လေယာဉ် အမှုထမ်းတွေ ပြောပြတဲ့ MNA ဖြစ်စဉ် အတွေ့အကြုံ
ฝัง
- เผยแพร่เมื่อ 5 ต.ค. 2024
- လေယာဉ် အမှုထမ်းတွေ ပြောပြတဲ့ MNA ဖြစ်စဉ် အတွေ့အကြုံ (ရုပ်/သံ)
ဧရာဝတီ၊ မေ ၁၅၊ ၂၀၁၉
မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မှ လေယာဉ်တစီးသည် မေ ၁၂ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ တံတားဦးလေဆိပ်တွင် ရှေ့ဘီး ထုတ်မရသဖြင့် ဦးစိုက်အနေအထားဖြင့် ရှပ်တိုက် ဆင်းသက်ခဲ့ရသည်။
ခရီးသည် ၈၂ ဦး၊ လေယာဉ် အမှုထမ်း ၇ ဦး ပါဝင်သည့် အဆိုပါလေယာဉ်မှာ လေယာဉ်မှူး၏ ကျွမ်းကျင်စွာ ထိန်းကျောင်းနိုင်ခြင်းကြောင့် လေယာဉ် အမှုထမ်းများနှင့် ခရီးသည်များ ထိခိုက်မှုမရှိဘဲ မြေပြင်ကို ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လေယာဉ် အမှုထမ်းများလည်း ခရီးသည်များကဲ့သို့ပင် စိုးရိမ်မှုများရှိခဲ့ပြီး ယင်းဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အခိုက်အတန့် အခြေအနေများကို MNA လေယာဉ် အမှုထမ်းများက ရှင်းပြထားသည်။
ရိုက်ကူး - ကျန်ကျောင်း၊ ကျော်သူရ
တည်းဖြတ် - ကျန်ကျောင်း
လေယာဉ်မှူးကြီးနဲ့ လေယာဉ်မယ်တွေအသံအနည်းငယ်တုန်တယ်ဆိုတာကိုနားလည်ပါတယ် အပစ်မဆိုပါ ကိုယ်ချင်းလဲစာပါတယ် တာဝန်ကို ပြီးဆုံးအောင်လုပ်သွားနိုင်တာကိုကချီးကျူးဂုဏ်ပြုပါတယ်
Pilot ကြီးက တော်လိုက်တာ။ ခရီးသည်တွေအစား ကျေးဇူးတင်ပါတယ်။ Myanmar Pilot... proud of you!
Excellent job by the pilot and crew members, we are all proud of you! They should be recognized by the International Airlines Association. Our Myanmar air hostesses are among the prettiest in the world too.
ခိုင်ဇာလင်းပါတဲ့လေယာဉ်နဲ့ပြန်မယ်
ခိုင်ဇာလင်း 😍😍
နှာဘူးကတမျိုး
This is first and last time,All being be happy and long life.
Abul Alom
Abul Alom