ဘုတလင်ကပြည်သူတွေကို PDFကသတ်တယ်လို့ လော်ဘီတွေ သတင်းတု ဖြန့်ဝေ
ฝัง
- เผยแพร่เมื่อ 21 ต.ค. 2024
- ZZ
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်က ပြည်သူတွေကို ပြည်သူ့ကာကွယ် ရေးတပ် (PDF) တွေက သတ်တယ်လို့ စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။
မှိုင်းဝေ တယ်လီဂရမ်ချန်နယ် ကနေ အောက်တိုဘာ ၁၂ ရက်မှာ ဘုတလင်မြို့၊ ဗန္ဓုလကွက်သစ်ရပ်ကွက်၊ မုံရွာ-ရေဦးလမ်းနဲ့ သဖန်းလမ်းဆုံမှာ ရှိတဲ့ ကုန်စုံဆိုင်ပိုင်ရှင် မိသားစုကို PDF တွေက ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်ခဲ့တယ်လို့ စာသားတွေနဲ့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ သေဆုံးသူတွေရဲ့ ပုံတွေကို ဒီစားသားနဲ့ပဲ ပြန်လည်ဖြန့်ဝေထားပါတယ်။ ဒီအကြောင်းဟာ တယ်လီဂရမ် ချန်နယ်နဲ့ ဂရု ၅၄ ခုမှာ ပျံ့နှံ့နေပါတယ်။
မဇ္ဈိမက ဒီအကြောင်းအရာနဲ့ ပုံတွေကိုစစ်ဆေးခဲ့ပြီး ဖြစ်စဉ်အမှန်အပေါ် အခြေခံပြီး ကျူးလွန်သူတွေကို ပြောင်းလဲဖော်ပြထားတာကို တွေ့ပါတယ်။
ဝါဒဖြန့် ချန်နယ်တွေမှာ ဖော်ပြထားတဲ့ ပုံတွေနဲ့ သတင်းဌာနတွေက ဖော်ပြထားတဲ့ ပုံတွေဟာ တူညီနေပါတယ်။
ဒီဖြစ်စဉ်အကြောင်းနဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာနကနေ အောက်တိုဘာ ၁၅ ရက်နေ့မှာ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မေးမြန်းပြီး သတင်းတင်ဆက်ထားပါတယ်။ လင့် - myanmar-now.or...
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကနေ ဘုတလင်မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့အနီးက ရွာတွေကို စီးနင်းတဲ့အချိန်မှာ ဒီလို စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာပါ။
မြေလတ်အသံရဲ့ သတင်းဖော်ပြမှုမှာလည်း ဘုတလင်မြို့က ကုန်စုံဆိုင် မိသားစုတွေကို စစ်ကောင်စီတပ် စစ်ကြောင်းတွေ ရောက်ရှိလာပြီး နေအိမ်မှာရှိတဲ့ မိသားစုဝင်တွေအားလုံးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေကို မေးမြန်းပြီး အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက သတင်းတင်ဆက်ထားတာပါ။ လင့် - shorturl.at/md5xd
ဒါ့ကြောင့် ဘုတလင်မှာ ပြည်သူတွေ အသတ်ခံရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်သူဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေမဟုတ်ဘဲ စစ်ကောင်စီတပ်တွေက ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။ မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကို အခြေခံပြီး ကျူးလွန်သူကို လွဲမှားဖော်ပြပြီး သတင်းတု ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့ သူတွေအနေနဲ့လည်း စစ်ဆေးစေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
#Misinformation_Buster
#Fake_News
#ဘုတလင်
#PDF
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ bit.ly/2VhJ12U or tinyurl.com/do...
Subscribe our channel:
/ @mizzimanewstv
Follow us:
Facebook | Myanmar Language / mizzimadaily
Facebook | English language / mizzimamyanmarnews
Facebook | Mizzima+TV / mizzimaplustv
Twitter / mizzimanews
Telegram t.me/mizzimatv
Sportify open.spotify.c...
Mizzima TV App onelink.to/jnuwak
Mizzima Weekly Analysis & Insight Digital Magazine Subscription : mizzimadailyne...
Website : www.mizzima.com
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
ဘယ်လောက်ပဲစစ်တပ်ကသတင်းတုဖြန်ပါစေပြည်သူလူထုကစစ်တပ်သတ်ဖြတ်တယ်စိုတာသိပီးသားပါလိမ်လိုမရပါဘူး
@@manwe-qw1cl ချက်ပါစားသွာတာဆိုတော လူတွေမှဟုတ်ရဲ့လာ ခွေးတပ်ရယ်အမည်နဲလိုက်အောင်လုပ်သွာတာ