ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

People's Spring | ဗိုလ်ချုပ်ရုပ်ရှင်ထဲက ဒေါ်ခင်ကြည်​ ကွယ်လွန်

แชร์
ฝัง
  • เผยแพร่เมื่อ 9 ธ.ค. 2021
  • People's Spring | ဗိုလ်ချုပ်ရုပ်ရှင်ထဲက ဒေါ်ခင်ကြည်​ ကွယ်လွန်
    -People's Spring
    -မဇာခြည်လင်းက CDM ဆရာမတစ်ဦးလည်းဖြစ်
    အောင်ဆန်း ရုပ်ရှင်မှာ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်း သွေးကင်ဆာနဲ့ ပုသိမ်ဆေးရုံမှာ ဒီက​နေ့ကွယ်လွန်သွားခဲ့ပါတယ်။
    "ဆေးရုံက ရန်ကုန်ကိုလာလာတတ်တာ။ တစ်လတစ်ခါချိန်းတယ်။ အခု ရန်ကုန်ကပြန်သွားတာ ၁၀ ရက်လောက်ပဲရှိသေးတယ်။ သူကအစာမဝင်တော့ အားနည်းပြီးဖြစ်သွားတာ" လို့ မဇာခြည်လင်းရဲ့ ဦးလေးကပြောပါတယ်။
    မဇာခြည်လင်းဟာ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အာဏာသိမ်းတဲ့ အချိန်ကတည်းက CDM လှုပ်ရှားမှု​တွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။
    ကွယ်လွန်ချိန်မှာ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှာ နာရေးအစီအစဥ်ပြုလုပ်မယ်လို့ ဦးလေးဖြစ်သူက ​ပြောပါတယ်။
    မဇာခြည်လင်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးမယ့်အချိန်ကတည်းက ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။
    မဇာခြည်လင်းဟာ သူ့မိခင်နဲ့ မျက်လုံး၊ မျက်ခုံးဆင်ကြောင်း
    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မှတ်ချက်ပေးခဲ့တယ်လို့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးခြင်း မိတ်ဆက်ပွဲ အခမ်းအနားမှာ မဇာခြည်လင်းကမီဒီယာ​တွေကိုဖြေကြားခဲ့ပါ​သေးတယ်။
    နားလိုက်ရိုက်လိုက်နဲ့ ဗိုလ်ချုပိရုပ်ရှင်က ​နောက်ဆုံးမှာ ဒါရိုက်တာလူမင်းက အစဆုံး ရိုက်ကူးခဲ့တာဖြစ်ပြီး အားလုံးနီးပါပြီးစီး​နေပြီလို့ ဒါရိုက်တာလူမင်းက​ပြောထားပါတယ်။
    ဒါ​ပေမယ့် အခု​တော့ ဦး​ဆောင်ရိုက်ကူး​မေတဲ့ဒါရိုက်တာလူမင်းက အာဥာရှင်ဆန့်ကျင်မှုနဲ့ အင်းစိန်အကျဥ်း​ထောင်ထဲ​ရောက်ရှိ​​နေတာဖြစ်ပါတယ်။
    #​ဒေါ်ခင်ကြည် #အောင်ဆန်းရုပ်ရှင် #လူမင်း #​ဒေါ်​အောင်ဆန်းစုကြည်
    #လူထုနွေဦး
    #LuduNwayOo
    #People'sSpring
    #PS
    www.ludunwayoo...
    / ludunwayoo
    / ludunwayoo

ความคิดเห็น • 1