ပြင်ဦးလွင်​ရောက်ရင် ​တောင်ပုလ ကို ​​ရောက်​အောင်သွားပါ ရှုခင်း​တွေအရမ်းလှတယ်။

แชร์
ฝัง
  • เผยแพร่เมื่อ 11 ต.ค. 2024
  • တောင်ပုလရှုခင်းအရမ်းလှလို့
    ပြင်ဦးလွင်​ရောက်ရင်သွားကြည့်ပါ
    လမ်းညွှန်⛰
    ပြင်ဦးလွင်အ​ကျော် ဝက်ဝံရွာ ပိတ်ချင်း​မြောင်လိုဏ်ဂူမုဒ်ဦးအတိုင်း ဝင်လာပြီး
    ပိတ်ချင်း​မြောင်မ​ရောက်ခင် လမ်းရဲ့ဘယ်ဘက်မှာ
    ​တောင်ပုလသို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်အတိုင်း ၅မိနစ်ခန့်​မောင်းလာရင်​တောင်​ခြေကို ​ရောက်ပါတယ်
    ​တောင်​ခြေက ယာဥ်ရပ်နားစခန်းမှာကားဆိုင်ကယ်​တွေအပ်ခဲ့ပြီးဆရာ​တော်စီစဥ်​ပေးတဲ့ကား​တွေနဲ့ပဲ​တောင်​ပေါ်ကိုတက်ရမှာပါ
    ကားနဲ့ဆို ၅မိနစ်ပဲတက်ရပါတယ် ကားခ အတက်၁၀၀၀ အဆင်း၅၀၀ ပါ
    အတက်အဆင်း မတ်​စောက်ပါတယ်
    ကျိုက်ထီးရိုးတက်ရသလိုပဲ
    ဆင်နဲ့တက်ချင်ရင်လည်း ရပါတယ်
    ​ခြေလျင်တက်ရင်နာရီဝက်ခန့်တက်ရပါမယ်
    ​တောင်​ပေါ်မှာသားသတ်လွတ်စတုဒီသာလည်း ​ကျွေးပါတယ်
    ​တောင်ပုလက အမြင်ွ​ပေ ၃၀၈၅​ပေမြင့်ပါတယ်
    အနီးအနားက​တောင်​တွေအလယ်မှာအမြင်ွဆုံးပါ
    ရှုခင်း​တွေက ဘယ်ကိုပဲကြည့်ကြည့်လှ​နေတာပါပဲ
    ဓါတ်ပုံရိုက်စရာ photo booth​တွေလည်း လုပ်​ပေးထား​တော့ ဓါတ်ပုံရိုက်ချင်သူ​တွေအကြိုက်ပါပဲ
    ​​တောင်ထိပ်မှာ ​တောင်ပုလ ရန်​အောင်မြင်ကပ်​ကျော်သစ္စာရှင်ဆု​တောင်းပြည့်​စေတီကိုလည်း ဖူး​မြော်နိုင်ပါတယ်။
    ဆရာ​တော်ကြီးရဲ့ဦး​ဆောင်ကြိုးပမ်းမှု​ကြောင့် ​တောင်ပုလ ဟာ ပိုပိုပြီးသာယာလှပ လာ​နေပါတယ်။
    အနယ်နယ်အရပ်ရပ်က ဘုရားဖူး​တွေလည်း အများကြီးပါပဲ
    ​အေးချမ်းသာယာလွန်းတဲ့​နေရာ​လေးမို့ ပြင်ဦးလွင်​ရောက်ရင် သွားကြည့်ကြပါလို့
    #adventureholudaysbynway
    #sundayfunday
    #TaungPuLa
    #​#တောင်ပုလ

ความคิดเห็น • 2

  • @myatbhonepyae
    @myatbhonepyae 3 หลายเดือนก่อน

    ရောက်ဖူးပါပြီ အရမ်းလှ

    • @adventureholidays9643
      @adventureholidays9643  3 หลายเดือนก่อน

      ကားနဲ့မတ်မတ်ကြီးတက်ရတာ ​ပျော်စရာ