ဝိုင်းမော်မြို့နယ်မှာ စစ်ရေးပြန်လည်တင်းမာလာ၊ စစ်ကောင်စီက အင်အားဖြည့်တင်း စစ်ကြောင်းထိုး

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • - ဝိုင်းမော်မြို့နယ်မှာ ဒီတပတ်အတွင်း စစ်ရေးပြန်လည်တင်းမာလာပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်း စစ်ကြောင်းထိုးကာ လမ်းတူးဖော်ဖြတ်တောက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
    - ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုများနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
    - ဗန်းမော်ခရိုင် မံစီမြို့နယ် ‌ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ ကြွက်ဘေးကြောင့် အားလုံးပျက်စီးသွားတဲ့အတွက် ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အစားအသောက်ပိုမိုခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။

ความคิดเห็น •