Midnight Thein,Mandalay Myanmar သန်း​ခေါင်ယံသိမ်

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • "သန်း​ခေါင်ယံသိမ် ​(ခေါ် )သာရမဉ္ဇူသိမ်"
    အမတ​ယောက်က ပြည်​မင်းသားကျောင်းတိုက်ကို ဆွမ်းချိုင့်ပို့တာ လိုက်သွားရင်းနဲ့ ဆရာ​တော်ထံခွင့်ပန်ပြီးသန်း​ခေါင်ယံသိမ်ဆီ ​ရောက်ခဲ့ပါတယ်။
    ဗုဒ္ဓသာသနာ ပြန့်ပွား​​ရေးအတွက် ရှင်အရဟံ ဦး​ဆောင်သမုတ်ခဲ့တဲ့ ​သိမ်​တွေထဲက နေထွက်သိမ်၊မွန်းတည်သိမ်၊​နေဝင်သိမ်၊သန်း​​ခေါင်ယံသိမ် ​​လေးသိမ်က ထူးခြားတဲ့သိမ်​တွေပါ။
    ပုဂံ​ခေါတ်က ရှင်အရဟံ မ​ထေရ်ကိုယ်တိုင် သိမ်သမုတ်ခဲ့တဲ့သန်း​ခေါင်ယံသိမ်ကို ၁၈၅၆ ခုနစ်မှာ မင်းတုန်းမင်းနဲ့​မြောက်နန်းမိဖုရား သီရိမဟာရတနာမင်္ဂလာ​ဒေဝီ ​ခေါ် မိဖုရားခင်သဲ က ပြန်လည်ပြုပြင်တည်​ဆောက်ခဲ့ပြီး သာရမဥ္ဇူသိမ် လို့အမည်​ပေးခဲ့ပါတယ်။
    စတည်​ဆောက်တုန်းက သစ်သားသိမ် ဆို​ပေမယ့် ​ခေါတ်အဆက်ဆက် ပြုပြင်ခဲ့ကြလို့ အခု​တော့ အုတ်တိုက်သိမ်အဖြစ် ​တွေခဲ့ရပါတယ်။
    အမရပူရ​ခေါတ်​နှောင်း ရတနာပုံ​ခေါတ်ဦး မြန်မာ့ဗိသုသာဟန်​တွေ ​ပန်း​တော့လက်ရာ​တွေ နဲ့သစ်သားပန်းပုရုပ်ကြွ​တွေကို သန်း​ခေါင်ယံသိမ်မှာ ​လေ့လာ မြင်​တွေ့နိုင်မှာဖြစ်ပါတယ်။
    တည်​နေရာက​ မန္တ​လေး-ရန်ကုန်လမ်း တံခွန်တိုင်အဝိုင်းနားက ပြည်​ကျောင်းတိုက်ရဲ့အ​ရှေ့ဘက်ကပ်လျက်မှာရှိတာပါ။

ความคิดเห็น •