အိမ်မှာလွယ်လွယ်ကူကူလုပ်စားနိုင်မယ့် မာလာရှမ်းကောချက်နည်း - Recipe Corner Episode (22)

แชร์
ฝัง
  • เผยแพร่เมื่อ 1 ต.ค. 2024
  • အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့ RecipeTube ကနေလူတိုင်းကြိုက်နှစ်သက်ကြတဲ့ မာလာရှမ်းကောကို အိမ်မှာလွယ်လွယ်ကူကူနဲ့ ဘယ်လိုမျိုးချက်ပြုတ်နိုင်သလဲဆိုတာကို ပြသပေးသွားမှာပဲဖြစ်ပါတယ်။ အခုဆိုရင်အပြင်ထွက်စားဖို့ကလည်းသိပ်မလွယ်ကူတာမလို့ အိမ်မှာပဲမိမိတို့ကြိုက်နှစ်သက်တဲ့အရာတွေနဲ့ ဒီချက်နည်းလေးအတိုင်း မာလာရှမ်းကောလေးလုပ်စားနိုင်ပါတယ်။ ကြည့်ရှုပေးကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
    ပါဝင်ပစ္စည်းများ
    မာလာအနှစ် - (၂) ထုပ်
    ဝက်သားပြား - (၁) ထုပ်
    ကြက်ဥချောင်း - (၁) ထုပ်
    ကြက်သားပြား - (၁) ထုပ်
    ကြက်သားလုံး - (၁) ထုပ်
    ခေါက်ဆွဲခြောက် - (၂-၃) ခု
    အပ်မှို - (၁) ထုပ်
    ကန်ဇွန်းရွက် - အနည်းငယ်
    ပြောင်းဖူးအသေး - (၁၀) ချောင်း
    အာလူး - (၁-၂) လုံး
    ကြက်သွန်နီ - (၁) လုံးခွဲ
    ကြက်သွန်ဖြူ - (၄) မွှာ
    ဆား - အနည်းငယ်
    ချက်ပြုတ်နည်း
    ၁) ပထမဦးဆုံးအနေနဲ့ ကြက်သားလုံး၊ ကြက်ဥချောင်းများနှင့် ကြက်သားပြားများကို ရေနွေးပွက်ပွက်ဆူထဲတွင် (၃) မိနစ်ခန့်ပြုတ်ပါ။
    ၂) အာလူးကိုခပ်ပါးပါးလှီးပြီး ပြောင်းဖူးအသေးကိုနှစ်ပိုင်းပိုင်းပါ။ ပြီးလျှင်ရေနွေးပွက်ပွက်ဆူထဲကို ဆားအနည်းငယ်ထည့်ပြီး (၅-၇) မိနစ်ခန့်ပြုတ်ပါ။ ကန်ဇွန်းရွက်နှင့် အပ်မှိုတို့ကိုလည်း (၂) မိနစ်ပြုတ်ပါ။
    ၃) ခေါက်ဆွဲခြောက်များကို အနည်းငယ်နူးသွားတဲ့အထိပြုတ်ပြီးစစ်ထားပါ။
    ၄) ဒယ်အိုးတစ်ခုထဲတွင်ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုဆီသတ်ပါ။ ပြီးလျှင်မာလာအနှစ်ထည့်ပြီး ဝက်သားပြားနှင့် ပြုတ်ထားသောအသားလုံး၊ အသားပြားတို့ကိုထည့်ပြီးလှိမ့်ပါ။ နှံ့လျှင်ပြုတ်ထားသောအရွက်များထည့်ပါ။ နောက်ဆုံးအနေနဲ့ ခေါက်ဆွဲများထည့်ပြီးမာလာအနှစ်ဖြင့် သမအောင်ရောမွှေပြီးလျှင် ဒယ်အိုးထဲကချကာစားသုံးနိုင်ပါပြီ။

ความคิดเห็น • 16

  • @ArrgyiArrgyi-kk9cl
    @ArrgyiArrgyi-kk9cl 6 หลายเดือนก่อน +2

    ဒါမျိုးမှကောင်းတယ်videoကမြန်လည်းမြနိ ရှင်းလည်းရှင်း🎉

  • @christianandmuslim9647
    @christianandmuslim9647 3 ปีที่แล้ว +6

    အခုလိုမျိုးတိုတိုရှင်းရှင်း‌သင်ပြပေးလို့
    ကျေးဇူးအများကြီးတင်ပါတယ်၊ အမြဲတမ်းအားပေးနေပါတယ်။

  • @STmobileservice-h7u
    @STmobileservice-h7u วันที่ผ่านมา

    ရှင်းကြနေတာဘဲ thank u bado

  • @ArrgyiArrgyi-kk9cl
    @ArrgyiArrgyi-kk9cl 6 หลายเดือนก่อน +1

    ဒါမျိုးမှကောင်းတာမြန်တယ်ရှင်းတယ်🎉

  • @HlaKyiHtay-m5k
    @HlaKyiHtay-m5k 5 หลายเดือนก่อน

    သိခွင့်ရလို့ကျေးဇူးပါ🎉🎉🎉🎉🎉🎉🎉

  • @aungphyopyae5038
    @aungphyopyae5038 ปีที่แล้ว

    မာလာအနှစ်ကဘာဖြစ်ဖြစ်ရတယ်မလားအကို

  • @zawminhtin1031
    @zawminhtin1031 หลายเดือนก่อน

    ❤❤❤

  • @Ggkkjddujejsjskkdsjss75542
    @Ggkkjddujejsjskkdsjss75542 3 ปีที่แล้ว

    what the fuck of speaker's voice

  • @khinelay688
    @khinelay688 3 ปีที่แล้ว

    မာလာ အနှစ်ထုတ် ဘယ်ကဝယ်ရမလဲ

    • @RecipeTube
      @RecipeTube  3 ปีที่แล้ว +2

      City Mart, Market Place, Ocean စတဲ့စတိုးဆိုင်တွေမှာဝယ်လို့ရပါတယ်။ Online ကမှာမယ်ဆိုရင်တော့ www.citymall.com.mm မှာလည်းတွေ့ဖူးတယ်ခင်ဗျ။

  • @moehtetwai9436
    @moehtetwai9436 3 ปีที่แล้ว

    မကြိက်ဘူး

  • @ernawatiti6465
    @ernawatiti6465 3 ปีที่แล้ว +1

    Translate in English pls

    • @dinorosie7489
      @dinorosie7489 3 ปีที่แล้ว

      th-cam.com/video/OXnKrStWdfc/w-d-xo.html

  • @paulluhan
    @paulluhan 4 ปีที่แล้ว

    The speaker is not fluent and he stumbled upon words