ငယ်ငယ်က ကိုယ့်ချစ်သူက လက်ဖက်သုတ်တောင် နနွင်းမှုန့်ထည့်သုတ်ကျွေးခဲ့တာ ဆိုတဲ့ ခင်လှိုင်
ฝัง
- เผยแพร่เมื่อ 8 ก.พ. 2025
- ၃၁.၁.၂၀၂၅
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်
“ကမ္ဘာကျော် စားဖိုမှူးတွေကို ကြည့်လိုက်။ ယောကျ်ားတွေများတယ်။ ဟုတ်တယ်မလား။ ယောက်ျားလေးတွေက ဟင်းချက်တာ စည်းကမ်း စနစ်တကျနိုင်တယ်လို့ …။ မိန်းကလေးတွေ စနစ်မကျဘူးပြောတာ မဟုတ်ဘူးနော်။ ငယ်ငယ်လေးထဲက အမေတို့ ကူလုပ်ပေးရင်နဲ့ လုပ်တတ်တာပေါ့နော်။ အမေက ဗမာမုန့်မျိုးစုံရောင်းတယ်လေ။ အမေ့ကို မုန့်မျိုးစုံလုပ်ပေးရင်းနဲ့ မုန့်မျိုးစုံတော်တော်လုပ်တတ်တယ်။ မငယ်လေးက လက်ဖက်သုတ်တာတောင် နနွင်းမုန့်ထည့်သုတ်တယ်။ မသိဘူး။ ငယ်ငယ်တုန်းက ပွဲသွားကြည့်တော့ လက်ဖက်ကို ငါးဆင့်ချိုင့်နဲ့ ထည့်လာတာ။ ကို လက်ဖက်သုတ်လာတယ်ဆိုတော့ ဟာ.. ကိုယ့်ချစ်သူက လက်ဖက်သုတ်လာတယ်ဆိုတော့ ပျော်တာပေါ့။ ဘီယာလေးသောက်လိုက် လက်ဖက်ကလေးစားလိုက်နဲ့ပေါ့။ မင်းလက်ဖက်သုတ်က နနွင်းဆော်နံတယ်။ လက်ဖက်သုတ်ထဲ နနွင်းမုန့်မထည့်ရဘူးလားဆိုတော့ ကဲ ပြီးရော။ အဲနောက်ပိုင်း မချက်ခိုင်းတော့ဘူး။ သူက တစ်ကွက်ပြလိုက်တာ တစ်ခါတည်း တစ်ဘဝလုံးဘာမှမလုပ်ရတော့ဘူး” ခင်လှိုင်
#ခင်လှိုင် #KinHlaing #MyanmarActor
#MyanmarActorSupporting
#MyanmarCele #ရှယ်ယောက္ခမများရုပ်ရှင်