10.6.2024 ကိလေသာကြားမခိုတဲ့ဉာဏ် ဆက်တိုက်ဖြစ်စေဖို့

แชร์
ฝัง
  • เผยแพร่เมื่อ 20 ก.ย. 2024
  • #ကိလေသာကြားမခိုတဲ့ဉာဏ် ဆက်တိုက်ဖြစ်နိုင်ဖို့အတွက်
    #ကိုယ်သိနိုင်တဲ့စိတ်တွေကိုပဲ ကြည့်နေတာမဟုတ်ဘဲ၊
    သိမ်မွေ့တဲ့သဘောအနေနဲ့ ဖြစ်ပြီးပျက်မှန်း မသိနိုင်သေးတဲ့စိတ် မရှိတော့တဲ့အထိ သိနိုင်ဖို့ ဦးတည်နိုင်ရပါတယ်။
    #ကိလေသာကြားခိုခဲ့ရင်တောင် ကြားခိုတဲ့ကိလေသာကို အပျက်ရှုနိုင်ရသလို၊
    သတိလွတ်သွားရင်လည်း
    သတိလွတ်မှန်း သိတဲ့စိတ် ဖြစ်တဲ့အချိန်မှာ
    သတိလွတ်ခဲ့တဲ့စိတ်တွေ မရှိတော့မှန်း သိပေးနိုင်ဖို့ လိုပါတယ်။
    #နောက်စိတ်ဖြစ်ရင် ရှေ့စိတ်နဲ့ တကွ တစ်ဘဝလုံး ၊ တစ်သံသရာလုံးက ဖြစ်ခဲ့သမျှ
    ဘာစိတ်မှ မရှိတော့မှန်း သိခြင်းအားဖြင့် အရှိယူမှု အားလုံးကိုလည်း စွန့်နိုင်ရပါတယ်။
    #ရှေ့စိတ်တွေမရှိတော့မှန်း သိရုံတင်မကဘဲ ၊
    သိတဲ့စိတ် ကိုယ်၌ရဲ့ ထပ်မရှိတော့မှု / ထပ်ချုပ်ပျောက်မှုအမှန်ကိုလည်း
    အသိကို အသိနဲ့ ဉာဏ်ကို ဉာဏ်ချင်း ထပ်ဆင့်ပြီး အပျက်ရှုနိုင်ဖို့လည်း ဦးတည်နိုင်ရပါတယ်။

ความคิดเห็น • 7