ရှမ်းမြောက်က စီးဝင်လာတဲ့ မြစ်တစ်စင်း (သို့မဟုတ်) မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်

แชร์
ฝัง
  • เผยแพร่เมื่อ 5 ต.ค. 2024
  • ရှမ်းမြောက်က စီးဝင်လာတဲ့ မြစ်တစ်စင်း (သို့မဟုတ်) မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်
    **********************
    ကောင်းချစ်အောင်
    ဇူလိုင် ၅၊ ၂၀၂၄။
    ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းဟာ စစ်ကောင်စီ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းတွေရှိတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ အရှိန်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း ဘက်တွေကို တိုက်စားဝင်ရောက်လာတာပါ။
    ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးတိုင်း၊ ဧရာဝတီမြစ်ထဲကို စီးဝင်လာတဲ့ ဒုဌာဝတီမြစ် (မြစ်ငယ်မြစ်) အလား ၁၀၂၇ စစ်ဆင်ရေးရဲ့ထိုးစစ်ဒုတိယလှိုင်းဂယက်ကလည်း မန္တလေးတိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းအထိ ကျယ်ပြန့်လာနေပါတယ်။

ความคิดเห็น • 80