မြန်မာနိုင်ငံထဲမှာလည်း တွားသွားသတ္တ၀ါတွေဖြစ်တဲ့ တောက်တဲ့တွေ၊ မြွေသေးသေးလေးတွေ၊ ဖွတ်လေးတွေကိုလည်း အိမ်အချို့မှာလည်း မွေးမြုနေကြသလို အချို့အိမ်တွေဆို ပင့်ကူလို သတ္တ၀ါတွေကိုပါ အိမ်မွေးသတ္တ၀ါအဖြစ်နဲ့ မွေးနေကြတာပဲ ဖြစ်ပါတယ်။ လူမှုကွန်ယက် စာမျက်နှာပေါ်မှာလည်း ဒီလို တွားသွားသတ္တ၀ါတွေနဲ့ ပတ်သက်တဲ့ စာမျက်နှာတွေနဲ့ အရောင်းအ၀ယ် စာမျက်နှာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်- ယဉ်မွန်၊ အောင်မျိုးထွန်း
စာလုံးပေါင်းက တလွဲ သေချာမှတ်ထား iguana 😂😂
ဘာစားလဲ
ပုတ်သင်ညို အေကာင်ေပါက်
😅😅 L မဟုတ်ပါဘူးဗျာ i ပါဗျာ
သတ္တ၀ါတွေကိုကျွေးမွေးပြုစုစောင့်ရှောက်တာလဲမင်္ဂလာတစ်ပါးပါ။
တစ်ကောင်ဘယ်လောက်လဲ
လူကုိရန္လုိတက္လား
ရောင်းဖို့ရှိလား
Lee ကိုနှစ်၂၀
စောက်ရူးမကလဲ သေချာနားမထောင်ထူ း အသားလုံးဝမစားပါဘူး ပြောချင်လိုက်တာလဲယားလို့ ငိုးမဟာ
မြန်မာပြည်ကပေါက်သင်ညိုလည်းလှပါတယ်