Amazing rows of Plumeria sanalsp or Frangipani plants that are hundreds of years old in Sagaing.

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • နတ်ဖွက်ထားသလိုပဲ လျို့ဝှက်စွာ လှ​နေလိုက်တာ...🌸
    စစ်ကိုင်းမြို့ က တရုတ်စကားပင်​တန်းကြီး ..🌸
    လျို့ဝှက်စွာ လှ​နေတယ်လို ​ပြောရခြင်းက ဒီအပင်​တွေရှိတဲ့ ရတနာထွဋ်​ခေါင်​ကျောင်း ကို ​ရောက်တာ​တောင် တရုတ်စကားပင်တန်းကြီးကို တန်းမမြင်ရပါဘူး။
    ရှိလည်းမရှိဘူးဆိုပြီး ပြန်သွားကြသူ​တွေလည်းရှိသတဲ့။
    (မ​မေးလို့မ​တွေ့တာပါ)
    ဘယ်နားရှိတယ်ဆိုပြီး ဆရာ​တော်ညွှန်တဲ့အတိုင်း ဝင်သွားလိုက်မှ wow...wow.. ဖြစ်သွားမှာ​နော်။
    ​တောင်တက်လမ်းမို့မို့​လေးရဲ့ ​ ​လျှောက်လမ်းဘေးတဘက်တချက်စီမှာ ​ပင်စည် အတုတ်ကြီး​တွေနဲ့ အစီအရီစိုက်ထားတာများ ​လှမှလှ 💗
    ဒါ​တောင် ပန်း​တွေလှိုင်လှိုင်ပွင့်တဲ့အချိန်မဟုတ်​သေးဘူး။
    စစ်ကိုင်းမင်းကွန်းလမ်း ပယ်ငါးဆယ်ရွာ​ရောက်ရင် ကျားကူး​ကျောင်းသို့ဆိုတဲ့ဆိုင်းဘုတ်အတိုင်း ဝင်သွားရင် ရတနာထွဋ်​ခေါင် ​တိုက်သစ်​ကျောင်း ကို ​ရောက်ပါမယ် ။အဲ့ဒီ​ကျောင်းထဲမှာရှိတာပါ။
    ဆရာ​တော်ကို ဦးစွာ​လျှောက်ထားပြီးမှ တရုတ်စကားပင်တန်းကို သွားကြည့်ပါ။🌸🌸🌸
    မင်းတုန်းမင်းရဲ့ဆရာလက်ထက်ကတည်းက တရုတ်စကားပင်​တွေ အတန်းလိုက် အစီအရီ ရှိခဲ့တာဆို​တော့ သက်တမ်းက ရာချီ​နေပါပြီ။
    ဘယ်သူ့ idea နဲ့စိုက်ခဲ့မှန်းမသိ​ပေမယ့် အကြံ​ပေးတဲ့သူကို​ရော စိုက်​ပေးခဲ့တဲ့သူ​တွေကို​ရော ​ကျေးဇူးတင်လိုက်တာ😍
    မခုတ်မလဲပဲ ဒီ​လောက်နှစ်​တွေအကြာကြီး ထိန်းသိမ်းထားတာကိုလည်း ​ကျေနပ်​နေ​ရော 😍

ความคิดเห็น •