လောက်ကိုင်-တရုတ် နယ်စပ်ခြံစည်းရိုးနား စစ်ရှောင်သူတွေကို တရုတ်က မျက်ရည်ယိုဗုံးနဲ့ နှင်ထုတ်

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • 🟢လောက်ကိုင်-တရုတ် နယ်စပ်ခြံစည်းရိုးနား စစ်ရှောင်သူတွေကို တရုတ်က မျက်ရည်ယိုဗုံးနဲ့ နှင်ထုတ်
    နိုဝင်ဘာ ၂၅ရက်၊ လောက်ကိုင်
    လောက်ကိုင်-တရုတ်နယ်စပ်ခြံစည်းရိုး ( ၁၂၇)နားမှာ စစ်ရှောင်နေသူတွေကို တရုတ်ဘက်က မျက်ရည်ယိုဗုံးအသုံးပြုပြီး နှင်ထုတ်ခဲ့တယ်လို့ စစ်ရှောင်တွေက ရွှေဖီမြေကို ပြောပါတယ်။
    အဲဒီမျက်ရည်ယိုဗုံးကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အသက်ရူကြပ်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
    “အဓိက အဲခြံစည်းရိုးနားလာသူတွေက တရုတ်တွေများတယ်။ ကျွန်တော်တို့နဲ့ သိပ်မဝေးဘူး။ သူတို့ ခြံစည်းရိုးကျော်ပြီး တရုတ်ဘက်ရောက်သွားတဲ့လူတွေရှိတယ်။ တရုတ်က ဖမ်းတယ်။ ပြီးတော့ အဲခြံစည်းရိုးနားလာခိုသူတွေကို ပါးစပ်နဲ့ပြောတယ်။ အငြင်းအခုံဖြစ်တော့ မျက်ရည်ယိုဗုံးနဲ့ပစ်လိုက်တာ”လို့ ဆိုပါတယ်။
    လောက်ကိုင်အထွက် တုံချိန်အနီးရှိ စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ်နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် အများစုဟာ လုံခြုံတယ်လို့ ယူဆရတဲ့ အဲဒီခြံစည်းရိုးနားမှာ သွားခိုကြတာဖြစ်ပါတယ်။
    “မနက်ဖြန် အလံဖြူထောင်ထားတဲ့နေရာတွေကို တရုတ်က ပေးမနေတော့ဘူး။ နေရာရွှေ့ရမယ်တဲ့။ ဒီနေ့ဖြစ်သွားတဲ့ကိစ္စနဲ့ဆိုင်မယ်”လို့ ၁၂၅စစ်ရှောင်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
    နေရပ်ပြန်မရတာကြောင့် သောင်းနဲ့ချီတဲ့ လူထုတွေဟာ လောက်ကိုင်ထဲပိတ်မိနေကြပြီး အစားအသောက်
    ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
    မနက်ဖြန် နိုဝင်ဘာ ၂၆ရက်နေ့မှာ တုံချိန်ရှိ ဒေသခံတွေဟာ ရရာနည်းလမ်းတွေနဲ့ နေရပ်ပြန်ကြမှာဖြစ်တယ်လို့ နေရပ်ပြန်မယ့် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
    လောက်ကိုင်မှာ လက်နက်ကြီးကျလို့ အရပ်သား ၂၄ဦး ထက်မနည်းသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
    ဗီဒီယို - Local
    Source - Shwe Phee Myay News Agency

ความคิดเห็น •