လူနာအားပေးတရားဆေး - ဦးထွန်းသန်း (အသက် ၄၈ နှစ်)

แชร์
ฝัง
  • เผยแพร่เมื่อ 24 ส.ค. 2024
  • ဦးထွန်းသန်း ( Maryland, U.S.A) - အသက် ၄၈ နှစ်
    သဲအင်း ယောဂီအမှတ် 187
    ယောဂီသစ် တရားစခန်းဝင်ကာလ - March 2 - 13, 2018
    ဘဝတပါး ကူးပြောင်းသည့်နေ့ March 30, 2018
    သဲအင်းဂူ ယောဂီဟောင်း ကိုထွန်းသန်း (Maryland, U.S.A) သည် အသည်းကင်ဆာရောဂါ ခံစားနေစဉ်မှာပင် မင်္ဂလာဒုံ၊ ကုန်းတလပေါင် တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မ ရိပ်သာတွင် အောင်လံ ဆရာတော်ဘုရားကြီး အရှင် စန္ဒိမာ ကြီးကြပ်သော ယောဂီသစ် ၁၀ ရက် အဓိဋ္ဌာန် တရားစခန်းပွဲ ( March 2 - 13, 2018) ၌ သဒ္ဓါတရားထက်သန်စွာ ဖြင့် မဟာပလ္လင်ကျင့်စဉ် ၅နာရီ အောင်မြင်သည် အထိ လာရောက် အားထုတ်ခဲ့ပါသည်။
    ယောဂီ ကိုထွန်းသန်းသည်၊ December 18, 2017 တွင် ဗိုက်၏ ညာဘက်တခြမ်းအောင့်၍ ဆရာဝန်နှင့် ပြသရာမှ ဆေးစစ်ချက်အရ liver cancer stage 4 ဖြစ်နေကြောင်း ပထမဆုံးအကြိမ် တုန်လှုပ်စွာ သိရှိ ခဲ့ရသည်။ သို့ပါသော်လည်း Chemotherapy ကို လက်မခံခဲ့ဘဲ ထိုအချိန်မှစ၍ အစား အသောက် အထူးဆင်ခြင်ပြီး Alternative medicine အဖြစ် ဓာတ်စာများကိုသာ သောက်သုံးကာ မိမိ ကျန်ရှိနေသည့် လက်ကျန်ကာလကို အကျိုးရှိစွာ အသုံးပြုချင်နေခဲ့သည်။
    January 12, 2018 တွင် ကိုထွန်းသန်း နှင့် interview ခဲ့စဉ်က သူ့ရင်တွင်းမှ ခံစားချက်ကို အောက်ပါအတိုင်းပြောကြားခဲ့သည်။ "သေခြင်းကို တရားသဘောနဲ့ သိက္ခာရှိရှိ ရင်ဆိုင်ချင်တယ်။ ဒီလိုအခြေအနေရောက်လို့ ဆရာဝန်က ပြောတဲ့ အချိန်မှာ သူရဲဘောကြောင်ပြီး အိပ်ယာထဲလှဲနေတဲ့ အချိန်မျိုးတွေနဲ့ မနေချင်ဘူး။ ဒီကိစ္စမှာ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေ နားလည်ဖို့ ဆရာလိုတယ်လို့ ကျွန်တော်ယူဆမိတယ်။ "
    ထိုအချိန်မှ စတင်၍ တိုက်ခွဲ ၃၂ သဲအင်းဂူယောဂီ တစ်ဦး ၏ လမ်းညွှန်မှုဖြင့် မိမိခံစားလာရမည့် ဝေဒနာ နှင့် သေခြင်းဆင်းရဲမှ လွတ်မြောက်ရန်အတွက် အာမခံနှင့် တရားပြသပေးနေသည့် အောင်လံဆရာတော်ဘုရားကြီး ထံတွင် တရားအားထုတ်လိုသည့် စိတ်များဖြစ်ပေါ်ခဲ့ပြီး မတ်လ လူသစ် တရားစခန်းပွဲသို့ ဝင်ရောက်ခဲ့သည်။
    တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာမှ အောင်လံဆရာတော်ဘုရားကြီး နှင့် တရားပြ တရားထောက်များ၊ ဆရာဝန်ကြီးများ၊ ဝေယျာဝစ္စအကျိုးဆောင်များကလည်း သဒ္ဓါတရားအပြည့် နှင့် တရားအားထုတ်နေသော ယောဂီ ကိုထွန်းသန်းအား ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ခဲ့ပါသည်။
    တရားစခန်းပွဲ အပြီး March 16 တွင် အမေရိကန်သို့ ပြန်ရောက်ခဲ့ပြီးနောက် အောင်လံ သင်္ကြန်တရားစခန်း ၌လည်း တရားအားထုတ်လိုသည့် ဆန္ဒရှိခဲ့ပါသေးသည်။ နှစ်ပတ်ကျော် အကြာ March 30 ရက်နေ့တွင် ထိုယောဂီသည် (အောင်လံဆရာတော် ဘုရား ကြီး ၏ သြဝါဒ စကားများထဲမှအတိုင်း) လောက ဇာတ်ခုံမှာ သားခန်း ယောက်ျားခန်း အဖေခန်းတို့ကို သရုပ်ဆောင်ခဲ့ပြီး US မှ မြန်မာနိုင်ငံသို့ သွားမည့် လေယာဉ်ပေါ်မှာပင် ဇနီးသည်ဘေး၌ သူမအား မသိစေခဲ့ဘဲ ဝဋ္ဋ်ကြွေးများကိုဆပ်ကာ ငြိမ်းချမ်းစွာဖြင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့သည်။
    အောင်လံဆရာတော်ဘုရားကြီး ၏ တရားထူး တရားမြတ်များကို အားထုတ်ခဲ့သည့် အကျိုးများကြောင့် အသေတတ်၍ မြင့်မြတ်သော ဘုံဘဝ တခုကို ရောက်ရှိသွားပါလိမ့်မည် ဟုလည်း အကြွင်းမဲ့ ယုံကြည်မိပါသည်။ ဘဝ တပါးပြောင်းသွားချိန်တွင် ဇနီးနှင့် ၃ နှစ် အရွယ် သမီးငယ် တစ်ယောက် ကျန်ရစ်ခဲ့သည်။
    ကိုထွန်းသန်းသည် ၎င်း၏ မိတ်ဆွေ ဖြစ်သူ သဲအင်းဂူယောဂီဟောင်း တဦး ထံမှ ( တိုက်ခွဲ အမှတ် ၃၂ သဲအင်းဂူ တရားစခန်းပွဲ ) တရားအတွေ့အကြုံများကို ကြားရပြီးသည့်နောက် သဒ္ဓါတရားထက်သန်စွာဖြင့် မတ်လ ယောဂီသစ် စခန်းကို ဝင်ရောက်ဖို့ ဆန္ဒပြင်းပြခဲ့ပြီး နေမကောင်းသည့်ကြားမှ အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့ အချိန်မဆွဲဘဲ တယောက်တည်း လာရောက်အားထုတ်ခဲ့ခြင်း ဖြစ်သည်။

ความคิดเห็น • 17

  • @saimyatmoe2166
    @saimyatmoe2166 2 ปีที่แล้ว +3

    လူနာတွေအတွက်လဲ အချိန်ပေးတယ် တရားပြပေးတယ် ကျေးဇူးကြီးမြတ်လှ ပါတယ်ဘုရား သာဓု သာဓု သာဓုပါ ဘုရား

  • @dardar3912
    @dardar3912 3 ปีที่แล้ว +5

    သာဓု သာဓု သာဓု ပါဘုရား

  • @NanCho-if9rm
    @NanCho-if9rm 20 วันที่ผ่านมา

    သာဓု သာဓု သာဓုပါဘုရား

  • @winnaing5803
    @winnaing5803 2 ปีที่แล้ว +1

    သာဓုသာဓုပါဘုရား

  • @gunkinogunkino2751
    @gunkinogunkino2751 2 ปีที่แล้ว +1

    သာဓု သာဓု သာဓု ပါအရှင်ဘုရား

  • @halhane3686
    @halhane3686 5 ปีที่แล้ว +2

    ကျေးဇူး တော်ကြီးမြတ်လှ.....
    သာဓု. သာဓု. သာဓု ပါ ဘုရား..... ,

  • @stuartlittlesym1910
    @stuartlittlesym1910 2 ปีที่แล้ว +1

    သာဓုသာဓုသာဓုပါဘုရား။၂၁.၇.၂၀၂၂.

  • @winzawhein3701
    @winzawhein3701 4 ปีที่แล้ว +3

    ကျေးဇူကြီးမြတ် လှပါသည် ဘုရား ကျန်ုတော်သည် သဲအင်း ယောဂီအမှတ် ၁၂၀ (၂၀၁၉-အောက်တိုဘာလ )လူသစ်တန်းယောဂီ ဖြစ်ပါသည် ဆရာတော်ဘုရားကြီး ၏ ၄င်း Viedo File ကို စတင်နာကြားသည့်နေ့မှစပြီး ဆရာတော်ဘုရားကြီးအား (၄)လပိုင်း ၂၀၁၉ ခုနှစ်မှ စတင်သိခဲ့ပါ၏ (၀ါ တွှင်း ရုံးပိတ်ရက်တိုင်းကို လေ့ကြင့်ရေးစခန်းတွင် စတင် တရားအားထုတ်ခဲ့ပြီး (၂၀၁၉-အောက်တိုဘာလ )လူသစ်တန်းယောဂီ ၀င်ရောက်ခဲ့ပါသည် ။ သို့ပါသောကြောင့် ၄င်း၏ Viedo file သည် ကျန်ပ် အား ၀ိပသာနာ တရားများစတင် သိခဲ့ အားထုတ်ခဲ့ ရပါသောကြောင့် လွန်စွာ ကျေးဇူပါသဖြင်း သာဓု သာဓု သာဓု ပါဘုရား

  • @user-zv9he1cg8l
    @user-zv9he1cg8l 3 ปีที่แล้ว

    阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~阿彌陀佛~

  • @shakilapanthi5456
    @shakilapanthi5456 4 ปีที่แล้ว +1

    Sadhu sadhu sadhu

  • @user-xz6sw9vl6w
    @user-xz6sw9vl6w 4 หลายเดือนก่อน

    တပည်တော်မလာရောက်အားထုတ်ချင်လို့ပါဘုရား

  • @magyipu1291
    @magyipu1291 3 ปีที่แล้ว +1

    ကျေဇူးကြီလှပါတယ်ဘုရားတရားတော်လေးတွေတင်ပေးပါဘုရား

  • @minminminmin7046
    @minminminmin7046 5 ปีที่แล้ว

    အရှင်ဘုရာ လူဖြင့်ပြီးလူဘဝမှာ
    မိသားစုတွေအတွက်လူတန့်စေုနေ
    နိုင်ဖို့ငွေရှာတဲ့သူတော်ပါသေတယ်
    ဆိုတာကလူလောကမှာနေပြီ မိသာစုအတွက်ဘာသာရေးလူမှု့
    နိုင်ငံရေးအတွက်လုံးဝအကျိုမရှိသူ
    တွေကအဆို့ဆုံးပါဘုရာ

  • @htooshweyieain21
    @htooshweyieain21 3 ปีที่แล้ว +2

    သာဓု သာဓု သာဓုပါဘုရား

  • @wahlay1057
    @wahlay1057 3 ปีที่แล้ว +1

    သာဓု သာဓု သာဓု ပါဘုရား

  • @soesoenwe2830
    @soesoenwe2830 4 ปีที่แล้ว +1

    သာဓုသာဓုသာဓုပါဘုရား

  • @julywai5984
    @julywai5984 5 ปีที่แล้ว +2

    သာဓု သာဓု သာဓုပါဘုရား