ရှစ်လေးလုံးအရေးတော်ပုံမှသည် နွေဦးတော်လှန်ရေးဆီသို့ (တရားလွှတ်တော်ရှေ့နေကြီးဦးဟန်ရှင်ဝင်း)

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၆) နှစ်မြောက် အစီအစဉ် (တရားလွှတ်တော်ရှေ့နေကြီးဦးဟန်ရှင်ဝင်း)
    ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၆) နှစ်မြောက် ပြည့်လာတဲ့အချိန်မှာ အဲ့ဒီထဲမှာထဲထဲဝင်ဝင် ပါဝင်ခဲ့ကြတဲ့ သူတွေရဲ့အတွေ့အကြုံတွေကို မျိုးဆက်သစ်တွေကို ပြန်လည်ဆန်းသစ် မျှဝေပေးဖို့နဲ့ လက်ရှိနွေဦးတော်လှန်ရေးကို ဘယ်လိုသတင်းစကားတွေ ပြောချင်သလဲဆိုတာကို ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြတဲ့ တရားလွှတ်တော်ရှေ့နေကြီးနှစ်ဦး ဖြစ်တဲ့ ဦးကြီးမြင့်၊ ဦးဟန်ရှင်ဝင်းတို့အပြင် ၈၈ မှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဇော်မင်း (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရေစီရေးလှုပ်ရှားမှုအစည်းအရုံး-မကဒ) ၊ ဦးမြအေး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ တက္ကသိုလ်ဘွဲ့ရနှင့်ကျောင်းသားဟောင်းများအဖွဲ့)တို့နဲ့ ရှစ်လေးလုံးအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွဲခံရမှုအပြီး လက်နက်ကိုင်တော်လှန်ရေးမှတပါး စစ်အုပ်စုကို ဖြုတ်ချနိုင်မဲ့ လမ်းစဉ်မရှိလို့ ယုံကြည်ပြီး တောခိုခဲ့တဲ့ ABSDF ဥက္ကဋ္ဌဟောင်းဦးထွန်းအောင်ကျော်တို့က သူတို့အမြင် သူတို့အတွေး သူတို့အတွေ့အကြုံတွေကို တဦးချင်း ဖြေကြားထားခဲ့တာကို ခေတ်မျက်လုံးက တင်ပြပေးသွားမှာဖြစ်ပါတယ်။
    ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
    ___________________
    ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ်
    မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era's Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။
    Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

ความคิดเห็น • 3

  • @user-be6ns6fu3n
    @user-be6ns6fu3n หลายเดือนก่อน +1

    မဂ်လာပါခေတ်မျက်လုံးရေမျှဝေတာကျေးဇူးပါနော်👏👏👏⭐🤘💕💞ဆရာကြီးဦးဟန်ရှင်ဝင်းရေမျှဝေတာကျေးဇူးအထူးတင်ပါတယ်👍⭐🤘ဆရာကြီးကျန်မာပြိအသက်ရှည်ပါစေ🙏🙏🙏မပြိးဆုံးသေသော၈၈၈၈လူထုလွတ်မြောက်ဖို့ဒီု့အတူရုန်း💯⭐🤘တရားတဲ့သူသာနိုင်ကြေးဟေ့💯💯♥♥🇨🇳🇨🇳🇨🇳

  • @OoHtun-pn9df
    @OoHtun-pn9df หลายเดือนก่อน

    တွေတွေထူးထူးပြေားမနေကြပါနှင့်ဥ(၂၅)လုံးကို၁၅လုံးဖြုတ်ရောင်းခိုင်လိုက်ရင်ရှင့်လဲရှောက်သာပြည်သူလဲအသက်ရှူပေါက်ရပေါ့၈၈၈၈လေးကျောင်းသားတွေကြိုးစားကြည်ပါလား

  • @kispywillo6749
    @kispywillo6749 หลายเดือนก่อน +1

    စစ်တပ်က ပြည်သူကိုပစ်သတ်ခဲ့တာတွေ ပြန်ပေးဆပ်ရမယ်