နေပြည်တော်က နဂါးရုံဘုရားတထောင်ဉယျာဉ်တော်

แชร์
ฝัง
  • เผยแพร่เมื่อ 25 ม.ค. 2023
  • နေပြည်တော် လယ်ဝေးမြို့နယ်၊ သာဝတ္ထိတိုက်နယ်ရှိ နဂါးရုံဘုရားတစ်ထောင်ဉယျာဉ်တော်တွင် အလှူရှင်များ၏ ထပ်မံလှူဒါန်းမှုများကြောင့် တစ်နှစ်ကျော်အတွင်း ဘုရားပေါင်း ၁၅၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
    နဂါးရုံဆရာတော်က လွန်ခဲ့သည့် တနှစ်ကျော်က ပင်မဘုရားကို စတင်တည်ထားကိုးကွယ်ခဲ့ပြီးနောက်ပိုင်း ဒါယိကာ၊ ဒါယိကာမများကလည်း နဂါးရုံဘုရားများ ထပ်မံ တည်ထားလှူဒါန်းကြသည့်အတွက် ယခုလို များပြားလာခြင်းဖြစ်ကြောင်း ဘုရားကျောင်းဝန်းအတွင်း ဝေယျာဝစ္စလုပ်ကိုင်နေသူအချို့က ပြောသည်။
    နဂါးရုံဘုရားများ စတင်တည်ထားစဉ်က ဘုရားတဆူလျှင် ကျပ် ၁၅ သိန်း စတင်သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပစ္စည်းဈေးနှုန်းမြင့်တက်လာမှုကြောင့် ၁၈ သိန်း၊ သိန်း ၂၀ မှသည် လက်ရှိ ၂၃ သိန်းအထိ ပြောင်းလဲသတ်မှတ်ခဲ့ရကြောင်း သိရသည်။
    နဂါးရုံဘုရားတထောင်ဉယျာဉ်တော်အတွင်း အသစ်တည်ထားလက်စ ဘုရားများကိုလည်းတွေ့ရပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် အပါအဝင် စစ်ဘက်ဆိုင်ရာအရာရှိများ၊ အရပ်ဘက်ဝန်ကြီးဌာနမှ အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သာမာန်ပြည်သူများ လှူဒါန်းထားသည့် နဂါးရုံဘုရား အမြောက်အများကို တွေ့မြင်နိုင်သည်။
    အလားတူ နေပြည်တော် ပျဉ်းမနားအနီး မင်းဝင်တောင် စိန္တာမုနိကျောင်းတိုက်ဟာလည်း
    ယတြာဆန်ဆန် ညာတင်ကုတ်ရုပ်တုတွေနဲ့ လူသိများထင်ရှားခဲ့ပါတယ်။
    ဒီရုပ်တုတွေကိုလှူဒါန်းခဲ့သူတွေအထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ အစိုးရအရာရှိကြီးဟောင်းတွေချည်း ဖြစ်ပါတယ်။
    စိန္တာမုနိကျောင်းတိုက်အတွင်းမှာ ညာတင်ကုတ်ရုပ်တုတွေအပြင် ရာထူး အာဏာ မင်းစည်းစိမ်နဲ့ဥစ္စဓန ပေါကြွယ်ဝစေမယ်လို့ ယူဆရတဲ့ ယတြာအစီအမံများနဲ့ဖော်ဆောင်ထားတဲ့ ပုလ္လင်နဲ့ သလွန်တို့လည်း ရှိနေခဲ့တာပါ။
    ဒီညာတင်ကုတ်ရုပ်တုတွေဟာ မြတ်စွာဘုရာရဲ့ မုဒြာ ၅၅ မျိုးမှာ မပါဝင်သလို ကြည်ညိုဖွယ်အသွင်မဆောင်တဲ့အတွက်ကြောင့် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် ဇူလိုင်လထဲမှာ ဗုဒ္ဓဆင်းတုတော်တွေနဲ့ အစားထိုးစေခဲ့ပါတယ်။

ความคิดเห็น • 8

  • @thantzin9372
    @thantzin9372 2 หลายเดือนก่อน

    LIKE GOOD

  • @davidwheels9899
    @davidwheels9899 11 หลายเดือนก่อน +4

    တစ်ခုကို သိန်း၂၀ဘဲထား အခု၁၀၀၀ဆိုတော့ သိန်း၂သောင်း
    😢
    ငါတို့မှာဆေးကုသဆောင်တွေ စက်တွေ စာသင်ကျောင်းတွေ
    လမ်းတွေ လျှပ်စစ်မီးတိုင်တွေ
    အများကြီးလိုအပ်နေသေးတာ
    😢
    ဒါမျိုးခေါင်းဆောင်ကိုရထားတာ ဝမ်းနည်းဖို့ကောင်းလိုပ်တာ
    ဘုန်းကြီးတွေကရော ဘာလို့ အဲ့လောက်ထိ အတ္တကြီးနေကြတာလဲဗျာ

  • @sanmyanmar9795
    @sanmyanmar9795 10 หลายเดือนก่อน +1

    နဂါရုံပလ်င်ခံ ဗုဒ်ဓရုပ်ပွားတော် တစ်ထောင်ပြည့်ပြီးမကြာ ရေကြီးပါလိမ့်မည် နဂါးတို့အဖော်ရေမှာပျော်သည် နဂါးနိုင် ဂဠုံမင်းစေတီဘုရားပြန်တည်ထားမှသာလျှင်ကောင်းမည်ဟုယူဆမိပါသည်

  • @Uhtoothein2852
    @Uhtoothein2852 10 หลายเดือนก่อน +4

    အဲ့နေရာမှာ သစ်ပင်စိုက်လိုက်ရင် လူတွေအရိပ်ရဦးမယ် အပင်ရှိတော့ လေကောင်းလေသန့်ရတယ် သဘာဝကိုထိန်းသိမ်းရာရောက်တယ်။

  • @dr.khinmaungswe3372
    @dr.khinmaungswe3372 ปีที่แล้ว +2

    အခုခေတ်မှာ အနောက်နိုင်ငံတွေ ဘာဘာလုပ်နေကြလဲ

  • @koaungmyat3994
    @koaungmyat3994 ปีที่แล้ว +2

    နေပြည်တော် မှာ ဘယ်သူမှ မလူုဘူး မအလ ရဲ့ခွေးကျင့် ခွေးကျန် နဲ့ရထားတဲ့ငွေတွေ

    • @shinthant4152
      @shinthant4152 ปีที่แล้ว +2

      အကုသိုလ်ကြီးလိုက်တာကိုယ်လှူရင်ကိုယ်ရလေ

  • @goldenbanana6199
    @goldenbanana6199 9 หลายเดือนก่อน

    ခွေးဇာတ်ခင်းနေကြသည်။