The most beautiful camping site near Mandalay,Myanmar

แชร์
ฝัง
  • เผยแพร่เมื่อ 26 ส.ค. 2024
  • မန္တ​လေးနားကcamping လုပ်ဖို့ အလှဆုံး၊အ​ကောင်းဆုံး​
    ဒုဌဝတီ မြစ်ထဲက ​​ရွှေမန်ကျည်းရိပ် ရေလယ်ကျွန်း🏕
    🏕Private ဆန်ဆန် Chill လို့​ကောင်းတဲ့ ​နေရာ​လေး
    🏕ရေလယ်ကျွန်းလမ်းညွှန်💦
    မန္တ​လေးမှပြင်ဦးလွင်လမ်းအတိုင်း​အုန်း​ချော​ရောက်ရင်ညာဘက်ရွှေစာရံ​​ဂေါက်ကွင်းဘက်ကိုချိုး
    ဂေါက်ကွင်းနဲ့​​ရွှေစာရံဘုရားလမ်းဆုံ​ရောက်ရင်တည့်တည့်ပဲဆက်လာပါဘုရားဘက်ကိုမချိုးနဲ့
    Steel စက်ရုံ​တွေ​ကျော်လာရင်လမ်းဘယ်ဘက်မှာfamily ကမ်း​ခြေသို့ဆိုင်းဘုတ်​တွေ့ရင်ဘယ်ချိုး》​
    Familyဆိုင်းဘုတ်ထပ်​တွေ့ရင်ဘယ်ဘက်ကိုလိုက်ခဲ့
    ရွာသာယာရွာ ကျော်ရင်​ရွှေမန်ကျည်းရိပ်သဘာဝ​ရေလယ်ကျွန်းသို့ဆိုင်းဘုတ်​တွေ့ရင်ဘယ်ဘက်ကိုချိုးပါ
    လမ်းပြအိမ်ကို​ရောက်ပါမယ်။
    လမ်းပြအိမ်မှာ ကားဆိုင်ကယ်​တွေထားခဲ့ပြီးစက်​လှေနဲ့၅မိနစ်​လောက်ဆက်သွားရင်​ရေလယ်ကျွန်းကို​ရောက်ပါပြီ။
    စက်​လှေခ အသွားအပြန် တ​ယောက် ၂၀၀၀ ပါ
    ​ရေက ကြည်​အေးပြီး ​​အောက်မှာ ​ကျောက်စလစ်​တွေနဲ့
    ​ရေ​ဆော့​ရေချိုးကြနဲ့ ဗိုက်ဆာလာရင် ကမ်း​ပေါ်တက်ထမင်းစားကြ​ပေါ့
    ထမင်းဟင်း ကိုယ်တိုင်ထင်းမီးဖိုပြီးချက်စားလို့ရတယ်။
    ထင်းက​တော့ လမ်းပြဆီမှာ လိုသ​လောက်ဝယ်လို့ရပါတယ်။
    ကျမတို့အဖွဲ့က​တော့ ထမင်းပဲ ချက်ခိုင်းပြီး ကြက် ဘူးသီးသပြွန်းနဲ့ လက်ဖက်သုပ်ကို ကိုယ့်အစီအစဥ်နဲ့ကိုယ်ပဲ လုပ်ကြတယ်။
    ညဘက်​ရောက်ရင် မီးဖို​ဘေး ဂစ်တာတီး ဝိုင်းဖွဲ့သီချင်းဆို ကြ​၊ ကြယ်​တွေ​အတူကြည့်ကြတယ်။
    ကျွန်း​ပေါ်မှာ Facilities ဆိုလို့ ​ရေ​လောင်းအိမ်သာတလုံးပဲရှိပါတယ်။
    အိပ်စရာTent ​တွေ ​အခင်း​တွေ Sleeping bag ​​တွေ ကိုယ်အစီအစဥ်နဲ့ကိုယ် ယူလာရမှာပါ။
    ကျွန်း​ပေါ်မှာ တညတာတည်းခိုခ ပေးရပါတယ်။ လူအ​ရေအတွက်နဲ့ ကြည့်ယူပါတယ်။
    ဒီကျွန်း​လေးကို ကြိုက်မိတာက ကိုယ်ပိုင်ကျွန်း​လေး​ပေါ်​ရောက်​နေရသလို ကိုယ့်အဖွဲ့​လေးနဲ့ကိုယ် private ဆန်ဆန် ​လေး ​Chill လို့ရတာပါပဲ။
    ​ဘေးပတ်ဝန်းကျင်ကိုလည်း အားနာမလို​တော့ အ​တော်​လေး အဆင်​ပြေ​သောပါ။
    Luxury Facilities ​တွေရှိမှ okမယ်ဆိုတဲ့ လူမျိုးဆိုရင်​တော့ အဆင်​မ​ပြေဘူး​ပေါ့
    သဘာဝ တသားတည်း ထိ​တွေ့ခံစားလိုသူ​တွေအတွက်​ Camping ဝါသနာရှင်​တွေအတွက်​တော့ အကြိုက်ဆုံး​နေရာ​လေး ဖြစ်မှာပါ။
    အကုန်အကျလည်း အရမ်းကို သက်သာပါတယ်။
    လူများ​လေ ပိုသက်သာ​လေပါပဲ။
    သွားချင်ရင်
    လမ်းပြဦးဝင်း ph 09258808704 ကိုဆက်သွယ်နိုင်ပါတယ်။
    #မြလိပ်​တောင်​ခြေ
    #​ရွှေမန်းကျည်းရိပ်​ရေလယ်ကျွန်း
    #camping
    #adventureholidaysbynway

ความคิดเห็น • 4

  • @BikepackingMyanmar
    @BikepackingMyanmar 8 หลายเดือนก่อน

    လမ်းညွှန်လေးတွေထည့်ပြောပေးတာ အရမ်းအဆင်ပြေပါတယ်။ ဒီနေရာကိုလည်း bucket list ထဲ ထည့်လိုက်ပြီ 😊

    • @adventureholidays9643
      @adventureholidays9643  7 หลายเดือนก่อน

      ခွန်အားဖြစ်​စေတဲ့ comment ​လေး​တွေ အမြဲ​ရေး​ပေးလို့​ကျေးဇူးအများကြီးတင်ပါတယ်🥰

  • @saithway969
    @saithway969 8 หลายเดือนก่อน

    အစ အဆုံး ကိုယ်တိုင် စီစဥ◌်ရတာလား သူတို့ package လုပ်ပေးလားခင်ဗျာ

    • @adventureholidays9643
      @adventureholidays9643  8 หลายเดือนก่อน

      ကျမတို့က​တော့ ​​မြလိပ်​တောင်​ခြေက ဒေသခံ ဦးဝင်း09258808704နဲ့ချိတ်ဆက် လူစုပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် သွားကြတာပါ။ခု​နောက်ပိုင်း
      Tent နဲ့ အစားအ​သောက်အတွက်ပါPackage နဲ့ပို့တဲ့သူတွေရှိ​နေပြီ ချိတ်ဆက်ကြည့်ပါ။