Mobile Phone Network Block
ฝัง
- เผยแพร่เมื่อ 17 เม.ย. 2022
- ဒီ Block Diagram လေးကတော့
Mobile Phone တွေမှာ တည်ဆောက်ထားတဲ့ Network စနစ်ပဲဖြစ်ပါတယ်။
အလုပ်လုပ်ပုံအဆင့်ဆင့်ကိုမပြောခင် ပုံမှာပြထားတဲ့ အတိုကောက်အညွှန်းလေးတွေက ဘာလဲဆိုတာသိထားဖို့လိုပါတယ်။
RF = Radio Frequency
IF = Intermediate Frequency
LNA = Low Noise Amplifier
PA = Power Amplifier
ADC = Analog To Digital Converter
DAC = Digital To Analog Converter
ကဲ… အလုပ်လုပ်ပုံစပြောမယ်နော်..
Antenna ကနေ RF Signal တွေဟာ အရင်ဦးဆုံး Network Switch ကိုအရင်ဝင်ရပါတယ်။ Network Switch ကနေ Signal တွေကို စီမံခန့်ခွဲပေးမှာဖြစ်ပါတယ်။
Network Signal တွေဟာ RF Signal တွေကို IF Signal အဖြစ် စီမံပြီး LNA ဆီသို့ပို့ပေးပါတယ်။
LNA ဆီကိုရောက်တဲ့အခါမှာ IF Signal တွေကို Noise များလျော့ချပေးလိုက်ပါတယ်။ နောက်ပြီး Signal တွေကို အားကောင်းအောင် မြှင့်တင်ပေးပြီးတော့ Transceiver ဆီကို ပို့ပေးပါတယ်။
Transceiver ဆိုတာ Signal တွေကို Receive-လက်ခံနိုင်၊ Transmit-ပြန်လွှင့်ပေးနိုင်တဲ့ Chip တစ်ခုပဲဖြစ်ပါတယ်။
ကဲ ဟုတ်ပြီ ဒီလိုဆိုတော့ LNA ကနေပို့လိုက်တဲ့ Signal တွေကို Transceiver ရဲ့ Receive ပိုင်းကနေလက်ခံမှာပေါ့။ ဟုတ်ပြီနော်။
လက်ခံပြီးတော့ Baseband ဆီကိုတန်းပြီးပို့ပေးသလားဆိုတော့။ ဒီတိုင်းပို့လို့မရသေးဘူး။
ဘာလို့လဲဆိုတော့ Baseband ဆိုတာက Processor ဗျ။ Processor ဆိုမှတော့ ကွန်ပျူတာစနစ်ပေါ့သူက။
ဒီတော့ကာ သူက Digital Signal တွေကိုပဲနားလည်မှာပါ။ ဆရာတို့ရှေ့မှာပြောခဲ့တဲ့အတိုင်း Antenna ကနေ Transceiver ဆီကိုရောက်တဲ့အဆင့်အထိ လာတဲ့ RF Signal တို့ IF Signal တို့တွေက Analog တွေဆိုတော့ Baseband ဆီကိုတိုက်ရိုက်ပို့လို့မရဘူး။
Analog Signal ဆိုတာ AC ပုံစံစီးဆင်းတာ။ လှိုင်းပုံစံပေါ့..။
Digital Signal တွေဆိုတာ On/Off Signal လို့ခေါ်တဲ့ 1/0 Signal တွေပါ။ အဲ့ဒါကို Binary Signal လို့ခေါ်တယ်။
ဒါကြောင့် Transceiver တွေမှာ တာဝန်တစ်ခုပိုလာပါပြီ။ အဲဒါကဘာလဲဆိုတော့ Analog ကနေ Digital ကိုပြောင်းပေးဖို့ပါတယ်။
အဲလိုပြောင်းပေးဖို့အတွက် Analog To Digital Converter ဆိုတဲ့ ADC ဆိုတာလေးပါပါတယ်။
အဲ့လို Analog ကနေ Digital ပြောင်းပေးခြင်းကို Demodulation လုပ်တယ်လို့ခေါ်တယ်။ ဒါက Computer ဝေါဟာရတစ်ခုလို့ဆိုရင်လဲ မမှားပါဘူး။
အဲ့လိုလုပ်ပေးလိုက်ပြီးပြီဆိုတော့မှ Baseband ဆီကိုပို့ပေးလိုက်ပါတယ်။
နောက်တစ်ခုရှိတာက Baseband က Processor ဆိုတော့ သူ့ကိုထိန်းချုပ်မယ့် Software ကဘယ်မှာလဲဆိုတာပါပဲ။
Baseband ကိုထိန်းချုပ်ဖို့အတွက် Baseband Processor ထဲမှာ OS(Operating System) တစ်ခု သီးသန့်ထည့်သွင်းပေးထားပါတယ်။
ဘာကြောင့် ဖုန်းထဲမှာပါတဲ့ Android Operating System နဲ့မထိန်းချုပ်တာလဲဆိုတော့...
Mobile Phone တွေရဲ့ Network ပိုင်းက အရမ်းကိုများပြားလွန်းတာကြောင့် သီးသန့် OS တစ်ခုရှိမှ အဆင်ပြေမှာကြောင့်ပါပဲ။
အဲဒီ Baseband Processor ထဲမှာပါတဲ့ OS ကို Baseband OS လို့ခေါ်ပါတယ်။
ဆရာတို့ပြောပြောနေတဲ့ Baseband ပျောက်တယ် ဘာညာဆိုတာ အဲ့ဒီ Baseband OS ပျက်တာ သို့မဟုတ် Error ဖြစ်တာပါပဲ။
ဒါဟာ ပြင်ပကလာတဲ့ Signal တွေရဲ့ အဝင်ပိုင်းပဲဖြစ်ပါတယ်။
နောက်တစ်ခုက ဖုန်းကနေပြန်လွှတ်ပေးရမယ့် Signal ပဲဖြစ်ပါတယ်။
ဒီအပိုင်းကျတော့ Baseband Processor ကနေပြီး Digital Signal တွေကို Transceiver Chip ကိုပြန်ပို့ပါတယ်။
Transmitter တွေဟာ Baseband Processor ကလာတဲ့ Digital Signal တွေကို Analog ပြန်ပြောင်းပေးရပြန်ပါတယ်။ အဲ့ဒီလိုပြောင်းပေးဖို့အတွက် Transceiver ထဲမှာ Digital To Analog Converter ဆိုတဲ့ DAC လေးပါပါတယ်။
Digital ကနေ Analog ပြောင်းပေးတာကိုတော့ Modulation လုပ်တယ်လို့ခေါ်ပါတယ်။
အဲ့ဒီလို DAC နဲ့ Modulation လုပ်ပြီးတော့မှ Transceiverရဲ့ Transmitter ပိုင်းကနေပြီး PA ဆီကိုလွှတ်ပေးလိုက်ပါတယ်။
PA က ရလာတဲ့ Signal တွေကို အားကောင်းအောင် မြှင့်တင်ပေးလိုက်ပြန်ပါတယ်။
ပြီးတော့မှ Network Switch ကိုပို့လိုက်တဲ့အခါမှာတော့ Network Switch က စီမံခန့်ခွဲမှုတွေပြုပြီးတော့ Antenna ကနေတစ်ဆင့် နီးစပ်ရာ တာဝါတိုင်တွေဆီကိုရောက်စေတာပဲဖြစ်ပါတယ်။
ကဲ့... အားလုံးထိုက်သင့်သလောက်တော့နားလည်ကြမယ်လို့မျှော်လင့်ပါတယ်။
Phyo Han Tun (PHT နည်းပညာသင်တန်းကျောင်း)
PHT IT Universe
Mandalay
09797555761
09444882360
21.4.2022 တန်းခွဲသစ်အတွက် အခုသင်တန်းအပ်လို့ရနေပါ သေးတယ် ညီတို့ ညီမတို့ရေ - ยานยนต์และพาหนะ
ကျေးဇူးပါဗျာ ဆရာရေ အရမ်းလေးစားမိ့ပါသယ်
ကျေးဇူးပါ ဆရာ
အဆုံးထိကြည့်ပါတယ် ဆရာ ကျေးဇူးအရမ်းတင်ပါတယ်😊
ကျေးဇူးတင်ပါတယ် ဆရာ။
အရမ်းကောင်းပါတယ် ဆရာ.❤
Thank you ဆဆ
ကျေးဇူးဆရာ
ကျေးဇူး ပါ ဆရာ :-)❤
theroy ကို သေချာနားထောင်ပီး ပညာအများကြီးရတယ် အခါခါ နားထောင်ချင်လာတယ် ကျေးဇူးတင်ပါတယ် ဆရာ
အဆုံးအထိကြည်ဖြစ်ပါတယ်ဆရာ.ဆရာကို youtube မှာတွေမိပြီး ကြည်ဖြစ်တာပါဆရာ
ကျေးဇူးပါဆရာ
ကြည့်တယ်ဆရာ🎉🤗
Thanks You Sir
thanks par ဆရာ
Many thanks, sir.
ကျေးဇူးတင်ပါတယ်
တက်ချင်ပါတယ် sir
thank sir
ကျေးဇူးပါဆရာ
ဝါသနာပါပါတယ်
ကျေးဇူးတင်ပါတယ်ဆရာ၊ ကျွန်တော်ကmobile phone ပြင်ဖို့ သင်တန်းတက်ဖို့အခက်အခဲရှိလို့ သင်တန်းမတက်နိုင်ခဲ့ပါဘူး။ ခုဒီရက်ပိုင်း utubeမွာ ဆရာ့videoလေးစတွေ့တာကနေ ခုတော်တော်များများကြည့်ဖြစ်ပါတယ်။ ဆရာရှင်ပြတာတော်တော်ကောင်းပါတယ်။ ဆရာ့ရှင်းပြချက်တွေက သမာန်လူတယောက် စပြီးလေ့လာသူတယောက်အတွက် အလွန်တန်ဖိုးရှိပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ဆရာ။
ကျေးဇူးပါဆရာ ခုမှ network ကဘလိုအလုပ်လုပ်လဲဆိုတာသိလို့❤
Thx sir
thank a lot sir နောက်ထပ်videoတွေလည်းတင်ပေးပါဆရာ
ဆရာသင်ပေးတဲ့ Network Theory သင်ခန်းစာ အရမ်းကောင်းပါတယ် နောက်ထပ် video တွေလဲ ထပ်တင်ပေးစေချင်ပါတယ်ဆရာ
Video တွေ ရှည်ချင်ရှည်ပါစေ ဆရာ ကျနော်ရဲ့အချိန်တွေကို ဆရာ Video တွေနဲ့ ကုန်ဆုံးရတာ အရမ်းတန်ဖိုးရှိပါတယ် ဆရာ
အရမ်းကောင်းပါတယ် ပညာရပါတယ် အကို
မဂ်လာပါဆရာခဗျ
ကျနော့်တို့မြန်မာနိုင်ငံမှာ
ဝါသနာအရမ်းပါပေမဲ့ ဖုန်းပြင်သင်တန်းမတက်နိုင်တဲ့ အခြေ လူတန်းစားထဲက လူငယ်တွေကိုငဲ့ညှာပြီး ဆော့ဝဲလ်လေးတစ်ခု ကို တည်ဆောက်ပြီး မျှဝေပေးပါလားဗျ
လေးစားလျှက်✌
ကျနော် အဖြစ်များဆုံး erro ic3 လုံးလဲလဲမရ
လိုင်ပေါ်တယ် ဖုန်းခေါ်ရင် လိုင်ပျောက် ပြောပေးပါ အုန်း ဆရာ
ဗဟုသုတ ရပါတယ်ဆရာ
nice
ဂါရဝပါ
လုပ်ပေးေစချင်ပါတယ်ဆရာ
တော်တော်များများ ဆရာရဲ့ videoကြည့်ဖြစ်ပါတယ်
Kyay zuu tin pr tl sa yar
sa yar pyaw thwr tr twy a yann nr ll lwl pr tl byr🖤
ဖုန်းရေဝင်ပြီးတော့ပါဝါတော့ပွင့်တယ်အကိုlogoတော့ပေါ်ပြီးဆော့ဝဲတွေမပေါ်ဘူးဖြစ်နေတယ်ဗျအဲ့ဒါဘယ်အပိုင်းစစ်ဆေးရမလဲဗျဖြေပေးပါဦးဆရာ သင်ယူနေဆဲပါအကို့ဗီဒီယိုကြည့်ပြီးတော့ ကျေးဇူးတင်ပါတယ်ဆရာ😍😍😍ဖြေပေးပါဦးနော်ကျေးဇူးပြု၍
တင်တန်းမတက်နိုင်လို့ဆရာvideoတွေ့နင်အခြားvideoတွေကြည့်ပီးနယ်မာဆိုင်ကလေးဖွင့်ထားပါတယ်
❤❤❤
အဆုံးထိကြည့်ပါတယ် ဆရာ
အဆုံးထိကြည့်ပီးပါပီ
အားလုံးနားလယ်မယ်လို့ရုံကြည်ပါတ။် ထိပါ🥰
ဆရာ Network ပိုင်းလေးထပ်တင်ပေးပါလားဆရာ
ဆရာဘာပဲ့တင်တင်အဆုံးထိကြည့်ဖြစ်ပါတယ်ဆရာ
တင်ပေးပါဦးဆရာ
နောက်videoတွေလည်း
ပါဝါနှိုးခြင်းကိုရှင်းပြပေးပါ ဆရာ
စကားလုံးတိုင်း အနှစ်တွေကြီးပဲ ဆရာ
No power Ph တေ နှိုးတာ တင်ပေးပါဗျ
Hi
ဆရာ Facebook page link ချပေးပါလားဗျာ့ သင်တန်း တက်ချင်လို့ပယ
သင်တန်း မတတ်နိုင်လို့ ဆရာvideo နေ့တိုင်းကြည့်ပါတယ် နောက်ထပ်ဗဟုတုတတေတင်ပေးပါခမ်ဗျ🥺
ဆရာ သင်တန်းတတ်ချင်လို့ ဖုန်းနံပါတ်ပေးပါ
09799182650
no power လုစေချင်ဘာတယ်
မြန်မာပြည်ဆင်းရဲတဲ့လူငယ်တွေအတွက်ပညာတခုကိုမထိန်းချန်ဘဲဗဟုသုတရစေသောပညာတရပ်ကိုကြားစေသောစေတနာလေးစားမိပါတယ်၊ကိုယ်နိုင်ငံလူငယ်တွေတတ်နိုင်တဲ့ဘက်ကပညာဒါနပြုလုပ်ပေးတာကိုက၊လေးစားမိပါတယ်
ကျေးဇူးပါဆရာ
ကျေးဇူးပါ ဆရာ
ကျေးဇူးတင်ပါတယ်
thank sir
အရမ်းကောင်းတယ်ဆရာအခုမှစပြီးလေ့လာနေတာတောင်တော်တော်လေးနားလည်သွားတယ်ဆရာကျေးဇူးပါဆရာ
စကားလုံးတိုင်း အနှစ်တွေကြီးပဲ ဆရာ
သင်တန်းလာတက်ဖို့က အဆင်မပြေလို့ပါ online က တက်လို့ရရင်တက်ချင်ပါတယ် ခုမှစလေ့လာနေတာပါ online ကတက်လို့အဆင်ပြေပါမလားဆရာ
ကျေးဇူးပါဆရာ
ကျေးဇူးပါဆရာ
ကျေးဇူးပါ ဆရာ
networtပိုင်းမှာအရင်ကထက်ပိုပီးနားလည်လာတယ်ဆရာကျေးဇူးပါဗျာ
ကျနော်ဆိုတနေ့ကို၃၄ခါကြည့်တယ်ဗျာ့