ငပလီကမ်းခြေကို စစ်ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုလက်ဝါးကြီးအုပ်ခဲ့ကြသလဲ

แชร์
ฝัง
  • เผยแพร่เมื่อ 14 ต.ค. 2024
  • ငပလီကမ်းခြေကို စစ်ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုလက်ဝါးကြီးအုပ်ခဲ့ကြသလဲ
    ---------------
    ငပလီကို လက်ဝါးကြီးအုပ်ခဲ့သူတွေထဲ အထင်ရှားဆုံးတစ်ခုဆိုရင် အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ သံတွဲခရိုင်၊ ငပလီမှာရှိတဲ့ ဒေသခံတွေရဲ့ မြေတွေကို တပ်တိုးချဲ့ဖို့အကြောင်းပြချက်နဲ့ သိမ်းပိုက်ခဲ့ပြီး၊ သူ့ရဲ့သားဖြစ်သူ သန့်ဇော်ရွှေ ကို မြေ ၅ဧကကျော် အနှစ် ၄၀ ငှားရမ်းခွင့် ပေးခဲ့ပါတယ်။
    ၂၀၀၇ခုနှစ်မှာ စတင်အသက်ဝင်တဲ့ အနှစ် ၄၀ စာချုပ်ဖြစ်တဲ့အတွက် သူ့ရဲ့သား အသက် ၈၀ပြည့်တဲ့ ၂၀၄၇ခုနှစ်မှသာ စာချုပ်သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။
    စစ်တပ်ရဲ့ အတင်းအဓမ္မ မြေသိမ်းတာကို ခံခဲ့ရတဲ့ ဒေသခံအများစုကတော့ သူတို့မြေပေါ်မှာ ဆောက်ထားတဲ့ ဟိုတယ်တွေမှာ အောက်ခြေသိမ်းအလုပ်တွေကို လုပ်ကိုင်ခဲ့ကြရပါတယ်။
    အခုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သား ဦးသန့်ဇော်ရွှေ ပိုင်ဆိုင်တဲ့ သံတဲကမ်းခြေဟိုတယ် အပါအဝင် ငပလီကမ်းခြေ က စစ်ဗိုလ်ချုပ်မိသားစုတွေနဲ့ ခရိုနီတွေ ပိုင်တဲ့ ဟိုတယ်လုပ်ငန်းတွေရဲ့ အနာဂတ်ဟာ AA ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု မူဝါဒအပေါ် မူတည်နေတယ်လို့ AA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်မှုရှိတဲ့ ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
    အာရက္ခတပ်တော် AA အပြည့်အဝထိန်းချုပ်နိုင်တော့မယ့် သံတွဲမြို့နယ်ဟာ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှရဲ့ ဇာတိလည်း ဖြစ်ပါတယ်။
    သတင်း၊ တင်ဆက် - အောင်ခမ်း၊ မြတ်ကြီး

ความคิดเห็น • 329