#ကညွတ်ကွင်းမြို့က
ฝัง
- เผยแพร่เมื่อ 12 ก.ย. 2024
- ဒီတစ်ခေါက် Vlog လေးကိုတော့ ကညွတ်ကွင်းမြို့နယ်အတွင်းက နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ကညွတ်ကွင်းငါးထပ်ကြီးဘုရားနဲ့ ရှေးဟောင်းမဟာဝိဇယသိမ်တော်ကြီးကို သွားရောက်လေ့လာဖူးမျှော် ရိုက်ကူးခဲ့ပါတယ်။ ငါးထပ်ကြီးဘုရားဟာ Yangon-Mandalay အမြန်လမ်းဟောင်းကနေ သွားရပါတယ်။ နေပြည်တော် အမြန်လမ်းမဘက်က လာရင်တော့ ၉၉ မိုင် ၄ ဖာလုံ သရက်စိန်လမ်းခွဲကနေလာလို့လည်း ရပါတယ်။ ငါးထပ်ကြီးဘုရားဆင်းတုတော်ကြီးဟာ နှစ်ပေါင်းရာကျော်သက်တမ်းရှိနေပြီး ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရပေမယ့်လည်း အပျက်အစီးမရှိ သီတင်းသုံးတော်မူနိုင်တာကလည်း အလွန်ကို အံ့ဩဖွယ်ကောင်းလွန်းပါတယ်။ ရှေးဟောင်း မဟာဝိဇယသိမ်တော်ကြီးအတွင်းမှာ လဲ ရှေးခေတ်လက်ရာဘုရားဆင်းတုတော်များကို တည်ထားကိုးကွယ်ထားပြီး၊ တချို့သော ဘုရားဆင်းတုတော်များကတော့ ကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်ကာလအတွင်းမှာ မသမာသူတစ်စုရဲ့ ခိုးယူမှုတွေကြောင့် ပျောက်ဆုံးခဲ့ရတာကိုလည်း လေ့လာသိရှိခဲ့ရပါတယ် ခင်ဗျာ။
မြန်မာပြည်အနှံမှာ လူမသိသူမသိ တိမ်မြုပ်နေတဲ့ ရှေးဟောင်းအမွေအနှစ်တွေက အများကြီးရှိတယ်။ အခုလို ဖော်ထုတ်တင်ပြပေးလို့ ကျေးဇူးပါ bro
ကညွတ်ကွင်းမှာ ဒီလိုရှေးဟောင်းဘုရားကြီးရှိနေတာ မသိခဲ့ဘူး
ကညွှတ်ကွင်းမြို့ကဘယ်မှာတည်ရှိတာလဲဗျ
အမြန်လမ်းဟောင်းပေါ်မှာရှိတယ် Bro. ကျောက်တံခါးနဲ့ ဖြူး နဲ့ကြားမှာပဲ။ ဖြူး ကို မရောက်ခင်လေးပေါ့။
🙏🙏🙏🙏🙏
လွမ်းမိပါတယ်မွေးရပ်မြေ