ဒီကမ္ဘာကြီးရဲ့ သီးခြား Dimension များမှာ ဘာတွေရှိနေလဲ
ฝัง
- เผยแพร่เมื่อ 8 ก.พ. 2025
- သရဲတစ္ဆေ ဝိဉာဥ်များ နဲ့ နတ်ဆိုးမိစ္ဆာတွေ နတ်ဘုရားတွေဟာ ဒီကမ္ဘာကြီးပေါ်မှာ တကယ်ရှိနေတယ်ဆိုရင် ဘာဖြစ်လို့ကျွန်တော်တို့မျက်လုံးနဲ့ မမြင်တွေ့နိုင်ရတာလဲ
Physics သဘောတရားများ နဲ့String theory ကို အခြေခံထားတဲ့ တခြား Dimensions တွေမှာ သရဲတစ္ဆေလိုမျိုး မမြင်ရတဲ့အရာမျိုးတွေ တကယ်ရှိနိုင်ကြောင်း လေ့လာသူတချို့ရဲ့ ထင်မြင်ယူဆချက်တွေကို ဒီvideoလေးမှာ ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ string theory ရဲ့အခြေခံ အချက်အလက်တွေကို အနည်းငယ် သိထားဖို့လိုအပ်ပါတယ်
String theory ဆိုတာ Theory of everything ( အရာအားလုံးရဲ့ သီအိုရီ) လို့ သိပ္ပံပညာရှင်တစ်ချို့က သတ်မှတ်ထားကြပါတယ်
ဘာလို့လဲဆိုရင် four fundamental forces
( သဘာဝရဲ့ အခြေခံစွမ်းအင် ၄မျိုးဖြစ်တဲ့)
gravity, electromagnetism, strong force, weak force
စတဲ့စွမ်းအင်များကို တစ်ခုတည်းသော သီအိုရီ အဖြစ် ရှင်းလင်းဖော်ပြနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်
ဒါကြောင့် string theory ဟာ Quantum physics နဲ့ Gravity ကို တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်နိုင်ခဲ့တဲ့ physics theoryတစ်ခု ပဲဖြစ်ပါတယ်
String Theory ရဲ့အခြေခံအချက်ကတော့ Particles ဟာ Strings ဖြစ်နေခြင်းပါ
ကျွန်တော်တို့ သိကြတဲ့ electrons, quarks, photons တို့လို particles တွေဟာ အစက်လေးများ မဟုတ်ဘဲ၊ string အလွန်သေးငယ်ပြီး လှုပ်ခါနေတဲ့ ကြိုးသေးသေးလေးတွေ ဖြစ်တယ်လို့ String theory မှာ ဆိုပါတယ်။
String တစ်ခုရဲ့ တုန်လှုပ်ပုံ (vibration patterns) အမျိုးမျိုးဟာ ကမ္ဘာကြီးမှာ တည်ရှိတဲ့ particles တွေ၏ mass (အလေးချိန်) နဲ့ force (အစွမ်းအင်) တို့ကို သတ်မှတ်ပေးတယ်။
ဥပမာ - တစ်ဦးရဲ့ လှုပ်ရှားပုံဟာ electron ဖြစ်နိုင်ပြီး၊ နောက်တစ်ဦးရဲ့ လှုပ်ရှားပုံဟာ photon ဖြစ်နိုင်တယ်။
ဒါက လူနှစ်ဦးရဲ့ ပြုမူလှုပ်ရှားပုံကို အခြေခံပြီးအကျိုးသက်ရောက်မှု ကွဲလွဲသွားနိုင်တဲ့ Physics သဘောတရားတစ်ခုပဲဖြစ်ပါတယ်
ထားပါတော့ အဓိက ကျွန်တော်တို့ဆွေးနွေးချင်တဲ့ Dimensions တွေအကြောင်းကိုပဲ ဆက်ပြောကြမယ်ဗျာ
String theory မှာ 1D 2D ကစလို့ 10D 11D အထိ Dimensions 11လောက် ဒီကမ္ဘာကြီး တစ်ခုတည်းမှာ ဖြစ်ပေါ်နေတယ်လို့ယူဆကြပါတယ်
Multiverse theory နဲ့တော့တော်တော်လေးကွဲလွဲမှုရှိပါတယ်
Dimensions ဆိုတာကို လုံးဝမသိသေးတဲ့သူတွေအတွက် အရှင်းလင်းဆုံး ဖြစ်အောင်ပြောရမယ်ဆိုရင်
1Dဆိုတာက တစ်ခုတည်းသော လမျးကွောငျးလို့အဓိပ်ပါယျရပါတယျ
စာအုပ်ပေါ်မှာ မျဥ်တစ်တစ်ကြောင်းဆွဲလိုက်ဗျာ အဲ့ဒီမျဥ်းတစ်ကြောင်းတည်းကို ကို မြင်နေရတာ
1Dပါ
ကမ္ဘာကြီးမှာတော့ 1D လိုအလွှာတစ်ခုတည်းကို မမြင်တွေ့နိုင်ပါဘူး
2D ဆိုတာက အကျယ် (width)၊နဲ့ အမြင့် (height) ပဲရှိတဲ့ အပြားတစ်ခုပဲဖြစ်ပါတယ်
ဥပမာ 2D ပန်ချီလို၊ အရိပ်လို ပုံစံမျိုးတွေပါ
3D ကတော့ ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးကို မြင်တွေ့နေရတဲ့ ၃ဖက်မြင်
အခြေအနေတစ်ခုပဲဖြစ်ပါတယ်
ဥပမာ ကျွန်တော်တို့မြင်တွေ့နေရသမျှ အကျယ် (width)၊ အမြင့် (height) နဲ့ အနက် (depth) ဆိုတဲ့ အတိုင်းအတာ ၃ ခု ပါဝင်တဲ့ သစ်ပင် အိမ် ကား နာရီ ဖုန်း စတဲ့အရာအားလုံးဟာ 3D ဖြစ်ပါတယ်
3D ဟာ လူသားမျက်လုံးနှစ်ဖက်" ရဲ့ မြင်နိုင်စွမ်းကြောင့် ဖြစ်ပြီး၊ မျက်လုံး ၂ ဖက်က နေရာတစ်ခုကို မတူညီတဲ့ Angle view နဲ့ ကြည့်တာကြောင့် အနက်အမြင် (depth perception) ကို ခံစားနိုင်တာဖြစ်ပါတယ်။
ဒီလိုကျွန်တော်တို့မျက်လုံးနဲ့ မြင်တွေ့နေရတဲ့ 3D dimensionထဲကို Timeline ဆိုတဲ့ အချိန်စီကြောင်းတစ်ခုပေါင်းထည့်လိုက်တဲ့အခါ 4D space Time ပုံစံနဲ့ Dimensionတစ်ခုဖြစ်လာပါတယ်
ကျွန်တော်တို့လူသားတွေမြင်တွေ့နိုင်တဲ့အတိုင်းအတာကလည်း ကလည်း 4D Dimensionထဲမှာပဲ အကျုံးဝင်ပါတယ်
ဒါဟာ visible dimension လို့ခေါ်တဲ့ မြင်တွေ့နိုင်တဲ့အတိုင်းတစ်ခုပဲဖြစ်ပါတယ်
ကျွန်တော်တို့မမြင်တွေ့နိုင်တဲ့ Hidden Dimensions တွေလည်း ဒီကမ္ဘာကြီးမှာ ရှိနေပါသေးတယ်
ဥပမာ ကျွန်တော်တို့မျက်လုံးရဲ့ 3D မြင်နိုင်စွမ်းနဲ့ Timeline အချိန်စီးကြောင်း တစ်ခု ပေါင်းထားတဲ့ 4D Dimension ကို Different timeline မတူညီတဲ့အချိန်စီကြောင်းတစ်ခုထပ်မံ ပေါင်းစပ်ပြီး 5D dimensions ဖြစ်နေနိုင်ပါတယ်
ဒါမှမဟုတ်
ကျွန်တော်တို့လူသားတွေရဲ့ 3D မြင်နိုင်စွမ်းထက်ကျော်လွန်နေတဲ့ အလွန်သေးငယ်သော Planck scal ကြောင့် တခြား dimension တွေကို မမြင်တွေ့ရတာဖြစ်နိုင်ပါတယ်
planck scal က ဘယ်လောက်ထိသေးသလဲဆိုရင် (10 meter) ပဲ ရှိပါတယ်
ဒါက ကျွန်တော်တို့အသေးငယ်ဆုံးလို့ ယူဆထားတဲ့ (1015 meter)ရှိတဲ့ atomic nucleus ထက် အဆပေါင်းများစွာ ပိုသေးငယ်ပါတယ်
ဒါကြောင့် လက်တွေ့စမ်းသပ်ချက်တွေပြုလုပ်ဖို့က ယခုအချိန်ထိတော့မဖြစ်နိုင်သေးပါဘူး
နောက်ထပ် ယူဆချက်တစ်ခုကလည်း ကျွန်တော်တို့ရဲ့ အမြင်စွမ်းအင်ဟာ 4D dimensions ထဲမှာ ပိတ်လှောင်ခံထားရခြင်းကြောင့်လို့ဆိုပါတယ် compactified dimensions
ဥပမာ တိုက်ခန်းအလုံပိတ်တစ်လုံးထဲမှာ လူတစ်ယောက်ကို ထည့်ထားမယ်ဆိုရင် အဲ့ဒီလူဟာ အခန်းနံရံတွေကိုပဲ မြင်ရပြီး အခန်းအပြင်ဘက်ကအရာတွေကို ဖောက်မမြင်နိုင်သလို သဘောတရားများဖြစ်ပါတယ်
ဒီလိုပဲကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့လူသားတွေရဲ့ 3D မြင်နိုင်စွမ်းထက်ကျော်လွန်ပြီး ဖြစ်ပေါ်တည်ရှိနေတဲ့အတိုင်းအတာများကို 5D 6D 10D စသဖြင့် hidden dimensions မမြင်ရတဲ့ အတိုင်းအတာများအဖြစ် သတ်မှတ်ခြင်းဖြစ်ပါတယ်
Ok ဒါဆိုရင်တော့ Dimensions ဆိုတာဘာလဲ ကျွန်တော်တို့ကမ္ဘာကြီးပေါ်ကမြင်နိုင်တဲ့ dimensions တွေ မမြင်နိုင် dimensions တွေဟာ ဘယ်လို သဘောတရာရှိသလဲဆိုတာကို နားလည်မယ်လို့ မျှော်လင့်မိပါတယ်
သရဲတစ္တေများ ဝိဉာဥ်များနဲ့ တခြား မမြင်အပ်တဲ့အရာတွေဟာ ကျွန်တော်တို့ 4D အထက်က တခြား Dimension တွေမှာ တည်ရှိနေတယ်ဆိုတဲ့ အယူအဆ တစ်ချို့လည်း ရှိနေပါတယ်
5D မှာရှိနေတဲ့အရာတစ်ခုကို ကျွန်တော်တို့ 4D ကနေ မြင်တွေ့ရချိန်မှာ အစိတ်အပိုင်းတစ်ခုကို အချိန်အတိုင်အတာ တစ်ခုထိသာ မြင်တွေ့ကြရတာဖြစ်ပါတယ်
ဥပမာ ဝိဉာဥ်တွေသရဲတွေကို မှုန်ဝါးဝါးပုံရိပ်အဖြစ် အချိန်ခဏသာ မြင်တွေ့ရခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်
ဒီနေရာမှာ အဖြေရှာလို့မရတဲ့အသံတွေ နဲ့ ကိုယ့်အနားမှာ မမြင်ရတဲ့အရာတစ်ခုခုရှိနေတယ်ဆိုတဲ့ စိတ်ခံစားချက် များလည်း
#physics #knowledge #stringtheory